3.0 မှာ ဆက်လန်းမယ့် WordPress

ဟိုတစ်နေ့က WordPress 3.0 Beta ကို စမ်းဖြစ်ပါတယ်။ WordPress အနေနဲ့ 2.x.x Series နဲ့ ခရီးဆက်လာတာ 3.0 ကို ခြေလှမ်းပြင်ပြီ ဆိုတော့ တစ်ခုခုတော့ ထူးခြားပြီဆိုတာ သေချာပါတယ်။ WordPress ဆိုတာကလည်း Smashing Magazine, Tutplus.com တို့လိုမျိုးတွေ အားလုံး ကလည်း WordPress ကိုပဲ အဓိကထား သုံးကြတော့ ဘာတွေထူးခြားလဲ ဆိုတာ လူတိုင်း သိချင်နေခဲ့ပါတယ်။ တကယ်တော့ WordPress 3.0 ကို မေလ (၁)ရက်နေ့ကတည်းက ထုတ်ဖို့ရှိပေမယ့် ခုထက်ထိ Beta မှာပဲ ထားထား သေးတယ်ဆိုတာ စိတ်မချရတဲ့ အပိုင်းလေးတွေ ရှိနေသေးလို့ပါ။ မေလ နောက်ဆုံးပတ်၊ ဇွန်လ ပထမပတ်လောက်မှာ သေချာပေါက် ထွက်တော့မယ့် အနေအထားမှာ ရှိပါတယ်။ ဒီတော့ Template Designer တွေ အနေနဲ့ ရော WordPress Developer တွေရော အပြောင်းအလဲ တွေအတွက် ပြင်ဆင်ကြရတော့ မှာ ဖြစ်ပါတယ်။ ဒါပေမယ့် 2.9.x ကိုလည်း ရှေ့ဆက်သုံးကြ ဦးမယ့် သဘောမှာ ရှိပါတယ်။

WordPress 3.0 ကို စမ်းကြည့်ချင်တယ် ဆိုရင်တော့ WordPress 3.0 Download မှာ သွားယူနိုင်ပါတယ်။ ဒီလိုနဲ့ Localhost မှာ စမ်းကြည့်တော့ ပထမဆုံး ထူးခြားမှုကို သတိထား မိခဲ့ပါတယ်။ အရင်ကတော့ Default User Name : admin ဆိုတာရယ် Auto-generated Password ရယ် ပေးပေမယ့် အခု ဒီအခါမှာတော့ User Name ကော Password တွေရော တစ်ခါတည်း တောင်းတာ တွေ့ရပါတယ်။ Default User Name ကို admin လို့ ပေးပြီး Auto Generated Password လုပ်တာကို သဘောမကျ ဖြစ်နေတာ ဒီတစ်ခါတော့ အဲဒီ ဝဋ်ကျွတ်ပြီ ဆိုပါတော့။

ဒါက Installation Stage မှာ ထူးခြားတဲ့ ပုံစံပါ။ နောက် တစ်ခုထူးခြားတာကတော့ Default Template ပါ။ အရင်ပုံစံ ဘယ်သူမှ မသုံးကြတဲ့ ပုံစံမျိုး မဟုတ်တော့ပဲ။ သူ့အတိုင်း သုံးရင်တောင် အဆင်ပြေတဲ့ Template အသစ်တစ်ခု ဖြစ်လာပါတယ်။ Banner အတွက်လည်း နေရာပါသလို Post အတွက်လည်း ရှင်းရှင်းလင်းလင်း ရှိပါတယ်။

ဒါကတော့ အပြင်ပန်း ပြောင်းလဲမှုပါ။ အတွင်းပိုင်း Admin Panel ပိုင်းမှာလည်း ပြောင်းလဲ မှုတွေ ရှိပါသေးတယ်။ ပထမဦးဆုံးနဲ့ ကျွန်တော့် အကြိုက်ဆုံး ပြောင်းလဲမှုကတော့ Menu System ပါလာတာပါပဲ။ အရင်ကဆိုရင် Plugin နဲ့ တွဲသုံးဖို့ လိုပါတယ်။ ခုတော့ မလိုတော့ပါဘူး။ လွယ်လွယ် ကူကူနဲ့ ဆောက်လို့ရလာပါတယ်။ အရင်က Joomla လို CMS တွေကို မယှဉ်နိုင်ခဲ့တဲ့ Menu System ကို အများကြီး အဆင့်မြှင့်တင် ပေးထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ Template Developer တွေ အနေနဲ့ Menu ကို တည်ဆောက်တဲ့ နေရာမှာ ပြောင်းလဲဖို့ လိုလာပြီ ဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတဲ့ Feature တစ်ခုကတော့ Header တွေ ချိန်းလို့ရတာပါ။သူ့နဂို ပါလာပြီးသား Header တွေကို သုံးချင်ရင်လည်း ဖြစ်သလို ကိုယ်ပိုင် Header ကိုလည်း ချိန်းလို့ရပါတယ်။ ဒါလည်း အမှတ်ပေးစရာကောင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် 2.9.x အတွက် Template တွေ တင်ပြီး စမ်းတဲ့အခါမှာတော့ Header Feature အလုပ်မလုပ်တော့တာ တွေ့ရပါတယ်။

Header ကို ချိန်းနိုင်သလိုပဲ Background ကိုလည်း ပြောင်းလဲလို့ ရလာပါတယ်။

တစ်ခြား Coding ပိုင်းတွေမှာလည်း အများကြီး အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။ ခုရေးလိုက်တာက User Level ဆိုတော့ ဒီလောက်ပါပဲ။ Theme developer level အတွက်တော့ ဘယ်လို Function တွေ ပိုလာသလဲ။ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတာကိုတော့ ထွက်မှပဲ လေ့လာကြည့်ရအောင်။

ရွှင်လန်းချမ်းမြေ့ပါစေ ….

Facebook comments:

7 Responses

  1. ဝေယံ says:

    ကျွန်တော်တော့ ဒေါင်းလုပ်ဆွဲပြီး upgrade လုပ်ကြည့်လိုက်တယ်။
    ကြိုက်တယ်ဗျ။
    ဟက်ဒါတွေထည့်ရတာပိုအဆင်ပြေသွားတယ်။
    ဘက်ဂရောင်းထည့်ဖို့ရောပေါ့။
    ပိုကောင်းလာမယ်ဆိုတာ တော့ ဘယ်သူမှငြင်းနိုင်မယ်မထင်ဘူး။
    အဲ တစ်ခုပဲ
    menu ကိုတော့မသုံးတတ်သေးဘူး။
    :(

    • Thiha says:

      Menu ကိုထည့်တဲ့နေရာမှာ နည်းနည်း ရှုပ်ထွေးနေပါသေးတယ်။ Widgets တွေထည့်သလို Drag & Drop ထည့်နိုင်ရင် ကောင်းမယ်

  2. Talkii says:

    Admin panel User Experience ပိုင်းကို သေချာပြင်ထားတယ်လို့ ဖတ်ရတယ်။ official release မှပဲ စမ်းသုံးတော့မယ်ဗျာ။

    • Thiha says:

      အခုထွက်တဲ့ Version က 3.0 Beta 2 ဆိုတော့ သုံးရင်လည်း သုံးလို့ရနိုင်တဲ့ အနေအထားပဲဗျ Menu တွေကိုတော့ အရမ်းစိတ်ဝင်စားနေတယ်ဗျို့

  3. [...] 3.0 မှာ ဆက်လန်းမယ့် WordPress [...]

  4. ဒါဆိုရင် သူ့ရဲ့ WordPress Official site မှာတင်ထားတဲ့ wordpress 3.3.2 ကဘာကိုပြောတာလဲ.။ နောက်ဆုံးထွက်တာမဟုတ်ဘူးလား။ အစ်ခုအစ်ကိုတို့ပြောသွားတဲ့ 3.0 ဆိုတာက 3.3.2 ထက်မြင့်လား နိမ့်လား။ ကျွန်တော်ဇဝေဇ၀ါဖြစ်နေတယ်။ အခုကျွန်တော်သုံးထားတာက 3.3.2 ပါ။

    အခုအစ်ကိုပြောတဲ့ 3.0 ကို Upgrade လုပ်ဖို့အတွက် Administration Panel ထဲသွားကြည့်တော့ မလုပ်ခိုင်းသေးဘူး။
    ဒါဆို အခုတင်တဲ့ပို့စ် အဟောင်းလား အသစ်လားဆိုတာ ပြောပြပေးစေချင်ပါတယ်။

  5. စောရီးဗျို့… ကျွန်တော် ပို့စ်တင်တဲ့နေ့ဆွဲကို မဖတ်လိုက်ဘူး။ တောင်းပန်ပါတယ်။

Leave a comment


*