ShortCode For WP
WordPress ကို နည်းနည်းလိုက် ကလိကြည့်ရအောင် ကိုယ်ပိုင် short code ရေးပြီး text-editor ထဲမှာပါ ထည့်သုံးလို့ ရအောင် လုပ်ကြည့်ရအောင် ခက်မယ်လို ထင်ထားကြပေမယ့် လွယ်ပါတယ်။ အခု ကိုယ့်ရဲ့ blog ဒါမှမဟုတ် WebSite မှာရှိတဲ့ စကားလုံး တစ်လုံးကို Wikipedia နဲ့ ချိတ်ဆက်မှာ ဖြစ်ပါတယ်။ စိတ်ရှည်ဖို့တော့လိုလိမ့်မယ်။ ကဲစလိုက်ကြရအောင်။ သင့်ရဲ့ WordPress မှာ အသုံးပြုထားထဲ့ theme folder အောက်ကို သွားပြီ function.php ဆိုတာကို ရှာလိုက်ပါ။ ပြီးရင် code လေးနည်းနည်းလောက် ဖြည့်ဖို့ ဖွင့်လိုက်ပါ။ Dreamwaver သို့မဟုတ် NotePad++ လိုမျိုး Software တွေသုံးပြီး edit လုပ်ရင် ပိုအဆင်ပြေမှာပါ။
Edit လုပ်ဖို့ ready ဖြစ်ပြီဆိုရင်တော့ အောက်မှာပြထားတဲ့ code တွေကို copy ကူးထည့်လိုက်ပါ။
function cosdefinition($atts, $content = null) {
extract(shortcode_atts(array(
"href" => 'http://'
), $atts));
return '<a href="http://en.wikipedia.org/wiki/'.$content.'">'.$content.'</a>';
}
add_shortcode('wiki');
http://en.wikipedia.org/wiki/ က Ornagai ရဲ့ Search Link ပါ။ လိုသလို ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။ WikiPedia နဲ့ တွဲသုံးချင်ရင် WikiPedia Link နဲ့ တွဲသုံးနိုင်ပါတယ်။ add_shortecode ဆိုတဲ့ နေရာက wiki ကိုလဲ ကိုယ်လိုတဲ့ short code အဖြစ်သုံးနိုင်ပါတယ်။
အောက်မှာ ပြထားတဲ့ code ကတော့ ချိတ်ဆက်လိုတဲ့ စကားလုံးကို text-editor ထဲက Visual မှာပဲ ဖြစ်ဖြစ် html မှာပဲဖြစ်ဖြစ် [wiki][/wiki] ဆိုပြီး ရေးသားနိုင်ပါတယ်။
[wiki]Your Word[/wiki]
ဒီလိုရေးသားပေးလိုက်တာနဲ့ Html Output မှာ
<a href="http://en.wikipedia.org/wiki/your+word">Your Word</a>
ဆိုပြီး ပြပါလိမ့်မယ်။ အချိန်ကုန်သက်သာပြီး လက်ညောင်းလဲသက်သာပါတယ်။ ဒီလောက်ထိရပြီ ဆိုရင်တော့ နောက်တစ်ဆင့်တက်ပါမယ်။ အပေါ်မှာ ရေးခဲ့တဲ့ short code ကို post တွေရဲ့ စကားလုံးတိုင်းမှာ ရေးပြီး လိုက်ထည့်ဖို့ကလဲ ပျင်းဖို့ကောင်းပါတယ်။ Bold တို့ Italic တို့ လိုမျိုး text-editor ထဲမှာ ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဖြစ်အောင်လုပ်လို့ရပါတယ်။ ကဲ စလိုက်ကြရအောင်။
ခက်မယ်ထင်ပေမယ့် လွယ်ပါတယ်။ WordPress ကို 2.8 လောက်မှာ သုံးခဲ့ဖူးတဲ့ လူတွေ သတိထားမိမှာပါ။ \wp-includes\js\quicktag.js. ဆိုတာရှိပါတယ်။ 2.8 အထက်မှာတော့ ဒီ file ကို WordPress Developer တွေက compress လုပ်လိုက်လို့ edit လုပ်ဖို့ အလွန်ခက်ခဲ့သွားပါတယ်။ သို့သော်… WordPress Developer တွေက edit လုပ်ပြီးသုံးချင်တယ်ဆိုရင်တော့ quicktags.ORIG.js တစ်ခါတစ်လေ quicktags.dev.js ဆိုတဲ့ file ကို edit လုပ်ပြီးသုံးလို့ရအောင် ထည့်ပေးထားပါတယ်။ \wp-includes\js\quicktag.js ကို backup လုပ်ပြီးသိမ်းထားလိုက်ပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ် အမှားမပါနိုင်ဘူးဆိုရင်တော့ ဖြတ်လိုက်ပါ။ quicktags.ORIG.js တစ်ခါတစ်လေ quicktags.dev.js ဆိုတဲ့ file ကို quicktag.js ဆိုပြီး နာမည်ပြောင်းလိုက်ပါ။ပြီးရင် အောက်မှာပေးထားတဲ့ code ကို edButtons ဆိုတဲ့ code တွေရဲ့တဲ့ group ထဲကို copy ကူးထည့်ပြီး save လုပ်လိုက်ပါ။
edButtons[edButtons.length] =
new edButton('ed_wiki'
,'wiki'
,'[wiki]'
,'[/wiki]'
,'wiki'
);
အခုဆိုရင်တော့ လုပ်ငန်းစဉ်ပြီးဆုံးသွားပါပြီ။ Text-Editor ထဲဝင်ပြီး စမ်းကြည့်လိုက်ပါ။ ပြီးရင် သူငယ်ချင်းတွေကို ကြွားလိုက်ပါ။
Facebook comments:



သိချင်တာတစ်ခုရှိပါတယ်။
ဝေါ့ပရက်စ်မှာ ကျနော်တို့ဓါတ်ပုံတွေ စာမျက်နှာအပြောင်းအလဲတွေ ကြားထဲကအချိန်မှာ Loading Page ဆိုတာမျိုးနဲ့
% နဲ့တက်တာမျိုးပေါ့။ Loading icon ပေါ့ဗျာ။ သိရင်မျှကြပါခင်ဗျာ။
K.M
(crazydevil@crazydevil.tk)