Tutorials of .Net Framework Part(3)

Tutorials of .Net Framework Part(1)

Tutorials of .Net Framework Part(2)

Tutorials of .Net Framework Part(2) မှအဆက်

.Net Framework နှင့်မိတ်ဆက်

.Net Framework ဆိုတာနဲ့ပြေးမြင်ရမှာက Visual Studio ကိုပါ

သူ့ကိုနားလည်မှ ကျွန်တော်တို့ဆက်ရေးလို့ရမှာဖြစ်ပါတယ်

ကျွန်တော် ဒီစာအုပ်မှာ .Net Framework အတွက်ကို Console Application တွေ နဲ့ပဲ ဖော်ပြပြီးရှင်းမှာဖြစ်ပါတယ်

Console ဆိုတာ က C++ တတ်ပြီးသား သူတွေတော့ သိကြမှာပါ

Console ဆိုပြီးတော့ အထင်မသေးနဲ့နော်

ကျွန်တော် က Microsoft ကပြဌာန်းထားတဲ့အတိုင်းလေ့လာပေးသွားမှာပါ

တစ်ချို ့တွေက Console ဆိုရင်တော်တော် အထင်သေးကြပါတယ်

Console ကဘာလုပ်ရမှာလဲဆိုပြီးတော့ပြောကြပါတယ်

Console ကိုသာအမှန်တကယ် ပိုင်နိုင်မယ်ဆိုရင်တော့ Windows Form မကလို ့ကြိုက်တဲ့ ပုံစံနဲ့လာလာ အားလုံးကို လွယ်လွယ် ကူကူနဲ့ဘဲရေးသားဖန်တီးလို့ရပါတယ်

ASP.Net ကိုလေ့လာမယ်ဆိုရင်လည်း လွယ်လွယ်လေးဘဲဗျ

ကျွန်တော် လည်းအစက Console ကစပြီးတော့လေ့လာခဲ့တယ်

- ပြီးတော့မှ Windows Form ကိုဆက်လည်းသွားရော ဘာ Concept မှသင်စရာကိုမလိုတော့ဘူးဗျ

ASP.Net ကိုဆက်လိုက်မယ်ဆိုရင် အခက်အခဲမရှိတော့တာကိုတွေ့ရပါတယ်

အားလုံးက လွယ်နေတော့ Console ကိုကျွန်တော် ကြိုက်သွားတယ်

ဒါကြောင့် ကျွန်တော် ကအခုဒီစာအုပ်မှာလည်း Console နဲ့ဘဲရေးမှာဖြစ်ပါတယ်

နောက်တစ်ခုက Programming လောကမှာက ကျောင်းစာကျက်သလိုအလွတ်ကျက်လို့မရဘူးဗျ

Concept လေးမိသွားရင်အဆင်ပြေတဲ့အတွက်ကြောင့် Concept မိအောင် ကြိုးစားဖို့လိုပါလိမ့်မယ်

Framework ဆိုတာက ပြောရရင် သူ့မှာပါတဲ့ technique တွေကိုကောင်းကောင်း နားလည်ရင် ပြီးပြီဗျ

အဲ့ဒီ Tech: တွေကိုလေ့လာဖို ့က Console ကအသင့်တော်ဆုံးဘဲဗျ

ဒါကြောင့်လည်း Microsoft က Console ကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်

ကျွန်တော့် ဒီစာအုပ်ကိုလေ့လာမယ်ဆိုရင်တော့ Programming ကိုအခြေခံ သိနားလည်ထားမှအဆင်ပြေမှာဖြစ်ပါတယ်

မကျွမ်းသေးရင်တော့ အခြေခံကို အရင်လေ့လာလိုက်ပါအုံး

ကျွန်တော်တို ့Program လေးတစ်ခုရေးပြီးတော့ စတင်လေ့လာလိုက်ရအောင်

ဒါကြောင့် ကျွန်တော်တို့စပြီးတော့လေ့လာလိုက်ကြရအောင်

အောက်မှာပြထားတာက Visual Studio 2008 ကြီးပါ

၁. အရင်ဦးဆုံး Visual Studio ကိုဖွင့်ပါ

၂. File ကိုဖွင့်ပြီးတော့ Project ထဲမှာ C# ကိုရွေး ပြီးရင် အဲ့ဒီအထဲက Console Application ဆိုတာ ကို Double-click နဲ ့ ဖွင့်လိုက်ပါ

အဲ့ဒါဆိုရင် Coding တွေရေးရမယ့် Page ကြီးပေါ်လာတာကို တွေ့ရပါလိမ့်မယ်…။ဒီလိုပါ

Code တွေကတော့ ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်

using System;

using System.Collections.Generic;

using System.Linq;

using System.Text;

namespace ConsoleApplication1

{

class Program

{

static void Main(string[] args)

{

ဒီထဲမှာ Coding တွေရေးရမှာဖြစ်ပါတယ်

}

}

}

ဒါဆိုရင် သိလောက်ပြီလို့ကျွန်တော် ထင်ပါတယ်

ကဲ ကျွန်တော်တို့စရေးကြည့်လိုက်ကြရအောင်

using System;

using System.Collections.Generic;

using System.Linq;

using System.Text;

namespace ConsoleApplication1

{

class Program

{

static void Main(string[] args)

{

Console.WriteLine(“Hello Zaw Min Soel!!”);

}

}

}

အပေါ်က ကျွန်တော် ရေးထားတဲ့ Code လေး Console.WriteLine(” “); ဆိုတာက စာလေးတွေပေါ်ချင်လို့ ရိုက်ထုတ်လိုက်တဲ့ Code လေးပါ

User တွေမြင်ရအောင် output ထုတ်ပြလိုက်တဲ့သဘောပါ

(“”) Double Quote အတွင်းမှာရေးသမျှစာမှန်သမျှကို output အဖြစ် User မြင်တွေ့နိုင်အောင်ထုတ်ပေးပါတယ်

အောက်မှာပြထားသလိုလေးပေါ်လာမှာဖြစ်ပါတယ်

ဒါဆိုရင်တော့ Hello Zaw Min Soel!! ဆိုပြီးတော့ တွေ့ရမှာဖြစ်ပါတယ်

အပေါ်က Hello လေးကိုတွေ့ဖို ့ဆိုတာက Visual Studio မှာ Run ရမှာပါ

အခြေခံ သိပြီးရင်တော့ ဘယ်လို Run ရမလဲဆိုတာကို သိကြမှာဖြစ်ပါတယ်

ဒါပေမဲ့ လည်းကျွန်တော် ထပ်ပြီးတော့ ပြောပြပါအုံးမယ်

VS မှာ Run ဖို့ဆိုရင် အပေါ်က Tab တွေမှာ Debug ဆိုပြီးတော့ ရှိတယ်

အဲ့ဒါကို နှိပ်လိုက်ရင် Bar လေးတစ်ခုကျလာလိမ့်မယ်

အဲ့ဒီမှာ Run ဖို ့က နှစ်ခုရှိပါတယ်

Start Debugging နဲ ့Start Without Debugging ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်

Start Debugging ဆိုတာကတော့ ကိုယ်ရေးထားတဲ့ Code ထဲမှာ Error တက်တဲ့ Code တွေကိုရှာပြီးပြပေးဖို့လိုတယ်ဆိုရင်တော့ အသုံးပြုပါတယ်

Without Debugging ဆိုတာကတော့ Error မရှာဘူးလို့ဆိုလိုတာဖြစ်ပါတယ်

ကိုယ်ကြိုက်တဲ့ အရာလေးနဲ့Run လို ့ရပါတယ်…။ဒါမှမဟုတ် ဘူးဆိုရင်လည်း CTRL + F5 ကို တွဲနှိပ်ပြီး Run လိုက်ရင်လည်ရပါတယ်  ကဲ Run ကြည့်လိုက်အုံးဗျ

ဘာဖြစ်လို့ဒါလေးတွေကို ရေးနေရလဲဆိုတော့ သိပြီးသားလူတွေပါနေရင် ပြန်လည်ပြီးတော့ဆွေးနွေးပေးတဲ့ သဘောပါ

ကျွန်တော် ဒီစာအုပ်မှာ က Programming Fundamental အကြောင်းကို ကျွန်တော် အသေးစိတ်ရှင်းမှာ မဟုတ်ပါဘူး

.Net Framework ကိုလေ့လာမယ်ဆိုရင် Programming Fundamental အကြောင်းကို သေချာသိထားမှကို ရမှာဖြစ်ပါတယ်

ကဲဒါဆိုရင်တော့ ကျွန်တော် တို့နောက်ထပ် Program တစ်ပုဒ်လောက်ထပ်ပြီးတော့ရေးကြည့်လိုက်ရအောင်

using System;

using System.Collections.Generic;

using System.Linq;

using System.Text;

namespace ConsoleApplication1

{

class Program

{

static void Main(string[] args)

{

Console.WriteLine(“Enter First Number”);

int num1 = int.Parse(Console.ReadLine());

Console.WriteLine(“Enter Second Number”);

int num2 = int.Parse(Console.ReadLine());

int sum = num1 + num2;

Console.WriteLine(“Result is ” + sum);

}

}

}

ဆိုပြီးတော့ ကျွန်တော် ပြထားတဲ့အတိုင်း Coding လေးတွေကို ရေးကြည့်လိုက်ပါ

ဘယ်လိုရေးရလဲဆိုတော့ VS (Visual Studio ကိုပြောတာနော်) မှာထပ်ပြီးတော့ နောက်ထပ် Project တစ်ခုထပ်ခေါ်စရာမလို ပါဘူး

ဘယ်လိုထပ်ပြီးတော့ Page ခေါ်မလဲဆိုတော့ ညာဘက်မှာ ConsoleApplication1 (ဒါက ကိုယ်ပေးထားတဲ့ Name နော်) ကို Right-click ခေါက်လိုက်ရင် Add ဆိုတာကိုတွေ့ရပါလိမ့်မယ်

Add ကိုထောက်လိုက်ရင် နောက်ထပ် Bar တစ်ခုထပ်ပေါ်လာလိမ့်မယ်

အဲ့ဒီမှာ Class ဆိုတာကိုနှိပ်ပြီး မိမိကြိုက်တဲ့ နာမည်ပေးပြီး ok နှိပ်လိုက်ပြီဆိုရင်တော့ နောက်ထပ် Page တစ်ခုထပ်ပြီးတော့ ပေါ်လာမှာဖြစ်ပါတယ်

အဲ့ဒီမှာ ကျွန်တော်ပြထားတဲ့ အပေါ်က Code လေးတွေကိုရေးပြီးတော့  Run ရမှာဖြစ်ပါတယ်

ဘယ်လို Run ရမလဲဆိုတော့ အပေါ်မှာကျွန်တော်ပြောထားသလိုဘဲနော်

ဒါပေမဲ့ နောက်ထပ် Page တစ်ခု ထပ်ပြီးတော့ ခေါ်လိုက်တဲ့ အတွက်ကြောင့် ကိုယ်ရေးထားတဲ့ Program ကို VS ကသိအောင် လုပ်ပေးရမှာဖြစ်ပါတယ်

ဘယ်လို လုပ်လဲဆိုတော့ ညာဘက်မှာ Properties ဆိုတာကို Right-click ထောက်ပြီးတော့ Open နှိပ်လိုက်ရင် Tab တစ်ခုထွက်လာ ပါမယ်

အဲ့ဒီမှာ Startup object: ဆိုတာလေးကို နှိပ်ပြီးတော့ မိမိ ယခုရေးနေတဲ့ Program ရဲ့နာမည်ကို ရွေးပေးလိုက်ရင်တော့ အိုကေသွားပြီ…ပြီးရင်တော့ Run လိုက်ရင် ရပါပြီ

ဒီအကြောင်းတွေက .Net Framework ကိုမိတ်ဆက်တဲ့ သဘောပါ

ဒီလောက်ဆိုရင် .Net Framework ဆိုတာ ဘာကိုဆိုလိုတာလဲကို သိလောက်ပြီလို ့ထင်ပါတယ်

ကဲဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့သွေးပူလေ့ကျင့်ခန်းလေးတွေ တော့ ပြီးသွားပြီ

နောက်ထပ် လေ့ကျင့်ခန်းလေးတွေဆက်ပြီးတော့ပြောကြတာပေါ့

အခုလေ့လာခဲ့တာလေးတွေကိုနားလည်မယ်လို့မျှော်လင့်ပါတယ်

ဘာအရာမဆို အစဆိုရင် လွယ်လွယ်လေးတွေကစရတာဖြစ်သောကြောင့် အခုလည်းအလွယ်လေးနဲ့ဘဲစလိုက်ခြင်းဖြစ်ပါတယ်

နောက်ထပ်တစ်ခန်းကတော့ Namespace တွေကိုကြေညာတဲ့အခန်းဖြစ်ပါတယ်

ဖတ်ပေးသောကြောင့် ကျေးဇူးတင်ပါတယ်

အဆင်မပြေတာရှိရင်ပြန်လည်မေးမြန်းနိုင်ပါတယ်

အကြံပြုချက်များရေးသားနိုင်ပါတယ်

- ဆက်ပါဦးမည်


Facebook comments:

7 Responses

  1. zinyaw says:

    thanks you so much bro!!!!!

  2. Zawmin says:

    မြန်မာလိုလေးလေ့လာနိုင်ဖို့အတွက် ကျွန်တော်တတ်သလောက်လေးအကြိုးပြုပေးနေတာပါ…။
    အခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…။
    နောက်နေ့တွေမှာလည်း လေ့လာရတာအဆင်ပြေဖို့အတွက် ကျွန်တော်ဆက်ရေးပေးပါဦးမယ်…. :-)

  3. zinyaw says:

    ဟုတ်ကဲ့ မြန်မာလိုရေးထားတော့ ဖတ်ရတာ ပိုအဆင်ပြေပါတယ် အကိုရေ… အခုမှလေ့လာသူအတွက် တော်တော်အဆင်ပြေပါတယ်.. ကျေးဇူးပါအကို

  4. Aung Myo Han says:

    Great Thanks to Myanmar Tutorials and all contributors.
    Very Good Blog.

  5. Zawmin says:

    အစ်ကိုတို့ စာဖတ်ရတာ အဆင်ပြေရင် ကျွန်တော်တို့ စာရေးသူတွေ ဝမ်းသာပါတယ်။
    အခုလို အားပေးဖတ်ရှု့ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  6. [...] Tutorials of .Net Framework Part(1)(2)(3)(4) [...]

Leave a comment


*