HTML နှင့် CSS လေ့လာနည်း လမ်းညွှန်
ဒီပို့စ်က Myanmar Tutorials ရဲ့ ၅၀၀ မြောက်ပို့စ်ပါ။ ဒါကြောင့် Myanmar Tutorials အနေနဲ့ ၁၀ လအတွင်း ပို့စ်ပေါင်း (၅၀၀) အထိ ရှိလာပြီဆိုတဲ့ သဘောပါ။ တစ်လကို ပျဉ်းမျှ ပို့စ် (၅၀) ရှိတယ်လို့လည်း အဓိပ္ပါယ်ရပါတယ်။
အဲဒီအတွက် ပူးပေါင်း ပါဝင်ပြီး ကူညီရေးသားပေးကြတဲ့ Contributor အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။ Contributor တွေရဲ့ ကျေးဇူးကြောင့်သာ ဒီလောက် ပို့စ် အများကြီးကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပြင် အမြဲတမ်း အားပေးနေတဲ့ Myanmar Tutorials ပရိသတ်ကြီးကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။ နောက်ထပ် ကျေးဇူးတင်ထိုက်တဲ့သူကတော့ Myanmar Tutorials ကို နောက်ကွယ်ကနေ အထောက်အပံ့ပေး ကူညီထားတဲ့ TemplateMo ပိုင်ရှင် ကိုမင်းသူပါ။ သူကူညီပေးမှုကြောင့်သာ Traffic များများလာတဲ့ Site အတွက် VPS ကို ပြောင်းနိုင်ခဲ့တာပါ။
ကျွန်တော့်အနေနဲ့ကတော့ Myanmar Tutorials အတွက် အများကြီး လုပ်ချင်တာတွေ ရှိနေပါတယ်။ ရှေ့ဆက်ပြီး တစ်ခုပြီးတစ်ခု တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ Contributor များအနေနဲ့လည်း ရှေ့ဆက်ပြီး ကူညီ ပေးသွားကြပါဦးလို့ တိုက်တွန်းပါတယ်။ တစ်ခြား ပါဝင်ရေးသားလိုသူများကိုလည်း ဖိတ်ခေါ်ပါတယ်။
ခုလို ပို့စ် ၅၀၀ လောက် ဖြစ်လာတဲ့ အချိန်မှာ အခုမှ စပြီး လေ့လာမယ့်သူတွေ အတွက် ဘယ်က စလေ့လာရမှန်း မသိတဲ့ ပြဿနာတွေ ကြုံတွေ့ လာရပါတယ်။ အများကြီးပဲ ဘယ်က စဖတ်ရမှန်း မသိဘူး စသည်ဖြင့် ပြဿနာတွေ ရှိလာပါတယ်။ အဲဒီအတွက် လမ်းညွှန်တွေ ရေးပေးဖို့ လိုလာပြီးလို့ သိလာရပါတယ်။ အဲဒီလို လမ်းညွှန်တွေ ရေးတဲ့ နေရာမှာလည်း Myanmar Tutorials တစ်ခုတည်းက မဟုတ်ပဲ အခြား မြန်မာလို ရေးသားထားတဲ့ ဆို်က်တွေကိုပါ ညွှန်းဆိုပြီး ရေးမယ်လို့ စိတ်ကူးရပါတယ်။ အဲဒီအတွက် ဒီပို့စ်ကို စလိုက်ရတာပါ။
HTML နှင့် CSS လေ့လာနည်း လမ်းညွှန်မှာတော့ အခြေခံအဆင့် အားလုံးကို ပြည့်စုံအောင် လမ်းညွှန်ပေးနိုင်တယ်လို့ ယူဆပါတယ်။ ကျွန်တော့် ညီလေး တစ်ယောက်ကို လမ်းညွှန်ပေးပြီး လေ့လာခိုင်းတဲ့ နေရာမှာ အမှန်တကယ် အကျိုးရှိထိမိတာကို သတိထားမိပါတယ်။ အဲဒီအတွက် အဲဒီလမ်းညွှန်အတိုင်း ပြန်ရေးပေးလိုက်ပါတယ်။ အခြေခံအဆင့်တွေအတွက်သာ ရည်ရွယ်တာ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်လို အပ်နေတဲ့ Resources တွေကိုလည်း မှတ်ချက်ပေးပြီး ကူညီ ညွှန်ပြပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
ပထမအဆင့်
ပထမဦးဆုံး ညွှန်းလိုတဲ့ စာအုပ်တွေကတော့ ကိုစေတန် ရေးထားတဲ့ စာအုပ်တွေကို ညွှန်းလိုပါတယ်။
ကိုစေတန့် ဘလော့က Download နေရာကနေပြီး HTML by Saturngod နဲ့ Basic CSS ဆိုတဲ့ စာအုပ်နှစ်အုပ်ကို Download ချလိုက်ပါ။ နှစ်အုပ်လုံးကို PDF တွေဆိုတော့ အင်တာနက် ရှိနေစရာ မလိုတော့ဘူးပေါ့။ HTML by Saturngod မှာတော့ HTML မိတ်ဆက်၊ HTML နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းက စလို့ အခြေခံသိသင့်တဲ့ အပိုင်းတွေကို ပြည့်ပြည့်စုံစုံ ရေးပေးထားပါတယ်။ အဲဒီစာအုပ်မှာ လက်တွေ့ပိုင်းတွေက အစပါတဲ့အတွက် HTML အကြောင်းကို အခြေခံအဆင့် တီးမိခေါက်မိ အဆင့်ကို ရောက်သွားစေပါတယ်။
နောက်တစ်အုပ်ကတော့ Basic CSS စာအုပ်ပါ။ HTML စာအုပ်လောက်တော့ မပြည့်စုံပါဘူး။ ဒါပေမယ့် CSS ကို အခြေခံအဆင့်အထိ အတန်အသင့် နားလည်အောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိပါတယ်။ အဲဒီ စာအုပ်နှစ်အုပ်ကို ပထမအဆင့် အနေနဲ့ လေ့လာလိုက်ပါ။ ဒီစာအုပ်နှစ်အုပ်ကို ရေးသားပေးတဲ့ ကိုစေတန်ကို ကျေးဇူးအထူးတင်ရှိပါတယ်။
ဒုတိယအဆင့်
ဒုတိယအဆင့် အနေနဲ့ လေ့လာမယ်ဆိုရင်တော့ Goo Goo ရေးထားတဲ့ Myanmar Tutorials က ပို့စ်တွေကို ညွှန်းချင်ပါတယ်။ စုစုပေါင်း အပိုင်း (၈)ပိုင်းရှိပါတယ်။ တစ်ပိုင်းချင်းစီ လေ့လာသွားပါ။
- Website ရေးကြမယ် (၁)
- Website ရေးကြမယ် (၂)
- Website ရေးကြမယ် (၃)
- Website ရေးကြမယ် (၄) နောက်ဆက်တွဲ
- Website ရေးကြမယ် (၅) နောက်ဆက်တွဲ
- Website ရေးကြမယ် (၆)
- Website ရေးကြမယ် (၇)
- Website ရေးကြမယ် (၈)
အဲဒီ အပိုင်း (၈) ပိုင်းလုံးကို လေ့လာပြီးတယ် ဆိုရင်တော့ HTML & CSS အခြေခံအဆင့်ကို အတော်လေး ဟုတ်သွားပြီလို့ ဆိုနိုင်ပါတယ်။
တတိယအဆင့်
တတိယအဆင့်အနေနဲ့ ခုနောက်ဆုံးပေါ် HTML နဲ့ CSS Version တွေဖြစ်တဲ့ HTML5 နဲ့ CSS3 တွေကို မြည်းစမ်းကြည့်ဖို့ ဖြစ်ပါတယ်။
- HTML5 နဲ့ CSS3 သုံးပြီး Website ဆောက်ကြမယ် အပိုင်း (၁)
- HTML5 နဲ့ CSS3 သုံးပြီး Website ဆောက်ကြမယ် အပိုင်း (၂)
နောက်ဆက်တွဲ လေ့လာစရာများ
Facebook comments:






ကောင်းတယ်ဗျာ..ဒါပေမဲ့ ကျွန်တော် CSS3 ကိုအပြည့်အစုံလေ့လာချင်ရင် ဘယ်ဆိုက်မှာများသွားလေ့လာလို ့ရမလဲဆိုတာကို တစ်ချက်လောက် ညွန်းပေးပါလား…။
CSS3 အတွက်ကတော့ CSS3.info က အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်ဗျ
ဟုတ်ကဲ့ အဲလိုမျိုးကိုလည်း…computer field အတော်များများကို လမ်းညျွန်ပေးစေချင်ပါတယ်..ကိုသီဟ ခင်ဗျာ… အစဉ်ပြေရင်… cisco security အပိုင်းလေးလည်း လမ်းညျွန်စေချင်ပါတယ်…အဆင့် ကျော်သလို တွေ ဖြစ်နေပေမဲ့ guide line လောက်ရရင်ကို အစဉ်ပြေ ပါတယ်…အကို ရေ…
ကျေးဇူးအထူးတင်ရှိပါတယ်… စေတနာ အားလုံးအတွက် …
ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော် တတ်နိုင်သမျှ မေးပေးပါ့မယ်၊ အဲဒီဖက်အပိုင်းမှာ ကျွန်တော် အသိ သူငယ်ချင်းတော့ မရှိသေးဘူးခင်ဗျ
[...] ပထမ ကျွန်တော်အရင်က ညွှန်းခဲ့ဖူးတဲ့ HTML & CSS လေ့လာနည်းများ ဆိုတဲ့ Article မှာပါတဲ့ Tutorials တွေကို [...]
basic CSS က download မရဘူး ကူညီပါ
CSS basic အတွက်က “Classroom in a book Dreamweaver CS3″ ကိုလေ့လာကြည့်ပါလား။
နောက်ပြီး Dreamweaver မှာလည်း ကိုယ့်ဘာသာ code တွေရေးစမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
CSS basic အတွက်က ‘Classroom in a book Dreamweaver CS3″ ကိုလေ့လာကြည့်ပါလား။
နောက်ပြီး Dreamweaver မှာလည်း ကိုယ့်ဘာသာ css code တွေရေးစမ်းကြည့်ပြီးလေ့လာကြည့်စေချင်ပါတယ်။
ကျေးဇူးပဲအစ်ကိရေ ကျွန်တော်တို့လိုလေ့လာနေဆဲလူတွေအတွက်တော့ အရမ်းကိုတန်ဖိုးရှိလှတဲ့ ပို့စ်တွေပါပဲဗျာ..
ကျွန်တော်က ဆိုဒ်တစ်ခုကို ကိုယ်တိုင်ရေးချင်နေတာ လိုက်ရှာနေတာကြာပြီ မိသားစုဖိုရမ်က ညွှန်လိုက်လို့ ရောက်လာတာပါ ပို့စ်တစ်ခုရေးတယ်ဆိုတာ မလွယ်ပါဘူး မျတ်စိညောင်းမယ် ခါးညောင်းမယ်
အကြောတတ်မယ်.. ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ဆုံးရှှုံးမယ် အချိန်တွေ ပေးဆပ်ရမယ် ..ဒါတွေအားလုံးကို အနစ်နာ ခံပြီ ရေးပေးတဲ့စေတနာကို တကယ်ပဲလေးစားမိပါတယ် အစ်ကိုတို့လိုလူတွေရှိနေလို့ ကျွန်တော်တို့လို့ လေ့နေဆဲ ပညာရှာနေတဲ့လူတွေအတွက် အကျိုးှရှိနေတာပါ.. နောက်ပိုင်းပိုစ်တွေကိုလဲဆက်ပါဦးး..
နှစ်သစ်မှာ အစ်ကို ပျော်ရွှင်ချမ်းမေ့နိုင်ပါစေ