Ygncos Review

ဒီ article က review ဆိုရင်လဲ မမှားသလို ကြော်ငြာတာ ဆိုရင်လဲ မှန်းကောင်း မှန်ပါလိမ့်မယ်။ http://www.ygn.me ဆိုတဲ့ web site တစ်ခု အကြောင်းပါ။ နာမည်က Ygncos ဖြစ်ပါတယ်။ Ygncos ဟာ shorten URL service တစ်ခု ဖြစ်ပါတယ်။ Shorten URL ဆိုတာဘာလဲ သိတဲ့ လူအတွေတော့ ရှင်းပြဖို့ မလိုလောက် ပေမယ့် မသိသေးတဲ့ လူတွေအတွက် သိရအောင် shorten URL အကြောင်းပါ နည်းနည်းလောက် ပြောပြချင်ပါတယ်။

  • What is shorten URL?
  • Shorten URL ကို Internet ပေါ်မှာ လူတော်တော် များများက ရှည်လျှားလွန်းတဲ့ URL တွေကို စာလုံး အရည်အတွက် လျှော့ချဖို့ အသုံးပြုလာကြပါပြီ။ Shorten URL တစ်ခုဟာ မူရင်း URL ဆီသို့ HTTP redirect စနစ်ကို အသုံးပြုပြီး ပြောင်းလဲ ပေးတာဖြစ်ပါတယ်။ ရှည်လျှားလွန်းတဲ့ URL တွေကို သာမန် လူတို့ ဦးနှောက်နဲ့ မှတ်သားထားဖို့ ခက်ခဲပါတယ်။ ရှည်လျှားလွန်းတဲ့ URL တွေကို share လုပ်ကြတဲ့ အခါမှာ စကားလုံးရေ ကန့်သတ်ထားတဲ့ twitter ကဲ့သို့ social network တွေမှာလဲ အဆင်ပြေဖို့ ခက်ခဲပါတယ်။ ဒီလို အချက်တွေကြောင့် shorten URL တွေကို လူသုံးများလာ ကြပါတယ်။

  • How to work?
  • Shorten URL အလုပ်လုပ်နည်းကို အလွယ်ကူဆုံး ရှင်းပြချင်ပါသေးတယ်။ User က ရှည်လျှားတဲ့ URL တစ်ခုကို shorten URL web site တစ်ခုမှာ submit လုပ်လိုက်တာနဲ့ shorten URL တစ်ခုကို ပြန်ထုတ်ပေးပါတယ်။ ဥပမာ ဒီ article ရဲ့ link ကို ygn.me မှာ submit လုပ်လိုက်ရင် http://ygn.me/zOhP3p ဆိုပြီးရပါတယ်။ zOhP3p ဟာ id ဖြစ်ပါတယ်။ မူရင်း URL ကို id အဖြစ်နဲ့ မှတ်သားထားလိုက်ပြီး http://ygn.me/zOhP3p လို့ရေးသားတာနဲ့ id မှတဆင့် မူရင်း URL ကို redirect ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ စကားလုံးအရေအတွက် ကွားခြားသွားတာကိုလဲ သိသိ သာသာ တွေ့နိုင်ပါတယ်။

  • Why use Ygncos?
  • ဒီတစ်ပိုဒ်ကတော့ ရေးသားမှုတွေ တစ်ဖက်သတ် ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။ Ygncos က သုံးရတာ လွယ်ကူပါတယ်။ ရိုးရှင်းပါတယ်။ မည်သည့် တောင်းဆိုမှုမှ မရှိပါဘူး။ အလွယ်တကူ လွတ်လွတ် လပ်လပ် အခမဲ့ အသုံးပြုနိုင်ပါတယ်။ URL တစ်ခုကို submit လုပ်လိုက်တာနဲ့ အချိန်တိုလေး အတွင်းမှာ Shorten URL တစ်ခုကို ထုတ်ပေးနိုင်ပါတယ်။ Ygncos ရဲ့ shorten URL link ကို click နှိပ်လိုက်တာနဲ့ မူရင်း URL ကို redirect လုပ်ပေးပါတယ်။ မည်သည့် ကြော်ငြာမှ ဖော်ပြနေမှာ မဟုတ်ပါဘူး။ Shorten URL ကို အလွယ်တကူ share ပြုလုပ်နိုင်ဖို့ Facebook, Twitter, Digg, Delicious စတဲ့ social network button တွေ ထည့်သွင်းပေးထားသလို Facebook like button တစ်ခုလဲပါပါသေးတယ်။ Web developer တွေအတွက်လဲ မိမိတို့ web site တွေ blog တွေမှာ အသုံးပြုနိုင်ဖို့ script တွေပါပါသေးတယ်။ WordPress အတွက်လဲ အဆင်သင့် အသုံးပြုနိုင်တဲ့ script တွေပါဝင် ပါတယ်။ Browser မှာ Ygncos button ကိုလဲ အလွယ်တကူ drag ဆွဲပြီး add လုပ်လို့ရပါတယ်။ Ygncos ကို သုံးကြည့်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။

    Facebook comments:

    5 Responses

    1. Thiha says:

      ကြော်ငြာဝင်ပြီး ဆိုက်က တက်မလာပါလားဗျ

    2. SkipSoft says:

      ပြောတော့မယ့်ဆိုတာ ထင်သားပဲ အခုရသွားပါပြီဗျာ… name.com က ဒုခ နဲ့ လှလှ ကို တွဲပို့လိုက်လို့ ဒုခ လှလှ တွေ့သွားတာလေ… ကောင်းသွားပါပြီ… :D

    3. skipsoft says:

      WordPress user တွေအတွက် http://shorten.ygn.me/dev.php မှာ WordPress Plug In အခမယ့် ရနေပါပြီ :D

    4. mr.zeroman says:

      Special Thanks You .. bro Skipsoft

    Leave a comment


    *