အလန်းစား Web Application များ

Web Application တွေဆိုတာ ဟိုးအရင်းက သိပ်ပြီး တွင်တွင်ကျယ်ကျယ် မရှိခဲ့ပေမယ့် ခုနောက်ပိုင်းမှာ Cloud နည်းပညာနဲ့ အတူ အပြိုင်းအရိုင်း ထွက်ပေါ်လို့ လာနေပြီ ဖြစ်ပါတယ်။ မြန်ဆန်လာတဲ့ ကွန်ယက်စနစ်များနဲ့အတူ တိုးတက်လာတဲ့ နည်းပညာတွေက Application တွေကို မိုးပေါ် တစ်ခုပြီး တစ်ခု ပို့နေပါတယ်။ သင့်မှာ အင်တာနက်နဲ့ Browser သာရှိ၊ ဘာမဆို လုပ်လို့ရတယ်ဆိုတဲ့ အခြေအနေကို ရောက်မှန်းမသိ ရောက်လာ နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကဲဒီတော့ အလန်းစား Web Application တွေကို လေ့လာကြည့်ရအောင် …

280 Slides

Microsoft PowerPoint တို့လို Apple Keynote တို့လို Presentation လုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ Presentation Slide တွေကို Online ပေါ်မှာတင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Interface Design ကတော့ တော်တော်လေးကို ကောင်းမွန်ပါတယ်။

Pixlr

Pixlr ရဲ့ Interface ကို မြင်လိုက်တာနဲ့ Photoshop Interface ကို တန်းမြင်မိကြပါလိမ့်မယ်။ ဟုတ်ပါတယ် Image Editing Web Application တစ်ခုပါ။ Tools အတော်များများက Photoshop နဲ့ ဆင်တူတဲ့အတွက် Photoshop သုံးတတ်သူတိုင်း အလွယ်တကူ သုံးနိုင်မယ့် အနေအထားမှာ ရှိပါတယ်။ Adobe Flash နဲ့ ဖန်တီးထားတာ ဖြစ်ပြီး သုံးရတာ အင်မတန်ပေါ့ပါတယ်။ အံ့သြလောက်စရာ ဖန်တီးမှုပါပဲ။ Flash ရဲ့ ပါဝါတွေ အကုန်ထုတ်ပြထားတဲ့ Web Application တစ်ခုဆိုရင်လည်း မမှားပါဘူး။

Clover

Clover ကတော့ အလကားရတဲ့ Application တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိုင်ဒီယာကို စမ်းသပ်ကြည့်လို့တော့ ရပါတယ်။ Clover က အွန်လိုင်းပေါ်မှာတင် Web Site တွေကို အလွယ်တကူ ဆောက်လို့ရတဲ့ ရွေးချယ်လို့တဲ့ Web Site တစ်ခုဖြစ်ပြီး GreenHouse ဆိုတဲ့ WebSite Builder တစ်ခုပါပါတယ်။ အွန်လိုင်းမှာတင် မိမိစိတ်ကြိုက် Website ကို ပြင်ဆင် တည်းဖြတ်လို့ရပါတယ်။

Krop

Krop ကတော့ အွန်လိုင်းမှာ Resume တစ်ခု အလွယ်တကူ တည်ဆောက်နိုင်တဲ့ Web Application တစ်ခုဖြစ်ပါတယ်။ တည်ဆောက် ပုံဖော်ပြီးသား template တွေကို ရွေးချယ်ပြီး မိမိ Resume ကိုအလွယ်တကူ ဖန်တီးနိုင်ပါတယ်။ ပိုက်ဆံပေးပြီး တည်ဆောက် ချင်ပါတယ် ဆိုရင်လည်း Pro ဆိုပြီး ပိုက်ဆံပေး ဝယ်နိုင်ပါတယ်။ အွန်လိုင်းပေါ်မှာ Resume တစ်ခုကို အလွယ်ကူဆုံး မိမိကိုယ်တိုင် တည်ဆောက်နိုင်တဲ့ Web Application တစ်ခုပဲ ဖြစ်ပါတယ်။

Penzu

Penzu ကတော့ အွန်လိုင်းပေါ်မှာ ရေးချင်တာလေးတွေ စာအုပ်တစ်အုပ်လို ရေးမှတ်လို့ရနိုင်မယ့် Web Application တစ်ခု ဖြစ်ပါတယ်။ စာရွက် တစ်ရွက်ပေါ်မှာ ရေးနေရသလို မြင်ရအောင် ဖန်တီးထားတာလေးက ဆွဲဆောင်မှုရှိစေပါတယ်။

Grooveshark

GrooveShark ကတော့ ကျွန်တော် အကြိုက်ဆုံး Web Application တစ်ခုပါ။ စမ်းမယ်ဆိုကတည်းက Metallica ဆိုပြီး ရိုက်ထည့် သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် နားထောင်ဖြစ်ပါတယ်။ အွန်လိုင်းမှာ သီချင်းတွေ နားဆင်နိုင်တဲ့ Web Application တစ်ခုပါ။

Rerference : Designshack

Facebook comments:

6 Responses

  1. saturngod says:

    Chrome webstore က အဲလိုမျိုး web application တွေကို စုစည်းပေးထားတာပဲ။ အဲလိုမျိုး web application တွေကြောင့်လည်း Google က Chrome OS ကို ရဲရဲ ဝင့်ဝင့် ပွဲထုတ်ရဲတာပဲ။ ကျွန်တော့်အတွက်တော့ chrome webstore ကတော့ web application directory လို့တောင် ဆိုနိုင်တယ်။ =)

    • Thiha says:

      သေချာတာပေါ့ဗျာ သူက ရှေ့ဆုံးက အရင်ဆုံး ဦးအောင်စုပေးလိုက်နိုင်တာ၊ ကျန်တာတွေလည်း နောက်က လိုက်လာမယ်ထင်တယ်ဗျ။

  2. stringlive says:

    အလန်းစား Web applications များ တဲ့ ။ ညွှန်းထားတာရော ၊ ရေးထားတာရောကလည်း အလန်းစားပါ ပဲ အစ်ကို ။ မိုက်တယ် ဗျာ ။ ဆက်အားပေးနေတယ် အစ်ကို ။

  3. mgpyone says:

    280 Slides က ရေရေလည်လည် နာမည်ကြီးတာ.. Cappuccino ရယ် Objective-J ရယ်ရဲ့ အစဦးဆုံး project ပဲ ( http://cappuccino.org/learn/demos/ ) , js လိုဟာမျိုးရယ် Objective C လိုဟာမျိုးရယ် Design လုပ်ထားတဲ့ language ကို ဒီဘက်ကရေး ဟိုဘက်က html, css ထွက်လာတာ လန်ထွက် .. mocking picture တွေဆွဲတဲ့ MockingBird လည်း Cappuccino နဲ့ ရေးထားတာပဲ.. Desktop နဲ့ Web နဲ့ တစ်ထပ်တည်းလို့တောင် ထင်ရတယ် loading ကတော့ မြန်မာနိုင်ငံမှာဆိုရင် ကြာမယ်ထင်တယ် :( စိတ်ဝင်စားရင် စမ်းကြည့်ပေါ့ ဆရာ .. :D Penzu လည်း မိုက်တယ်..
    နောက် DeviantArt Muro လည်း Pixlr လိုမျိုးပဲ..ဒါပေမဲ့ သူက html5 နဲ့ပဲ ရေးထားတာရယ်.. .. Merry X’Mas !

  4. User says:

    Sorry, i want to comment to your post. But i can’t type with Unicode.
    Zawgyi is very powerful. Zawgyi is customer oriented. If you use only unicode, please explain how to comment with unicode font and teach me how to type unicode font.

Leave a comment


*