ရှေ့ဆက်ရန်ခရီး @LionSlayer
ကျွန်တော်တို့တွေအတွက် ယူနီကုဒ်ဆိုတာ သေသေချာချာ နားလည်နိုင်ဖို့အတွက် ဖတ်သင့်တဲ့ ပို့စ်တစ်ခုကို ညွှန်းပါရစေ။ ကျွန်တော့်အနေနဲ့ ခုချိန်ထိ Unicode Myanmar နဲ့ ပတ်သက်ပြီး ဝေဝါးနေတုန်းပါပဲ။ ပြောင်းလဲပစ်ဖို့ စိတ်ကူးလိုက်တိုင်း လူအများဆီ အလွယ်တကူ ရောက်ရှိနိုင်မှုဆိုတဲ့ အချက်တစ်ခုတည်းနဲ့ နောက်ပြန်ပြန် လည်နေခဲ့ပါတယ်။
တကယ်တန်း Unicode စနစ်တွေကို ပြောင်းမယ်ဆိုရင်လည်း ပို့စ်ပေါင်း ၄၀၀ ကျော်ကို ပြောင်းပစ်ရပါလိမ့်မယ်။ အဲဒီလို ပြောင်းလဲတဲ့ Converter တွေ ရှိပေမယ့်လည်း အဆင်မပြေပါဘူး။ ဒီတော့ ဇော်ဂျီနဲ့ ရေးထားတာတွေကို ထားလိုက် နောက်ပိုင်းတွေကို ယူနီကုဒ်နဲ့ ဆက်သွား On the fly converter နဲ့ ဇော်ဂျီကို ပြန်ချိတ်ရင် ဖြစ်နိုင်မလား စသည်ဖြင့် နည်းလမ်းမျိုးစုံ စဉ်းစားမိခဲ့တာ ကြာပါတယ်။
ဒါပေမယ့် အဲဒီလို စဉ်းစားမိကတည်းက Zawgyi Version နဲ့ Unicode Version ဆိုပြီး နှစ်မျိုးထားခဲ့တာ တော်တော်ကြာပါပြီ။ တစ်ချိန်မှာ ကျွန်တော်တို့ သွားကို သွားရမယ့်လမ်းက Unicode Standard စစ်စစ်နဲ့ သွားဖို့ပါ။ Visual Order အနေနဲ့ စီမယ်ဆိုရင် ဘယ်လိုမှ Search အတွက် အဆင်မပြေနိုင်ဘူးဆိုတာ လုံးဝ လက်ခံထားပေမယ့် ထုနဲ့ ထည်နဲ့ ရှိနေတဲ့ ထိုးဖောက်မှု အားအကောင်းဆုံး ဖြစ်နေတဲ့ ဇော်ဂျီကို ဘယ်လိုမှ ဖယ်ထားလို့ မရတဲ့ အနေအထားမှာလည်း ရှိပါသေးတယ်။ တစ်ဖက်က ကြည့်ပြန်ရင်လည်း ဇော်ဂျီဆိုတာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ဖြစ်နေပြန်ပါတယ်။ ဇော်ဂျီနဲ့မှ မစခဲ့ရင် ခုလို အနေအထားတွေ ရောက်လာစရာ မရှိဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ သွားရမယ့် လမ်းကိုတော့ အသေးစိတ် ရေးပြထားတဲ့ ပို့စ်တစ်ခု ရှိလာပါတယ်။ ဖတ်ကြည့်ကြပါ။
Facebook comments:




Wow .. that’s a gr8 #REDIRECT