Programming is art of thinking @ Zack
ကျွန်တော် IT နှင့် Lateral Thinking ဆိုပြီး ပို့စ်တစ်ခု ရေးခဲ့ပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး Programmer ရှုထောင့်ကနေ အတွေးတွေကို Zack က ထပ်ပြီး ချဉ်းကပ်ခဲ့ပါတယ်။ Programming is art of thinking တဲ့။ အင်မတန် လှပတဲ့ အသုံးအနှုန်းလေးပါ။ တကယ့်ကို Programming ဆိုတာ အတွေးတွေကနေ ပေါက်ဖွား လာခဲ့ပါတယ်။ ဒီလိုနဲ့ ပို့စ်ကို သွားဖတ်ကြည့်တော့ ရေးတဲ့သူကလည်း အတွေးတွေကို ချပြခဲ့သလို မှတ်ချက်ရေးသား သူတွေကလည်း အတွေးတွေကို ဆက်ဖြန့်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း တိတ်တိတ်ကလေး ဆက်ဖတ်ပြီး ခုမှ ညွှန်းလိုက်ရခြင်း ဖြစ်ပါတယ်။
အများအားဖြင့်တော့ Computer Programming ဆိုရင် ခေါင်းစားကြရတယ် ဆိုတာ သိပြီးကြပေမယ့် အခုမှ စလေ့လာမယ့် သူတွေအတွက် အတွေးတွေကို စနစ်တကျ တွေးတတ်အောင် သင်ပေးနိုင်စွမ်း အားနည်းနေသေးတာ တွေ့ရပါတယ်။ ငယ်ငယ်ကတည်းက မတွေးခဲ့ကြတော့ Programming သင်တဲ့အခါ တွေးတတ်အောင် ပင်ပင်ပန်းပန်း သင်ယူကြရတာ လူတိုင်း သိပြီးသား ဖြစ်မှာပါ။ Linear Thinking ထဲကနေ ရုန်းမထွက်နိုင် တဲ့အချိန်တွေကလည်း မနည်းခဲ့ပါဘူး။ ဘယ်လိုမှ ဖောက်ထွက်နိုင်စွမ်း မရှိခဲ့ကြပါဘူး။ ဒါဟာ ဘာဖြစ်လို့လည်း ဆိုရင် တွေးနည်းတွေကို စနစ်တကျ သင်ကြားခဲ့ခြင်း မရှိသလို Programming နဲ့လည်း မတွဲမိကြပါဘူး။ ဒီလို မတွေးကြခြင်းဟာ နိုင်ငံတိုးတက်ရေးကို အကြီးအမားဆုံး အဟန့် အတား ဖြစ်စေတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒီလို တွေးခြင်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေ ရှိရင်လည်း ညွှန်းပေးကြပါလို့ ဒီနေရာကနေ တောင်းဆို လိုပါတယ်။ Zack ရေးထားတဲ့ ပို့စ်ကိုလည်း ဖတ်ဖြစ်အောင် ဖတ်လိုက်ပါဦးခင်ဗျ။
Facebook comments:



