ပြဿနာ ဖြေရှင်းနည်း စနစ်များ @mmshare

MMShare ကို ညွှန်းမယ်ဆိုရင်တော့ အကုန်ညွှန်းရမှာပါပဲ။ တကယ့်ကို အဖိုးတန်တဲ့ ပို့စ်တွေရှိသလို ကဏ္ဍတွေလည်း စုံပါတယ်။ Blogs, Books, Forums စသည်ဖြင့် စုံနေအောင် စီစဉ်ပေးထားတာ တွေ့ရပါတယ်။ ကျွန်တော် အခုညွှန်းလိုတဲ့ ပို့စ်ကတော့ ကို everlearner ရေးတဲ့ Solving Systems Problems with or without Experiences – ပြဿနာ ဖြေရှင်းနည်း စနစ်များ ဆိုတဲ့ ပို့စ်ကလေးပါ။ ပြဿနာဖြေရှင်းတဲ့ နေရာမှာ Systems တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အဓိကဆိုပေမယ့် ဘယ်နေရာမှာ မဆိုသုံးလို့ရနိုင်တဲ့ ဖြေရှင်းနည်းတွေပါပဲ။

MMShare.ORG

ပြဿနာတစ်ခုကို ပြေလည်စေရန် ဖြေရှင်းရခြင်းသည် နည်းပညာနှင့် အတွေ့အကြုံတို့ကို တစ်ဝက်စီ ပေါင်းစပ်အသုံးပြု ဖြေရှင်းရသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ အတွေ့အကြံုရှိသူဖြစ်စေ ယခုမှ စတင်၍ လုပ်ငန်းခွင်ဝင်သူဖြစ်စေ ပြဿနာတစ်ခုကို စနစ်တကျ ချဉ်းကပ် ဖြေရှင်းတတ်ရန် အထူး အရေးကြီးပါသည်။

Facebook comments:

One Response

  1. ZT says:

    ကျေးဇူးဗျာ – mmshare ကို ကျွန်တော်ရောက်ခဲ့ပြီ – နည်းပညာအကြောင်းနဲ့ ပတ်သတ်ရင် How to တွေဖတ်ရတာထက် ခုလို ဆောင်းပါးပုံစံမျိုးတွေ ဖတ်ရတာ ကျွန်တော် သဘောကျမိတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာ – ပြဿနာတစ်ခုကို ချဉ်းကပ်ပုံ ၊ ထင်မြင်ယူဆချက် – ဒါတွေပါဝင်တဲ့ ဆောင်းပါးမျိုးဆိုတာ စာဖတ်သူအတွက် အမြဲတမ်း ဖတ်နေသင့်တဲ့ ဆောင်းပါးမျိုးတွေလို့ ကျွန်တော်တော့ ထင်တယ်။ နောက်လည်း အမြဲဖတ်ဖြစ်နေမယ့် Site တစ်ခု ဆိုတာတော့ အသေအချာပါပဲ။

    ZT.

Leave a comment


*