NTU သို့ တစ်ခေါက် @Saturngod

ကျွန်တော်ဘဝမှာ တက္ကသိုလ်တွေ အကြောင်း စာအုပ်တွေ ဖတ်ဖူးပါတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာအုပ်တွေနဲ့ ကြီးပြင်ခဲ့ရတဲ့သူ ဆိုတော့ တက္ကသိုလ် ကျောင်းသား ဘဝတွေကို လွမ်းမောနေမိတာ မထူးဆန်းပါဘူး။ တက္ကသိုလ်နဲ့ ပတ်သက်ရင် တက္ကသိုလ် အကြောင်းတွေ ရေးထားတဲ့ စာတွေဆိုရင် ဘယ်စာမဆို အငမ်းမရ ဖတ်တတ်ပါတယ်။ ဒီတစ်ခါ ဖတ်လိုက်ရတဲ့ ကိုစေတန် ရေးထားတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတော့ ရင်ထဲမှာ လွမ်းမောသလိုမျိုး မခံစားရပဲ စိတ်ထဲမှာ ဝမ်းနည်းလာပါတယ်။ နိုင်ငံတစ်ခု တိုးတက်တာ ဘာကြောင့်လဲ ဆိုတာ သိချင်ရင် သူတို့ဆီက တက္ကသိုလ်တွေ ကိုကြည့် ဆိုပြီး အဆိုရှိပါတယ်။ အော် ဒါကြောင့် တိုးတက်နေတာပါလား ဆိုပြီးလည်း သိခဲ့ရပါတယ်။

ကျွန်တော်တို့မှာ အရည်အတွက် အားဖြင့်တော့ အရင်ထက်အများကြီး တိုးတက်လာခဲ့တာ အသိအမှတ် ပြုရမှာပါ။ ဒါပေမယ့် တကယ့် အရည်အချင်း အတွက်ကိုတော့ ကျွန်တော်တို့ ကြိုးစားကြရပါဦးမယ်။ ကျွန်တော်တို့ အများကြီး ကြိုးစားကြရပါဦးမယ်။ ကဲဗျာ … ကြာပါတယ် ကိုစေတန်နဲ့ အတူ NTU ကို သွားလည်ကြရအောင် …

NTU သို့ တစ်ခေါက် @ Saturngod

Facebook comments:

Leave a comment


*