FaceBook And Privacy @ HtooTayZar

ကျွန်တော်တို့ အနေနဲ့ အများအားဖြင့် Terms and Conditions ဆိုရင် ဘာမှ သေသေချာချာ မဖတ်ပဲ Agree လုပ်လေ့ရှိပါတယ်။ အဲဒီလို အလေ့အထ မျိုး ဘာကြောင့် ဖြစ်လာရသလဲ ဆိုတော့ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားကို ဘယ်လိုမှ မထိခိုက်နိုင်ဘူး၊ နောက် ငွေရေးကြေးရေးနဲ့လည်း မသက်ဆိုင်ဘူးလို့ ယူဆကြတာ ကြောင့်လည်း ပါပါတယ်။ တကယ်တန်း Online မှာ ငွေပေးငွေယူ (ဥပမာ – Hosting ဝယ်ဖို့အတွက် ငွေချေတာမျိုးတွေမှာ) Terms and Conditions တွေကို သေသေချာချာ ဖတ်ဖို့ လိုပါတယ်။ ကျွန်တော်ကိုယ်တိုင် တွေ့ကြုံဖူးတဲ့ အတွေ့အကြံုအရ Yahoo မှာ Domain တစ်ခု ဝယ်ပြီး Terms and Conditions ကို သေသေချာချာ မဖတ်မိခဲ့ပါဘူး။ ပထမ တစ်နှစ်မှာ ၉.၅ ဒေါ်လာသာ ကျသင့်ခဲ့ပေမယ့် ဒုတိယနှစ်မှာတော့ ၃၅ ဒေါ်လာကို အော်တိုဖြတ်သွားပါတယ်။ ဒီလိုနဲ့ ပြန်ကြည့်တော့ သူတို့ရဲ့ Terms & Condition မှာ ပါပြီးသား ဖြစ်နေခဲ့ပါတယ်။ ဒီတော့ စိတ်နာနာနဲ့ Domain ကို ဖျက်ပစ်လိုက် ပါတော့တယ်။ တကယ်တော့ Yahoo အနေနဲ့ ဒီလောက် စျေးတွေ သက်သာနေတဲ့ အထဲမှာ ပထမတစ်နှစ်မှာ ၉.၅ ဒေါ်လာ နောက်နှစ်မှာ ၃၅ ဒေါ်လာ ဆိုတာတော့ မိုက်ရိုင်းလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီတော့ တွေ့တဲ့သူတိုင်း Yahoo မှာ Domain မဝယ်ပါနဲ့လို့ တိုက်တွန်း ပါတယ်။

Facebook and Privacy

ဒီလို Privacy Policy တွေ မဖတ်တာ Terms and Conditions တွေ မဖတ်တာကို တပ်လှန့်ပေးထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ်ကို ညွှန်းလို ပါတယ်။ Facebook F8 ဆိုတဲ့ Facebook Events အပြီးမှာ ထွက်ပေါ်လာတဲ့ Terms and Conditions တွေ အပေါ်မှာ အသေးစိတ် သုံးသပ် ထားပါတယ်။ Facebook ကို အရမ်းအသုံးများလာတဲ့ အချိန်မှာ Facebook အနေနဲ့လည်း Commercial Advantages တွေများများ ရယူပြီး အင်ပါယာ ထူထောင်လာနေတဲ့ သဘောတွေလည်း အများကြီး တွေ့ရပါတယ်။ ဒီတော့ မသုံးမဖြစ် Facebook မှာ မသိမဖြစ် အကြောင်းအရာ တွေပဲလို့ ညွှန်းရမှာ ဖြစ်ပါတယ်။ အသေးစိတ် ပြည့်စုံအောင် လေ့လာပြီး ရေးထားတဲ့ အတွက် လေးစားစရာ ကောင်းတဲ့ အရေးအသားလည်း ဖြစ်ပါတယ်။

Facebook အသုံးပြုသူတိုင်း ဖတ်ကို ဖတ်ထားသင့်တဲ့ တန်ဖိုးရှိတဲ့ ဆောင်းပါးပါပဲ။

http://www.htootayzar.com/myblog/2010/05/facebook-and-privacy

Facebook comments:

2 Responses

  1. pokefreaks says:

    I read from some article on the internet that one of the terms & conditions on fb is that they get all the rights to use and own the photos that you uploaded on their site. Haven’t check it back personally since I’m one of those guys, lol.

Leave a comment


*