Enough is Saturngod

ကို Saturngod ရေးထားတဲ့ ပို့စ်လေးဟာလည်း နည်းပညာကို လေ့လာနေတဲ့ သူတွေအတွက် အများကြီး အသုံးဝင်ပါတယ်။ တကယ့်ကို အလုပ်အကိုင် နယ်ပယ်ကို ရောက်သွားတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်တွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။ နောက် ကိုယ်ကိုယ်တိုင် ဘယ်လိုရွေးချယ်သင့်သလဲ ဆိုတဲ့ နည်းလမ်းကောင်း လေးတွေကိုလည်း ညွှန်းပေးနိုင်ပါတယ်။ ဒီပို့စ်အတွက် ကို Saturngod ကို Myanmar Tutorials က ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့တွေဟာ တော်တော်လေးကို လောဘကြီးတယ်ဗျ။ လောဘကြီးတယ်ဆိုတာက ပညာ လောဘကြီးကျတာ။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် လောဘကြီးမှန်းလည်း ကိုယ်တိုင်လည်း မသိကျတာများတယ်။ ကျွန်တော် ရန်ကုန်မှာတုန်းကဆို စာတော်တော်များများ ဖတ်ဖြစ်တယ်။ သတင်းတွေလည်း အတတ်နိုင်ဆုံးဖတ်တယ်။ ROR ဆိုလည်း လုပ်လိုက်တာပဲ။ python လည်း စမ်း။ php လည်းချ။ java , c# လည်း လုပ်တာပဲ။ စာအုပ်တွေလည်း အကုန်ဖတ်ပဲ။ ဒီရောက်တော့ အဲလို မလုပ်နိုင်တော့ဘူး။ ရုံးဆင်းချိန် ၈ နာရီလောက် အိမ်ပြန်ရောက်တော့ ပင်ပန်းနေပြီ။ news တွေလည်း weekend မှ ပေါင်းဖတ်ပဲ။ ညဘက်ရောက်တော့ ကိုယ်စိတ်ဝင်စားတာလေးတွေ လုပ်ပေါ့။ ( Anime ဇာတ်လမ်းတွဲတွေ ကြည့်တာ များတယ်) ရုံးက ပြန်ရောက်လာရင် ခေါင်းက ဘာမှ စဉ်းစားလို့မရတော့ဘူး။ ခေါင်းအေးအေးလေးနဲ့ ကိုယ်လက်လှုပ်ရှားစရာမလိုပဲ ငြိမ့်ငြိမ့်လေးဖြစ်တဲ့ သီချင်းနားထောင်တာတို့ ရုပ်ရှင်ကြည့်တာတို့လောက်ပဲ လုပ်ဖြစ်တော့တယ်။

Facebook comments:

Leave a comment


*