C# Developer’s Web Sites
ကျွန်တော်တို့ အင်တာနက်ကို အသုံးပြုမယ် ။ ကိုယ်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် Web Sites တွေကို လိုက်ရှာမယ် ။ ဒီလိုနဲ့ တွေ့တဲ့ အခါလည်းတွေ့၊ မတွေ့တဲ့ အခါလည်း အကြောင်း အမျိုးမျိုးပေါ်လာပြီး လမ်းလွဲ၊ ဒီလိုနဲ့ လိုရင်းမရောက်ခဲ့တဲ့ အကြိမ်တွေက များခဲ့ပါပြီ။ ဒီနေ့တော့ ကျွန်တော် C# ကို လေ့လာဖို့အတွက် အကောင်းဆုံး Web Sites များ စာရင်းကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
C# Corner
Free Source Site တစ်ခုဖြစ်တဲ့ ဒီ Site ကို Professionals များစွာက ၀ုိင်းဝန်း ထိန်းသိမ်းပေးနေကြပြီး သူတို့ရဲ့ ကျွမ်းကျင်ရာ အပိုင်းနဲ့ ပတ်သက်တဲ့ Coding တွေကို မျှဝေပေးဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ် ။
C# Help
Forum posting ပေါင်း ၅ သောင်းကျော် ၊ နည်းပညာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာခေါင်းစဉ်ပေါင်း ရ၀၀ ကျော်လောက်ရှိနေတဲ့ ဒီ Site ကလည်း C# Developer များ မျက်စိကျရာ Site တစ်ခုပါ ။
C# Practical Learning
အသုံးဝင်လှတဲ့ examples များ ၊ step-by-step ညွှန်ကြားချက်များ ၊ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စနစ်တကျ ပါ၀င်နေတဲ့ အတွက်ကြောင့်လည်း ဒီ Site ဟာ C# Developers များ အတွက် အရေးပါနေခဲ့တာ ဖြစ်ပါတယ်။
CodePlex
Microsoft ရဲ့ Open Source Project Hosting Web Site တစ်ခုဖြစ်ပါတယ် ။ Project အသစ်တစ်ခုကို စတင်ဖန်တီးဖို့ အဆင်ပြေစေရုံသာမက မိမိ ဖန်တီးထားတဲ့ Project တွေကို Internet ပေါ်မှာ ပြန်လည်မျှဝေပေးနိုင်ဖို့ အကူအညီပေးနိုင်တဲ့ Site တစ်ခုပါ ။
Code Project
Developers များအချင်းချင်း တွေ့ဆုံပြီး နည်းပညာ ဆိုင်ရာ အချက်အလက်တွေ ဖလှယ်နိုင်တဲ့ အကောင်းဆုံး Site တစ်ခုပါ ။ လက်ရှိ အသင်းဝင်အရေအတွက် ရ သန်းကျော်ရှိပြီး Online ဖြစ်နေတဲ့ Developer အရေအတွက်များပြားနေခြင်းက ဒီ Site အပေါ် Developers များရဲ့ စိတ်ဝင်စားမှုကို ဖေါ်ပြပေးနေပါတယ် ။
DotNetKicks
နောက်တစ်ခုက DotNetKicks ပါ ။ Developers တွေ တင်ပေးထားတဲ့ Post တွေဟာ Kick အရေအတွက်ပေါ်မူတည်ပြီး ဘယ်လောက် အထိ Popular ဖြစ်တယ်ဆိုတာ သိနိုင်အောင် ဖန်တီးပေးထားတဲ့ Site တစ်ခုပါ ။
MSDN Forums
MSDN ( Microsoft Developer Network ) Forums ကလည်း C# Developer များ ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် Web Site တစ်ခု ဖြစ်ပါတယ် ။
MSDN Library
Programming ဆိုင်ရာ သတင်းအချက်အလက်များ ၊ ကိုးကားချက်များစွာကို ပြည့်ပြည့်စုံစုံ ဝေဝေဆာဆာ ဖေါ်ပြပေးထားတဲ့ ဒီ Site ဟာလည်း အရေးပါတဲ့ Site တစ်ခု ဖြစ်ပါတယ် ။
PInvoke.net
Programming Wiki လို့ တင်စားခေါ်ဝေါ်တဲ့ Site လေးတစ်ခုဖြစ်ပြီး လိုအပ်လာရင် Site ပေါ်မှာတင်ထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို အလွယ်တကူ ပြုပြင်ခွင့် ၊ ထည့်သွင်း ဖြည့်စွက်ရေးသားခွင့် ပေးထားတဲ့ Site တစ်ခု ဖြစ်ပါတယ် ။
ASP.NET
Video Tutorials ပေါင်းများစွာဖြင့် C# Developers များ အကြား ရေပန်းစားနေသော Web Site တစ်ခု ဖြစ်ပါတယ် ။
SourceForge.net
Open Source Community ကို ရည်ရွယ်ထားပြီး လိုအပ်တဲ့ Projects ၊ Source Code စတာတွေကို တစ်နေရာတည်းမှာ စုစည်းပေးထားတဲ့ Site တစ်ခု ဖြစ်ပါတယ် ။
Net-Informations
Site ရဲ့ အသွင်အပြင် ရိုးရှင်းလွန်းပြီး ဖေါ်ပြပေးထားတဲ့ အကြောင်းအရာများကလည်း အရိုးရှင်းဆုံးနဲ့ ထိထိမိမိရှိအောင် ဆက်စပ် ဖေါ်ပြပေးထားပါတယ် ။ အကြောင်းအရာတစ်ခုကို ဆက်စပ် လေ့လာလိုသူတွေအတွက် စိတ်တိုင်းကျစေမယ့် Site လေး တစ်ခု ဖြစ်ပါတယ် ။
JAVA2S
Programming Languages တော်တော်များများကို စုစည်းတင်ပြပေးထားတဲ့ Site တစ်ခုပါ ။ နောက်ဆုံးပေါ် နည်းပညာရပ်များကိုပါ အချိန်နဲ့ တပြေးညီ ပြောင်းလဲ သင်ပြပေးနိုင်အောင် ဆောင်ရွက်ပေးနေတဲ့ Site တစ်ခု လည်း ဖြစ်ပါတယ် ။ Programming Languages များကို လေ့လာဖို့ အတွက် အကောင်းဆုံး စာရင်းထဲမှာ ပါ၀င်နေတဲ့ Site တစ်ခုပါ ။
Dream in Code
C# Expert များရဲ့ Coding များ ၊ Tutorials များ ကို လည်း တစ်နေရာတည်း မှာ တစ်စုတစ်စည်းတည်း တွေ့မြင်နိုင်တဲ့ Site တစ်ခု ဖြစ်ပါတယ် ။ ကျွန်တော်တို့ သိလိုတဲ့ အကြောင်းအရာ တော်တော်များများ ဟာ ဒီ Site မှာ မေးမြန်းထားပြီးသား ဖြေကြားထားပြီးသား အကြောင်းအရာတွေတောင် ဖြစ်နေတတ်ပါတယ် ။
စာဖတ်သူများအနေနှင့်လည်း မိမိတို့ လက်စွဲ အသုံးပြုနေသော C# နှင့် ပတ်သက်သော အသုံးဝင်သည့် Site များကို Comment ပေးထည့်သွင်း ဖေါ်ပြပေးနိုင်ပါတယ် ။
ဒီ Post မှာ ဖေါ်ပြပေးထားတဲ့ Web Sites များကို EBook အနေနဲ့ သိမ်းထားချင်တယ် ဆိုရင် ….
You can download below :
Reference : http://www.csharp411.com/best-c-web-sites/ ကို ဘာသာပြန် တင်ပြပေးထားပါသည် ။
Facebook comments:

















Very Nice….thanks…a lot !!!
http://net-informations.com/
http://www.java2s.com/
http://www.dreamincode.net/
ဒီဆိုဒ်လေး သုံးခုပါ အဆင်ပြေရင် ပေါင်းပေးပါလား အင်ဒမင်..
လေးစားစွာဖြင့်..
ကို ပြည့်ဖြိုးရေ ပေါင်းထည့်ပေးလိုက်ပါဦးခင်ဗျ
ကိုသီဟရေ ..
ဇင်ရော် ထည့်သွင်းပေးစေလိုတဲ့ Links များကို ကျွန်တော် အခု ထည့်သွင်းပေးပြီး ဖြစ်ပါတယ် ။
အားလုံးပဲ C# Developers များအတွက် အသုံးဝင်မယ့် Web Sites များကို ကူညီ ပါဝင် ဖြည့်စွက်ပေးဖို့ကိုလည်း ဒီနေရာကနေပဲ ဆက်လက် ဖိတ်ခေါ်အပ်ပါတယ် ဗျာ ..
အရမ်းဝမ်းသာပါတယ် ဗျာ !!!
အခုလို ပူးပေါင်းပါဝင် မျှဝေပေးတဲ့ အတွက်ပါ ။
ဇင်ရော်
အရမ်းကောင်းတဲ့ Links များ ဖြစ်ပါတယ် ။ ကျေးဇူးတင်ပါတယ် ဗျာ …
Myanmar Tutorials Interview တွေထဲက Mg Pyone Interview မှာ ပေးထားတဲ့ Link လေးတစ်ခုပါ ။ C# Developers များအတွက် Reference ယူထားသင့်တဲ့ Link ကောင်းလေးတစ်ခုပါ ။
stackoverflow
http://stackoverflow.com/questions/tagged/c%23
One Tier ,
Two Tiers ,
Three Tiers Architecture စတင်လေ့လာမယ် ဆိုရင်
http://msdn.microsoft.com/en-us/beginner/bb308760.aspx
For .Net Framework 3.5 !
http://www.telerik.com/support/demos.aspx
http://myanmarasp.net/blog
Thanks bro !!!
Today , I visited your site and I really like it .
But , I think Contents are a little confuse .
Stringlive .
.Net နှင့် ပတ်သက်ပြီး Tutorials , Resources , Forums , Interview , Projects အကြောင်းတွေကို စုစည်း လေ့လာနိုင်ရန် …
http://www.dotnetspider.com
C# Developers များအတွက် Reference တစ်ခု အဖြစ် အားထားရာ
http://www.dotnetheaven.com/
C# အကြောင်း ၊ OOP အကြောင်းကို အခြေခံ ကစလို့ မြန်မာလို လေ့လာလိုသူ Beginners များ အတွက် လမ်းညွှန် Web Site တစ်ခု
http://sevenlamp.wordpress.com/category/c/basic-of-c/
ဒီ Site လေးကတော့ မဖြစ်မနေ ညွှန်ပေးရမယ့် Site တစ်ခုပါ ။
C# Windows ပိုင်းကို မြန်မာလို အဓိက ထား သင်ကြားပေးထားပြီး C# Web သမားများလည်း အတွက်လည်း Reference ယူ စရာတွေ များလွန်းတဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ် ။
http://lovelace.yolasite.com/programming.php
တကယ်တမ်း coding တွေကို standard ကျကျOOP ကျကျ ရေးမယ်ဆိုရင် ပြသနာလေးတွေအနည်းနဲ့အများကြုံတွေ့နိုင်ပါတယ်။
object တွေကိုဘယ်လိုဆောက်မလဲ။ဘယ်လိုချိတ်မလဲဆိုတာ တွေပေါ့။Desing Patterns ဆိုတာ တကယ်တော်တဲ့ developer guru ကြီးတွေကသူတို့ကြုံခဲ့ရတယ့် အခက်အခဲတွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်း ထားတယ် ဆိုတာတွေပါ ။သူတို့ကဖြေရှင်းပြီးသားဆိုတော့ကျနော်တို့က အဆင်သင့်ယူသုံးလိုက်ရုံပေါ့။တကယ့် Professional Developer ဖြစ်ချင်တယ်ဆိုရင် Desing Patterns တွေကိုမသိလို့မရပါဘူး။
Design Patterns တွေ လေလာဖို့ အကောင်းဆုံး နေရာတစ်ခု ( သို့ )
http://www.dofactory.com/Patterns/Patterns.aspx
အခု နောက်ပိုင်း Report ထုတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ Crystal Report ကို စတင်လေ့လာဖို့ နေရာတစ်ခု
http://www.crystalreportsbook.com/Crystal_Reports_Net_Ch01_1.asp
Stringlive အကိုရေ အကိုတို့ဆိုဒ်ကို အရမ်းသဘောကျတယ်ဗျာ..မြန်မာတွေ အားလုံးအတွက် တကယ်ကို အားထားရာ နေရာလေးဖြစ်လာမှာပါ…ညီလည်းတစ်ခြား ကိစ္စလေးတွေ ရှိနေလို့ reply ပြန်တာ နောက်ကျသွားတယ် .. ဒီလင့်လေးကိုလည်း ဒီနေရာမှာ ထပ်ပေါင်းပေးပါအုံးအကို..
http://www.homeandlearn.co.uk/csharp/csharp.html
ပြီးတော့ အစ်ကို့ဆီက ခွင့်ပြုချက် တစ်ခုလောက်တောင်းချင်လို့..အစ်ကိုဒီနေရာမှာ ရေးထားတဲ့ စာအုပ်လေးကို ပြန်လည်မျှဝေခွင့်ပြုပါ..ညီလည်း အစ်ကိုနာမည်နဲ့ဒီဆိုဒ်ကို credit ပေးထားမှာပါ..
တစ်ခြားညီအစ်ကိုမောင်နှမတွေ ဖတ်နိုင်အောင်ပါခင်ဗျာ..
http://www.myanmartutorials.com/mm-tutorials/csharp/c-programming-fundamentals/
ခင်မင်စွာဖြင့်..
ဇင်ရော် ရေ ..
အစတည်းက အားလုံးအတွက် ရည်ရွယ်ရေးသားထားခြင်း ဖြစ်တဲ့အတွက် ပြန်လည်မျှဝေခွင့် ပြုပါတယ် ဗျာ .
ဟုတ်ကဲ့ အကို.. ကျေးဇူးတင်ပါတယ်ဗျာ.. ကျွန်တော်တို့က အခုမှစလေ့လာနေတာဆိုတော့ အကိုတို့တွေ အခုလို ရေးပေးတာ အရမ်းကို ကျေးဇူးများပါတယ်ဗျာ.. ကျေးဇူးတင်ပါတယ်အကို.. နောင်လည်း ဒီထက်ပိုပြီး ပညာတွေ ဝေမျှနိုင်ပါစေဗျာ.. အကိုaccount ကို ညီဒီဆိုဒ်မှာ တစ်ခါမြင်မိသလိုပဲ.. အခုအပ်မလို့ လိုက်ရှာတော့ မတွေ့ဘူးဖြစ်နေတယ်အကိုရ..အဆင်ပြေရင် အကောင့်လေး ချန်ထားပေးခဲ့ပါလားအကို..
ခင်မင်စွာဖြင့်..
Email : Stringlive@gmail.com
ဟုတ်ကဲ့ အကိုရေ ကျေးဇူးပါပဲ…ဒါနဲ့ဆိုဒ်မှာ comment ပေးတဲ့ ပုံစံလေးတွေ ပြောင်းထားတာပဲ..ကောင်းပါတယ်..