Coaxial Cable (Network) ဆိုတာ

@-Coaxial Cable-@

Coaxial cable is made of two conductors that share the same axis; the center is a copper wire that is insulated by a plastic coating and then wrapped with an outer conductor (usually a wire braid). This outer conductor around the insulation serves as electrical shielding for the signal being carried by the inner conductor. A tough insulating plastic tube outside the outer conductor provides physical and electrical protection. At one time, coaxial cable was the most widely used network cabling. However, with improvements and the lower cost of twisted-pair cables, it has lost its popularity.

Coaxial (ကိုအိတ်စ်ဆယ်) ကြိုး

Coaxial ကို ကျွန်တော့အနေနဲ့ (ကိုအိတ်စ်ဆယ်) လို့ လွယ်လွယ်ပဲ အသံထွက်လိုက်ပါတယ် .. မြန်မာပီပီဆိုတော့။ အသံထွက်ထက် သူ့အကြောင်း လေးတွေကို ဆက်ကြည့်ရအောင်ဗျာ .. ။ သူဘာအလုပ်လုပ်လဲ အဲဒီကြိုးမှာ ဘာတွေပါ၀င်လဲဆိုတာ ကြည့်ရမယ်ဆိုရင် .. သူ့မှာ ကျနော်ပုံမှာ ပြထားသလိုပါပဲ .. အလည်တည့်တည့် အူတိုင်မှာ (Copper)လို့ ခေါ်တဲ့ မာကြောတဲ့ ကြေးနန်းကြိုး တစ်ကြိုးပါရှိပါတယ်။ အဲဒီအပြင်မှာမှ အဲဒီ ကြေးနန်းကြိုးကို ကာကွယ်ထားတဲ့ ပလပ်စတစ်အမာသား ပါပါတယ်။

အဲဒီပလပ်စတစ် အမာသားအပေါ်မှာမှ ထပ်ပြီးတော့ .. (Wire Braid) လို့ခေါ်တဲ့ ဆံပင်ကျစ်သလို ကျစ်ထားတဲ့ ကြေးနန်းကြိုး တစ်လွှာ ထပ်ပါလာ ပါသေးတယ် .. ။ နောက်ဆုံးတော့မှ အပေါ်ဆုံး (သို့) အပြင်ဆုံး အကာအရံအနေနဲ့ (Insulating Plastic) လို့ခေါ်တဲ့ ပလပ်စတစ်အပျော့စား တစ်လွှာနဲ့ ကာရံထားတာကို တွေ့ရမယ်ဖြစ်ပါတယ်။ လျှပ်စီးမှုက လူကိုအန္တရယ် မပေးနိုင်အောင်နဲ့ ကြိုးမှာရှိတဲ့ အဓိက (Main Copper) ကြိုးကို ထိခိုက်ပျက်စီးမှုမှ ကာကွယ်ရန်ဆိုတာ ပြောစရာမလိုအောင် သိတဲ့အတိုင်းပါပဲ .. ။

ကျနော်တို့ အရင်တုန်းက (Coaxial) ကြိုးကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပေမယ့်၊ စျေးသက်သာပြီး အသုံးပြုရ လွယ်ကူတဲ့ နံပါတ်(၂)အမျိုးစားဖြစ်တဲ့ (Twisted-Pair) ကြိုးတွေကသာ (Networking) လောကမှာ နေရာယူလာခဲ့ပါတယ်။ Coaxial ကြိုးကို အသုံးပြုသူ အလွန်နဲပါး သလောက်ရှိနေပါပြီ .. ။

သူ့မှာ အမျိုးစားကွဲ (၂)မျိုးထပ်ရှိလာပါတယ်။ အဲဒါတွေကတော့ -

(1) ThickNet (အထူ/အကြီး အမျိုးအစား)

(2) ThinNet (အသေး/အပိန် အမျိုးအစား) တို့ဖြစ်ကြပါတယ်။

(1) ThickNet (အထူ/အကြီး အမျိုးအစား)

ThickNet is about 0.38 inches in diameter. This makes it a better conductor, and it can carry a signal about 1640 feet (500 meters) before signal strength begins to suffer. The disadvantage of ThickNet over ThinNet is that it is more difficult to work with. The ThickNet version is also known as standard Ethernet cable.

ကျနော်အပေါ်မှာ ပြောခဲ့သလိုပဲ ThickNet လို့ခေါ်တဲ့ (အထူ/အကြီး)စား Coaxial ကြိုးကြီးဟာဆိုရင် စက်ဝိုင်း ပတ်လည် အချင်းအနေနဲ့ကြည့်ရင် (၀.၃၈)လက်မ ရှိတယ်လို့ပြောပါတယ်။ သူဟာဆိုရင် Signal လို့ခေါ်တဲ့ အချက်အလက် လိုင်းကြောင်းတွေကို ကြိုးအရှည် (၁၆၄၀-ပေ= မီတာ-၅၀၀)အထိ သယ်ယူနိုင်တဲ့ စွမ်းအား ရှိပါတယ်တဲ့။ အထူအမျိုးအစားက အသေးအမျိုးစားနဲ့ ယှဉ်လိုက်တဲ့အခါမှာ လုပ်ငန်းလုပ်ဆောင်ရာမှာ နဲနဲအခက်ရှိတယ်လို့ ပြောပါတယ်။ ThickNet အထူစားကို နောက်တစ်မျိုးအနေနဲ့ .. (Standard Ethernet Cable) လို့ပြောတဲ့ စံစနစ်ထားသုံးတဲ့ ကြိုးတစ်ကြိုးပဲ ဖြစ်ပါတယ်… အရင်ခေတ်တုန်းကပေါ့ဗျာ .. ။

(2) ThinNet (အသေး/အပိန် အမျိုးအစား)

Thin Net is the easiest to use. It is about 0.25 inches in diameter, making it flexible and easy to work with (it is similar to the material commonly used for cable TV). ThinNet can carry a signal about 605 feet (185 meters) before signal strength begins to suffer.

ကဲ .. ဒါကတော့ နောက်တစ်မျိုးဗျာ .. ThinNet (သို့့မဟုတ်) အသေးစား (Coaxial) ကြိုးအမျိုးအစားပေါ့ဗျာ။ သုံးရတာ အရမ်းလွယ်ကူပါတယ် .. ကြိုးအထူစားနဲ့ ယှဉ်ကြည့် လိုက်တဲ့ အခါမှာပေါ့ဗျာ။ သူ့ရဲ့ လုံးပတ်လည်အချင်းက (၀.၂၅)လက်မပဲ ရှိတယ်ဗျ။ ဘာနဲ့သွားတူသလဲဆိုတော့ .. ကျနော်တို့၊ ခင်ဗျားတို့ အများဆုံး မြင်ဖူးကြတဲ့ တီဗွီကြိုး ဖြူဖြူလေးလေ အဲ .. အဲဒီလိုပါပဲဗျ။ သူဟာဆိုရင် Signal လို့ခေါ်တဲ့ အချက်အလက် သယ်ဆောင်ရာ လမ်းကြောင်းတွေကို ကြိုးအရှည် (၆၀၅-ပေ=မီတာ ၁၈၅)အထိ သယ်ယူနိုင်တဲ့ စွမ်းအားရှိပါတယ်တဲ့။ ကြိုးအကြီး/အထူစားထက် ပမာဏအရှည်က တိုပေမယ့် အသုံးပြုရလွယ်ကူတဲ့အတွက် .. သွင်ကျယ်စွာ အသုံးပြုကြပါတယ်။

အောက်ဖော်ပြပါ ဇယားကို ကြည့်ခြင်းအားဖြင့် .. ကြိုးအမျိုးအစားနှစ်မျိုးဖြစ်တဲ့ ThinkNet နဲ့ ThickNet တို့ရဲ့ ကွာခြားပုံနဲ့ စွမ်းရည်များကို နှိုင်းယှဉ် နိုင်ပါတယ်။

BNC (Coaxial Network Card)

Coaxial Cable can only be used with a BNC (bayonet-Neill_Concelman) Connector. The following image will show you a BNC Connector.

ကျနော်အပေါ်မှာ ပြောခဲ့တဲ့ Coaxial Cable ကြိုးကြီးအကြောင်းကိုတော့ သိပါရဲ့ဗျာ။ သို့ပေမယ့် ကျနော်တို့ သူ့ကိုဘယ် (Interface) ကြားခံ ချိတ်ဆက် ပစ္စည်းတစ်ခု (သို့) ကဒ်တစ်ခုပေါ့ဗျာ .. အဲဒါနဲ့ ဘယ်လိုသုံးမလဲဆိုတာ သိဖို့ပဲ လိုအပ်ပါတော့တယ်။ လျှစ်စစ်မီးကြိုးတွေတောင် (Plug) ပေါက်တွေမှာ ချိတ်ထိုးပြီးတော့ အသုံးပြုရသလိုပေါ့။ ထိုနည်း၄င်းပဲ Coaxial Cable ကြိုးကြီးမှာလည်းပဲ အဲဒီကြိုးကို ဆိုက်ဝက် အသုံးပြုဖို့ရာ (Interface) လို့ခေါ်တဲ့ ကြားခံ ကဒ်လေးပေါ့။

အဲဒီကဒ်ကို ကျနော်တို့ (BNC) လို့ခေါ်ပါတယ်ဗျ .. ။ အရှည်ကောက်ကတော့ .. (Bayonet-Neill-Concelman) လို့ ခေါ်ပါတယ်ဗျ။ BNCရဲ့ ပုံလေးကို ရှုစားကြပါအုံးဗျ။ (^_^) …

ကျနော် Coaxial Cable အကြောင်းကို ဒီလောက်နဲ့ပဲ နားမယ်ဗျာ။ ကျနော်တို့ရဲ့ ဒီခေတ်ထဲမှာ အသုံးများတဲ့ (UPT) Ethernet Cable အကြောင်းလေး ရေးရအုံးမယ်ဆိုတော့။ နောက်ပို့စ်တွေမှာ စောင့်မျှော် ဖတ်ရှုကြပါခင်ဗျား .. ။ အားပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်ဗျ …

Facebook comments:

One Response

  1. Khinmg says:

    ဆက်ရက်ပေးပါကွာ ဆန့်ငင်ငင်တော့လုပ်ပါနဲ့ ဒီဝက်လေမှာပဲ သရေလေးတမြမြ နဲ ့ဖတ်နေရတာ thanks ညီလေး

Leave a comment


*