ကွန်ပျူတာကွန်ယက် (Networking)

စာဖတ်သူ တစ်ယောက်က (Networking) အခြေခံလေး ပြောပြပါဆိုလို့ ကြားဖြတ် အစီအစဉ်အဖြစ် တင်ပြလိုက်ပါတယ်။

In the world of computers, networking is the practice of linking two or more computing devices together for the purpose of sharing data. Networks are built with a mix of computer hardware and computer software.

ကွန်ပျူတာလောကမှာ (Networking)ဆိုတဲ့ ကွန်ပျူတာ ကွန်ယက်စနစ်တွေကို တွေ့မြင်ရမယ် ဖြစ်ပါတယ်။ သူက ဘာကိုဆိုလိုတာလဲ ဆိုတော့ ကွန်ယက်လို့ ပြောပြီဆိုကတည်းက တစ်ခုတည်းတော့ မဖြစ်နိုင်တာတော့ သေချာတယ်ဗျ။ အနဲဆုံး ကွန်ပျူတာ (၂)လုံးမှ အလုံးပေါင်း သန်းရာနဲ့ ချီပြီးတော့လည်း ဖြစ်နိုင်ပါတယ် ..။

Networking ဆိုတဲ့ ကွန်ယက်စနစ်ကို ဘာလို့သုံးကြတာလဲ .. ဘာရည်ရွယ်ချက်နဲ့ သုံးလာခဲ့ကြသလဲ လို့မေးရင်.. (Data) လို့ခေါ်တဲ့ သတင်းအချက်အလက်တွေ၊ (resource sharing) လို့ခေါ်တဲ့ အရင်းအမြှစ်မျှဝေမှုတွေ အစရှိတဲ့ အရာများကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် မျှဝေနိုင်ကြရန်အတွက် ဖြစ်တယ်လို့ ဖြေပါမယ်။ ပုံစံကတော့ တစ်အိမ်နဲ့တစ်အိ်မ် ဟိုကူးဒီကူး ကူးသလိုပေါ့။ တစ်အိမ်တည်းတော့ နေလို့အဆင်ပြေမှာ မဟုတ်ပါဘူး။ အများနဲ့ဆက်ဆံရမယ် .. ပတ်ဝန်းကျင်နဲ့ နေရမယ်၊ အဲဒီလို အကြံအညဏ်တွေ အခက်အခဲတွေကို ကူညီဖြေရှင်းကြရတာပါပဲ။ အဲဒီထက်ပိုပြီးတော့ … ကျေးရွာတွေ၊ ရပ်ကွက်တွေ၊ မြို့နယ်တွေ၊ မြို့တွေနဲ့ နောက်ဆုံးအဆင့် နိုင်ငံအချင်းချင်း ချိတ်ဆက်သည် အထိ ကျယ်ပြန့်လာပါတယ်။

အရှင်းဆုံးဥပမာနဲ့ ပြောရရင် .. တစ်မြို့နဲ့တစ်မြို့ ကုန်ကူးတာတို့၊ နိုင်ငံ .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်ကူးတာတို့လိုပေါ့။ တစ်နိုင်ငံက ထုတ်ကုန်တွေကို ဟိုနိုင်ငံကို တင်ပို့ …။ ဒီနိုင်ငံက ထုတ်ကုန်တွေကို ဟိုနိုင်ငံကို ပြန်တင်ပို့ .. ။ အဲဒီပုံစံအတိုင်းပါပဲ၊ ကွန်ယက်လို့ခေါ်တဲ့ (Computer Network) ကြီးဟာလဲ အချက်အလက်တွေကို မျှဝေဖို့နဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းကြဖို့တွက် ထွက်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ် … ။

Network (ခေါ်) ကွန်ယက်တွေကို ဘယ်လို တည်ဆောက်ထားလဲဆိုရင် ကွန်ပျူတာ (Software) နဲ့ (Hardware) တွေကို ပေါင်းစပ်ပြီးတော့ တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်။ Software တွေကတော့ Network/Operating System တွေကအစ Networking application တွေကအဆုံး ပါ၀င်မှာ ဖြစ်ပါတယ်။ Hardware အနေနဲ့ကတော့ Networking Media လို့ခေါ်တဲ့ (Router, Firewall, Switch, Hub, Network Cable) အစရှိတဲ့ network media လို့ခေါ်တဲ့ ပစ္စည်းကိရိယာများ ပါ၀င်မှာဖြစ်ပါတယ်။

Area Networks (ကွန်ရက် အရွယ်အစား ပမာဏ)

Networks can be categorized in several different ways. One approach defines the type of network according to the geographic area it spans. Local area networks (LANs), for example, typically reach across a single home, whereas wide area networks (WANs), reach across cities, states, or even across the world. The Internet is the world’s largest public WAN.

နေရာဒေသ၊ ပထဝီအနေအထား ပေါ်မူတည်ပြီးတော့ (Network) ကွန်ယက်တွေလည်း အမျိုးအစား (အကျဉ်း/အကျယ်)တွေ ကွာခြားနိုင်ပါတယ်။ ဥပမာ (Local Area Network) လိုပြောတဲ့ (အိမ်တွင်း၊ ရုံးတွင်း) ကွန်ရက်ချိတ်ဆက်မှု၊ (Wide Area Networks) လို့ပြောတဲ့ တစ်မြို့နဲ့တစ်မြို့၊ တစ်မြို့နယ်နဲ့ တစ်မြို့နယ်၊ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်၊ နောက်ဆုံး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ … အထိ ကျယ်ပြန့်လာနိုင်ပါတယ်။ (Wide Area Network) တစ်ခုကို ဥပမာအရ ပြောရမယ်ဆိုရင် … (Internet) အင်တာနက်ဆိုတဲ့ ကွန်ယက်က … ကမ္ဘာ့အကြီးဆုံး (Wide Area Network) တစ်ခုဖြစ်ပါတယ်။

အကျဉ်းချုပ်အနေနဲ့ … Computer Networking (ကွန်ပျူတာ ကွန်ယက်) ဆိုတာ၊ ကွန်ပျူတာ တစ်လုံးထက် ပိုပြီးတော့ ချိတ်ဆက်သုံးလျှက်ရှိပြီး အချက်အလက်တွေ မျှဝေသုံးစွဲနေတဲ့ စနစ်တစ်ခုလို့ ပြောပါမယ်။ ဒီလောက်ဆိုရင် (Networking) အခြေခံ ပါးပါးလေး သိလောက်ပီ ထင်ပါတယ်။ ကွန်ယက်အမျိုးအစား၊ အရွယ်အစားကို အောက်ပါအတိုင်း ခေါ်ဝေါ်လေ့ရှိကြပါတယ်။

(၁) Local Area Network (LAN)  .. အသံထွက်က (လန်)တဲ့
(၂) Wide Area Network (WAN) .. အသံထွက်က (၀မ်) လို့ ထွက်ပါတယ်
ဒီနှစ်ခုက အသုံးများတဲ့ အခေါ်အဝေါ်များ ဖြစ်ပါတယ်။ အခြား အခေါ်အဝေါ်ဖြစ်တဲ့ (MAN, SAN, CAN) တွေလဲ ရှိပါတယ်။ ဒါပေမယ့် (LAN) နဲ့ (WAN)က အခြေခံ အကျဆုံး အခေါ်အဝေါ် ဖြစ်ပါတယ်။

Tips: Internet သည် ကမ္ဘာ့အကြီးဆုံး WAN နက်ဝက်ခ်ကြီး တစ်ခုဖြစ်ပါသည်။

Facebook comments:

6 Responses

  1. Lwan Maung says:

    Networking ပို ့စ်တွေ ဆက်ရေးပါဦးဗျ စောင့်နေတယ်နော်

  2. ဒီပို့စ်တစ်ခုတောင် သူ့ကိုမနည်းဖမ်းပြီး ရေးခိုင်းရတာဗျို့ မပူနဲ့ သူ့ဘလော့ထဲကဟာတွေ တစ်ခုပြီး တစ်ခုသွားစွဲမယ် :P

  3. ကျွန်တော်လည်း ဝင်ဖတ်ဖြစ်ပါတယ်၊ Networking အကြောင်းကို စိတ်ဝင်စားပါတယ်၊ နောက်ထပ် ပို့စ်တွေ ထပ်တင်ဦးမယ်ဆိုရင်လည်း ဖတ်ဖို့ ready စောင့်နေပါတယ် … :)

  4. Raymond Kyawminnaing says:

    http://swordfishnet.blogspot.com/ , Pls Visit and Suggest, my dear studying partners !

Leave a comment


*