ISP (Internet Service Provider)

လေ့လာသူတစ်ယောက်က အင်တာနက် အကြောင်းလေး ရေးပါအုံးဆိုပြီးတော့ Comment အသစ်လေး တစ်ခုကို တွေ့လိုက်တာနဲ့ အင်တာနက်နဲ့ ဆိုင်တဲ့အပိုင်း တစ်ခုလောက် ရေးမလားလို့ စဉ်းစားလာမိရာကနေ .. အခုလို ISP (Internet Service Provider) အကြောင်းကို မသိသေးတဲ့ သူတွေအတွက် ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါရစေ။

ISP (Internet Service Provider) - အင်တာနက် ၀န်ဆောင်မှုပေးသူ

အင်တာနက် ၀န်ဆောင်မှုပေးရာ ဌာန ISP (Internet Service Provider)က ဘာကိုဆိုလိုတာလဲ? ကျနော်ခေါင်းစဉ်မှာ ရေးထားသလိုပါပဲ .. ISP ဟာ အင်တာနက်ဆိုင်ရာ ချိတ်ဆက်မှုတွေကို ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီး၊ ဒါမှမဟုတ် အဖွဲ့အစည်းကြီး တစ်ခုလို့ ပြောပါမယ်။

ISP တော်တော်များများဟာ Government လို့ခေါ်တဲ့ ကျနော်တို့ နိုင်ငံတိုင်းမှာ အုပ်ချုပ်တဲ့ အစိုးရဌာနတွေနဲ့ ဆက်နွယ်မှုနှုန်း များပါတယ်။ အစိုးရ အဖွဲ့အစည်းတွေသာ ပိုင်ဆိုင်ကြတယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဆက်သွယ်ရေးပိုင်းကို ထိန်းချုပ်တဲ့ အစိုးရကသာ နိုင်ငံတစ်နိုင်ငံရဲ့ အင်တာနက် အဓိကဝင်ပေါက် Main Gateway ကြီးကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းလိုလို ဒီပုံစံအတိုင်း သွားတာများပါတယ်။

အပြည့်အစုံဖတ်ရန်အတွက် Read the full post ကိုနှိပ်ပါ။

ကဲဗျာ .. အဲဒီ ISP ကြီးက ဘာတွေလုပ်ပေးတာလဲ လင်းစမ်းပါအုံးဗျ? ဘာတွေ ၀န်ဆောင်မှုပေးတာလဲ မသိဘူးနော်? လို့ မေးလာတဲ့အခါကျရင်တော့ ..။ သူတို့ရဲ့ ၀န်ဆောင်မှုတွေက .. ဥပမာ- ကျနော်တို့၊ မိတ်ဆွေတို့ အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် အင်တာနက် သုံးချင်တယ်ဆိုရင် … အင်တာနက်လိုင်း (သို့မဟုတ်) အကောင့်တွေ ၀ယ်ရလေ့ရှိပါတယ် .. ။ အဲဒါဟာ ISP ရဲ့ ၀န်ဆောင်မှု တစ်ခုပါပဲ .. ။ ကျနော်တို့ မိတ်ဆွေတို့ အင်တာနက် အသုံးပြုနိုင်အောင် ၀န်ဆောင်မှု ပေးတာပေါ့ .. ။ ရှင်းရှင်းလေးပါနော .. :P .. ။ အဲဒီ အင်တာနက်ကို ကျနော်တို့ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် သုံးစွဲနိုင်အောင် အဲဒီISP တွေကမှ နည်းလမ်းအမျိုးမျိုးနဲ့ ကျနော်တို့ အိမ်ရှိရာအရပ်၊ ရုံးရှိရာအရပ်ကို Internet Connection ခေါ် အင်တာနက်လိုင်းကြောင်းကြီးကို ရောက်အောင် ဆွဲလာရပါတယ်။ ဘာနဲ့ဆွဲလာသလဲဆိုရင် .. ဥပမာ- တယ်လီဖုန်းလိုင်းမှ တစ်ဆင့်၊ Network Cable ကေဘယ်ကြိုးကြီးတွေကနေ တစ်ဆင့်၊ ဒါမှမဟုတ် iP-Star လို့ ခေါ်တဲ့ ဂြိုလ်တုကနေပဲ ဖြစ်ဖြစ်၊ အဲဒီစနစ်တွေကို သုံးပြီးတော့ ၀န်ဆောင်မှုပေး လေ့ရှိပါတယ်..။

အဲဒီအထက်ဖော်ပြပါ ၀န်ဆောင်မှုတွေက ကျနော်တို့၊ မိတ်ဆွေတို့ ငွေကြေးတတ်နိုင်မှု၊ ခွင့်ပြုချက်ရမှုအပေါ်မှာ မူတည်ပြီးတော့ ၀ယ်ယူသုံးစွဲ နိုင်တယ်ပေါ့ဗျာ .. ISP တွေဆီကနေပေါ့။ အဲဒီတော့ ISP ဆိုတာ လူတစ်ဦးချင်းစီပဲ ဖြစ်ဖြစ်၊ လူစုလူဝေး (အုပ်စု)ပဲဖြစ်ဖြစ်၊ ကုမ္ပဏီသေးသေး၊ ကြီးကြီးတွေပဲ ဖြစ်ဖြစ်အကုန်မကျန် ၀န်ဆောင်မှုပေးပါတယ် ..။ ဆိုပါစို့ဗျာ .. လူတစ်ဦးတစ်ယောက်ချင်းကို ၀န်ဆောင်မှုပေးတယ်ဆိုတာ .. ကျနော်တို့ ISP တွေဆီကနေ .. အင်တာနက်ချိတ်ဖို့ အင်တာနက်လိုင်း တစ်လိုင်းလျောက်လိုက်တယ်။ ဘာနဲ့ ချိတ်ဆက်ကြမလဲဆိုတော့ Dail-Up လို့ခေါ်တဲ့ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက် သုံးပါမယ်။ အဲဒါဆိုရင် ကျနော်တို့ဆီမှာ တယ်လီဖုန်းလိုင်း ရှိရပါမယ်..။ တယ်လီဖုန်းရှိလိုက်ပြီဆိုတာနဲ့ .. ISP ကနေ ကျနော်တို့ ၀ယ်ယူသူ (Customer)တွေကို အကောင့် တစ်ခုပေးပြီးတော့ လစဉ်ကြေးနဲ့ သုံးစွဲခ ကောက်ခံမယ်ပေါ့ .. ။

ISP ကြီးဆီက ၀ယ်ယူတဲ့ ၀န်ဆောင်မှု အမျိုးအစားအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ Customer တွေကို E-mail အကောင့် ပေးချင်ပေးမယ်ပေါ့ဗျာ .. ။ ဥပမာ- lazernet@singnet.com.sg ပုံစံပေါ့ .. ။ အဲဒါက လူတစ်ဦး တစ်ယောက်ချင်းစီ၊ သို့မဟုတ် ကုမ္ပဏီအသေးစားတွေမှာ သုံးစွဲကြပါတယ် ..။ ကျနော်ပြောတဲ့ Dail-Up အစား .. DSLလို့ခေါ်တဲ့ Digital Subscriber Line တွေလဲ ဖြစ်နိုင်ပါတယ် .. DSL ကတော့ တယ်လီဖုန်းလိုင်းနဲ့ Broadband မြန်နှုန်းမြင့် အင်တာနက်ကို သုံးစွဲနိုင်တဲ့ ၀န်ဆောင်မှု နည်းစနစ် တစ်ခုဖြစ်ပါတယ်။ ကဲ ကျနော်တို့ လူတစ်ဦးတစ်ယောက်ချင်းစီ Personal အသုံးပြုမှုတွေကို တင်ပြလို့အပြီးမှာ .. ကျနော်တို့ ကြီးကြီးမားမားကို သွားရအောင်ဗျာ။ ကြီးကြီးမားမားဆိုပြီးတော့ … အရမ်းကြီးလဲ လန့်မသွားနဲ့အုံးဗျ .. ။ ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းကြီး တွေအတွက် အသုံးပြုလေ့ပြုထရှိတဲ့ ၀န်ဆောင်မှုကို ဆိုလိုတာပါ ..။

ကဲ ဆက်ကြည့်ရအောင်ဗျာ .. ကျနော်တို့ အဖွဲ့အစည်းအကြီးကြီးတွေမှာ၊ ကုန်မဏီကြီးကြီးတွေမှာ .. ISP တွေဆီကနေ ဘယ်လို ၀န်ဆောင်မှုတွေ ယူတတ်လဲဆိုတော့ .. ကျနော်တို့ (Dedicated) လိုင်းလို့ခေါ်တဲ့ ISP ကို တိုက်ရိုက်ချိတ်ဆက်တဲ့ နည်းစနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဥပမာ- Lazernet Co., Ltd. ပေါ့ ကုမ္ပဏီတစ်ခုရှိတယ် ဆိုပါစို့။ ကုမ္ပဏီမှာ ၀န်ထမ်းပေါင်း (၂၀၀)ရှိတယ် .. ပြီးတော့ ၀န်ထမ်းတိုင်းမှာ ကွန်ပျူတာ တစ်လုံးစီ အနဲဆုံးရှိမယ်။ အချို့က နှစ်လုံးရှိနိုင်တယ်.. ရုံးမှာဆို Desktop ကွန်ပျူတာ သုံးပြီးတော့၊ ရုံးပြင်ပ (သို့) အစည်းအဝေးခန်းမ မှာဆိုရင် Laptop ကို သုံးတယ်ဆိုပါစို့။ အဲတော့ ကွန်ပျူတာ အလုံးရေ ၂၅၀ ရှိတယ်ထားရအောင်ဗျာ (လျှာရှည်ခြင်း) :P .. ။ ဒီတော့ ကျနော်တို့ ပုံမှန် တစ်ဦးတစ်ယောက်ချင်းစီ၊ Personal or Home Used အုပ်စုငယ် Group လေးတွေ သုံးနေကြတဲ့ အင်တာနက် လိုင်းတွေနဲ့ ဘယ်လိုသုံးကြမလဲ?? အခက်အခဲတွေ ရှိလာပါပြီ။ ဘာလို့လဲဆိုတော့ .. အဲလောက်များတဲ့ ကွန်ပျူတာတွေကို ကျနော်တို့ အိမ်မှာသုံးနဲ့ ADSL လိုင်းလိုဟာနဲ့ သုံးလို့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး .. ။

ကဲ ဘယ်လိုလုပ်ကြမှာလဲ?? လုပ်ပါအုံးဗျ ?? ဟုတ်ကဲ့ .. အဲဒါကို ကျနော်တို့ရဲ့ ISP ကြီးက .. Dedicated လိုင်းဆိုပြီးတော့ Public (အများပြည်သူ) လိုင်းတွေနဲ့ မရောပဲ၊ မဖြတ်သွားပဲ .. ကျနော်တို့ ကုမ္ပဏီကြီးရှိရာ အရပ်ကို ISP ရဲ့ဌာနနဲ့ တိုက်ရိုက် Dedicated လိုင်း Physically ဆွဲပြီးတော့ ချိတ်ဆက်ရပါတယ် .. ။ ဆွဲလိုက်ရုံနဲ့ ပြီးပြီ မဟုတ်ဘူးနော်ဗျာ .. ။ သူဟာ Dedicated သီးသန့်ဖြစ်တဲ့အတွက် .. သူ့အတွက် Bandwidth လို့ခေါ်တဲ့ လိုင်းကြောင်း စီးဆင်းမှုကိုလဲ သတ်မှတ်ပေးရပါတယ်။ ဥပမာ- 2-Mbps Dedicated Line ထားပါတော့။ သူက 2-Mbps လို့ပြောတဲ့အတွက် ကျနော်ရှိရာအရပ်ကို 2-Mbps အပြည့်ရရှိမှာ ဖြစ်ပါတယ်။ အပြင်ကျနော်တို့ Personal Broadband ဖြစ်တဲ့ ADSL တို့က 8Mbps လို့ပြောနေပေမယ့် အဲဒါက အများနဲ့ Share ပြီးတော့ သုံးရတာ ဖြစ်ပါတယ် .. ။ ကိုယ်ဆွဲ သူဆွဲပေါ့ဗျာ .. :P .. ။ ဥပမာ ပြောပြတာနော် .. ..အဲ .. အဲဒီလိုကို ဆိုလိုတာ ဖြစ်ပါတယ် ခင်ဗျ။ တော်တော်တောင် များသွားပြီလား မသိဘူး .. ။

ကျနော် ဒီလောက်နဲ့ပဲ ခဏနားထား လိုက်တော့မယ်ဗျာ နော် .. ။ အကျဉ်းချုပ်အနေနဲ့ .. ISP = Internet Service Provider ဆိုတာ ကျနော်တို့တွေ အင်တာနက်၊ အီးမေးလ်၊ ၀က်ဘ်ဆိုက် တွေသုံးလို့ရအောင်၊ ကြည့်လို့ရအောင် Network သော်လည်းကောင်း၊ Exchange (ခေါ်) e-mail Server သော်လည်းကောင်း၊ Web Server သော်လည်းကောင်း … ၀န်ဆောင်မှုပေးတဲ့ ဌာနကြီးတစ်ခုကို အကြမ်းမျဉ်းအနေနဲ့ မှတ်ထားလို့ရပါတယ် ဆိုတာပါပဲဗျာ .. ။

မှတ်ချက်။ ။ Internet ၀န်ဆောင်မှု ချိတ်ဆက်တဲ့အခါမှာ Network Cable ကြိုးဖြင့်၄င်း၊ Wireless ကြိုးမဲ့ဖြင့်၄င်း၊ Satellite ဂြိုလ်တုဖြင့်၄င်း တစ်ခုခုဖြစ်နိုင်ပါတယ်။ Example of some ISP: see below !!

(1) Singtel ——————-> http://home.singtel.com (Singpaore)

(2) StarHub —————–> http://www.starhub.com (Singapore)

(3) TmNet ——————-> http://www.tm.net.my (Malaysia)

(4) LG PowerCom ——–> http://www.powercomm.co.kr (South Korea)

(5)  Megapass (KT) —–> http://www.kt.co.kr/ (South Korea)

(6) Asahi Net —————> http://asahi-net.jp/en (Japan @ Tokyo)

ဖတ်ရှုမှုအတွက် မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။ (^_^) ကြိုးစားပါဦးမည် ..။

Facebook comments:

11 Responses

  1. Wayne says:

    damn! I was copying ur css for
    “Ask a question” and boom! the site layout change
    lol

  2. kyaw myo oo says:

    you better describing about “BGP” and it’s related behaviors.It’s really necessary for the typical ISP.aheee.not including BCT…..:)

  3. Yep, you are right. But, my target here is for the beginner, unfortunately. Thanks for you comment anyway. By the way, what do you mean with BCT? :D

  4. kyaw myo oo says:

    to ခွန်လေဇာ,..
    BCT mean “Bagan Cybertech”……At least,they still could have only one or two BGP peering(may be default route…I’m not too sure)…:P with MPT(National Gateway)..what a shameful to our ISP…
    :)

  5. Oh, I see :) You can write a post about it or about BGP, it should be quite interesting.looking forward to read your post :D … thanks alot friend. Cheers !!!

  6. khunayemg says:

    ကိုခွန်လေဇာကို ခင်ချင်ပါတယ်…… ရေးထားဒါလေးတွေလည်း ကောင်းပါတယ်. ကိုလေဇာ… ကျွှန်တော်ကို မရိုမသေ ဒီမေးလေးကို အပ်ပေးပါလား……… khunayemg(at)gmail.com…… thank so much

  7. Nitar Tun says:

    အခုလိုရေးသားပေးတဲ့အတွက် တော်တော်များများသိရပါတယ်။ ကျေးဇူးလည်းအရမ်းတင်ပါတယ်။ နောက်လည်းများများဖြန့်ဝေနိုင်ပါစေလို့
    ဆန္ဒပြုပါရစေ။ ။ ။

  8. wai zin ko says:

    ISP gives more services as Broadband, Dedicated Line, Leased Line, Satellite Link, FTTx, Web, Mail, VPN, Domain, Hosting, VoIP, IPTV, Colocation, VA..etc..

  9. kyaw myo oo says:

    BGP ဆိုတာ အဓိကအားဖြင့် Corporate အပြင်ဘက် Cloud (the Internet) မှာအသုံးပြုတဲ့ EGP (Exterior Gateway Protocol) category ဖြစ်ပါတယ်။ ဘာလို့ EGP ဖြစ်လည်းဆိုတော့က Corporate အတွင်းမှာသုံးတဲ့ IGP (eg. RIP, EIGRP, OSPF, etc.) တွေနှင့်မတူပဲ different Autonomous System တွေကို Routing လုပ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ နောက်… BGP က speed ထက်စာရင် scalability ကို prefer ဖြစ်တဲ့ protocol ပါ။ Routing protocol of the internet လို့လည်း တင်စားခေါ်ဆိုကြပါတယ်။ BGP ကို အဓိကအားဖြင့် Redundancy (Multi-homing) နှင့် Security အတွက် အသုံးပြုကြပါတယ်။

Leave a comment


*