Guide to ISA Server 2006
ISA Server ကို အသုံးပြုတော့မယ်ဆိုရင် ISA မှာ အသုံးပြုတဲ့ အခေါ်အဝေါ်လေးတွေကို သိထားရမှာပါ။ Internal, Local host, External ဆိုတဲ့ အဓိက Networks ၃ မျိုးကို မသိမဖြစ်သိထားရပါမယ်။ Internal ရဲ့ အဓိပ္ပာယ်က ISA Server ကိုလာရောက်ချိတ်ဆက်မယ့် LAN (သို့) Client တွေကို ဆိုလိုတာပါ။ Local host ဆိုတာ ISA Server တင်ထားတဲ့စက်ကို ဆိုလိုတာပါ။ External ဆိုတာကတော့ Internal, Local host မဟုတ်တဲ့ အခြား Network တွေကို ဆိုလိုတာပါ ( တနည်းအားဖြင့် Internet လို့လည်း မှတ်ယူနိုင်ပါတယ်)။
ISA Server 2006 ကို သွင်းရင် Windows Server 2003 SP1 နဲ့ အထက်တင်ထားဖို့လိုအပ်ပါတယ်။ ISA Server 2006 Enterprise Edition ကို Install လုပ်ပါမယ်။ ကျွန်တော်စက်မှာ Network Card 2 ခု တပ်ဆင်ထားပါတယ်။ Network Card ၂ခု နာမည်တွေကို LAN နဲ့ WAN လို့ နာမည် ပေးထားပါတယ်။
LAN IP: 192.168.10.254
WAN IP: 172.20.x.x (WAN က MPT ကပေးတဲ့ IPStar နဲ့ ချိတ်ဆက်ထားတယ် ဆိုကြပါစို့)
ISA Server 2006 Setup ကို run လိုက်ပါ။
Next ကို click နှိပ်ပါ။
License agreement ကို accept လုပ်ပြီး Next ကို click နှိပ်ပါ။
Install both ISA Server services and Configuration Storage Server ကိုရွေးပြီး Next နှိပ်ပါ။
Next ကို နှိပ်ပါ။
Create a new ISA server enterprise ကိုရွေးပြီး Next နှိပ်ပါ။
Next ကို နှိပ်ပါ။
Add ကို နှိပ်ပါ။
Add adapter ကိုနှိပ်ပြီး LAN ကို Check Mark ပေးပြီး OK နှိပ်ပါ။
Allow non-encrypted Firewall client connections ကိုရွေးပြီး Next နှိပ်ပါ။
Next ကို နှိပ်ပါ။
Install ကို နှိပ်ပါ။

Install လုပ်တာ ပြီးသွားရင်တော့ Finish ကိနှိပ်ပါ။
အပိုင်း (၂) Configuration ပိုင်းကို ဆက်လက်ဖတ်ရှုပါရန် …
Facebook comments:














