Why we use Content Management System(CMS)
CMS ဟာ စတင်ပြီးတော့ ခေတ်စားလာတာ PHP ရဲ့ ခေတ်စားလာမှုကြောင့် ဆိုရင် မမှားပါဘူး။ Open Source ဖြစ်တဲ့ CMS ဟာ Web Developer/Designer ရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ဖောက်ပေးတဲ့ လမ်းကြောင်းတစ်ခု ဆိုလည်း မမှားပါဘူး။
CMS ဆိုတာဘာလဲ ?
Content Management System(CMS) ဆိုတာ Content တွေကို Management လုပ်တဲ့ Systemလို့ ရိုးရှင်းစွာ အဓိပ္ပာယ် ဖွင့်လိုပါတယ်။ CMS တွေက Database တွေ ချိတ်ဆက် အလုပ်လုပ်တယ် ဆိုပေမယ့် တကယ်တန်း အသုံးပြုသူအနေနဲ့ Database အကြောင်း ဘာမှ ခေါင်းစားစရာ မလိုပါဘူး။ CMS တွေက Content လို့ခေါ်တဲ့ စာတွေ၊ ပုံတွေ အခြား ဗီဒီယိုလို ဖိုင်မျိုးတွေကို Back-end မှာ တည်းဖြတ်ပြီး ထည့်သွင်းစေပြိး Front-end မှာ ပြန်ပြပေးတဲ့ အလုပ်ကို လုပ်ပါတယ်။ အဲဒီလို Back-end မှာ တည်းဖြတ်တဲ့ အခါမှာရော Front-end မှာ ပြတဲ့အခါမှာပါ အဆင်ပြေပြေ ဖြစ်အောင် လွယ်ကူစွာ Management လုပ်နိုင်အောင် ကူညီဆောင်ရွက် ပေးပါတယ်။ ဒါကြောင့် Content တွေကို စီမံခန့်ခွဲတဲ့ စနစ်လို့ အဓိပ္ပါယ် ရိုးရိုးပဲ ပြန်လို့ ရပါလိမ့်မယ်။
ဘာကြောင့် CMS ကိုရွေးချယ်ရတာလဲ?
ပြန့်ကြဲနေတဲ့ web pages တွေကို စုစုစည်းစည်းနဲ့ သပ်ရပ်တဲ့ website တခုအဖြစ်ပြောင်းဖို့ ရည်ရွယ်ထားတဲ့အခါ ဒါမှာမဟုတ် ကိုယ့် Website မှာ တစ်ခြား Database Customization တွေ မလိုပဲ၊ Content တွေကိုပဲ ပုံမှန် တင်နေဖို့ လိုတဲ့အခါ၊ (ဥပမာ – Blog တွေအနေနဲ့ တစ်ခြား Database Customization လုပ်စရာမလိုပဲ ရေးသားသူရဲ့ ပို့စ်တွေကိုသာ ပုံမှန် တင်ပေးဖို့ လိုပါတယ်။) CMS တွေကို ရွေးချယ်ရပါတယ်။ ဒါပေမယ့် ခုချိန်မှာ CMS တွေက Blog Engine ထက် များစွာပိုတဲ့ စွမ်းဆောင်ရည်တွေကို စွမ်ဆောင်နိုင်လာ နေပြီး တကယ့်ကို ဧရာမ Website ကြီးတွေ အထိပါ တည်ဆောက်လို့ ရလာနေပါတယ်။ CMS တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ Plugin လို၊ Module လိုတွေကလည်း နယ်ပယ်စုံ အမျိုးအစားစုံ ရှိနေပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ CMS ကိုသုံးတတ်မယ်။ Plugin နဲ့ Module စတာတွေကို သင့်တော်သလို ရွေးချယ် အသုံးချတတ်မယ် ဆိုရင် Website တစ်ခုကို Learning Curve နိမ့်နိမ့်နဲ့ တည်ဆောက်နိုင်ပါတယ်။
CMS ကောင်းတခုကို ဘယ်လိုရွေးချယ်မလဲ ?
- ရိုးရှင်းပြီး လျင်မြန်တဲ့ installation လုပ်နိုင်ရမယ်
- Help and supports community ကောင်းတခုရှိရမယ်
- extensions/ plugin တွေကို လွယ်ကူစွာ အသုံးပြုနိုင်ရမယ်
- Template တွေကို အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်ရမယ်
- Administration အတွက် ရိုးရှင်းတဲ့ interface ရှိရမယ်
- Frontend ကနေ editor level တွေအတွက် အဆင်ပြေစွာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ရမယ်
- လုံခြုံစိတ်ချရတဲ့ security ရှိရမယ်
အသုံးများဆုံး CMS များ
- Drupal
- WordPress
- Joomla
- Radiant CMS
- Silverstripe
- Magento [a winner for e-commerce websites]
ဒီထဲကမှ အကီနိုတို့ ယနေ့ အသုံးများနေကြ WordPress နဲ့ Joomla ရဲ့ အကြောင်းကတော့ ဒီမှာ အသေးစိတ် ရှင်းပြပြီးပါပြီ။ ယနေ့ ခေတ်မှာ များပြလှတဲ့ opensource CMS တွေကြားမှာ ဘာကိုများ ရွေးချယ်မလဲ။ အဓိကကတော့ customer ပါပဲ။ သူရဲ့လိုအပ်ချက်နဲ့ ကိုယ့် အတွေ့အကြံုတွေကို ပေါင်းပြီး ဘယ် CMS နဲ့ဆို သင့်လျော်မယ်ဆိုတာ ရွေးချယ်ပါ။ သင်သာဆိုရင်ကော ဘယ် CMS ကိုရွေးမလဲ။ အားလုံးရဲ့ အမြင်တွေကို မျှဝေစေလိုပါတယ်။
Facebook comments:



ဖတ်သွားပါတယ်ခင်ဗျား.. joomla အကြောင်းတွေကိုစိတ်ဝင်တစားစောင့်မျှော်နေကြောင်းပါခင်ဗျာ..
Durpal = Drupal
စာလုံးပေါင်း မှားနေပါတယ် ခင်ဗျ။ ကျေးဇူးတင်ပါတယ်။
အေနာ္ကေတာ့ WordPress ပဲ