What is Joomla?

Open source Content Management System တခုဖြစ်တဲ့ Joomla ကို ၂၀၀၅ခုနှစ်နောက်ပိုင်းကစပြီး တွင်တွင် ကျယ်ကျယ် အသုံးပြု လာကျပါတယ်။ ဘာကြောင့် CMS တွေကို အသုံးပြုလာရသလဲဆိုရင်တော့ ကိုယ့် website/pages တွေကို နေ့စဉ်နဲ့အမျှ သတင်း အချက်အလက်တွေ ပြုပြင်ပြောင်းလဲ၊ အသစ်ထည့်ရာမှာ အလွယ်တကူနဲ့ ပြုပြင် ပြောင်းလဲနိုင်ခြင်းဟာ CMS ရဲ့အားသာချက်တခုပါ။ ဒါကြောင့် သတင်းwebsites တော်တော်များများဟာ CMS ကိုအသုံးပြုပြီးတင်ထားကျတာကိုတွေမြင်နိုင်ပါတယ်။ CMS ကိုအသုံးပြုခြင်းကြောင့် programmer /designerမဟုတ်တဲ့ (non technical writers) တွေတောင် user interface ကနေ အလွယ်တကူ article တွေကို အသစ်ရေးသား ပြုပြင်နိုင်လာပါတယ်။အခုနောက်ပိုင်း ခေတ်စားလာတဲ့ forum တွေ shopping carts ,picture galleries တွေစတဲ့ features တွေအတွက်လဲ plug-in တွေ modules တွေ  components  http://extensions.joomla.org/တွေအလွယ်တကူရရှိနေပါပြီ။ Joomla ကို အသုံးပြုရခြင်းရဲ့ အဓိက အားသာချက်ကတော့ အသုံးပြုရ လွယ်ကူပြီး user friendly ဖြစ်မှုပါပဲ။ Joomla ဟာ Fully open source ဖြစ်ပြီး free download ချနိုင်ပြီး မည်သည့် OS အပေါ်မှာမဆို အလုပ်လုပ်ပါတယ်။ (MacOS,Window,Linux)

Joomla ကိုစသုံးကျမယ် Joomla မှာဘာတွေပါသလဲဆိုရင်တော့

  • Built in user polling
  • Full support for news feeds in RSS or Atom format
  • Hierarchical user group management

အလိုက် အဆင့်ခွဲခြားသက်မှတ်ပေးပြီးတာဝန်ခွဲခြားနိုင်ပါတယ်။

  • plug-in/component/module/Templates တွေကိုအလွယ်တကူ install/uninstall လုပ်နိုင်ပါတယ်။
  • Banner Advertising management
  • Automated menu management
  • user security and contact management တွေပါ၀င်ပါတယ်။

System requirement အခု Joomla ရဲ့ ကောင်းကျိုးလေးတွေသိရပြီဆိုတော့ Joomla ကိုစတင်သုံးစွဲဖို့ ဘာတွေလိုမလဲ။

  1. Apache Server(Web Server)
  2. PHP (Server side scripting language)
  3. MySQL (Database server)

ဒါတွေ အားလုံးပြီးမြောက်အောင် အကီနိုကတော့ xamp server တခုထဲကိုအသုံးပြုလိုက်ပါတယ်။

www.joomla.org

မှာ latest version ကို download ချ zip ဖြည် ကိုယ့် program files\xampp\htdoc အောက်ထဲကိုထည့်ပြီး browser ကနေ Localhost / your joomla website name ကို ရိုက်ထည့်ပြီး အဆင့်ဆင့် install လုပ်ပြီး အသုံးပြုနိုင်ပါပြီ။

here is Joomla install ebook

Joomla မှာ extemsion type ၃မျိုးရှိပါတယ်။ Components, Plugin and Module တို့ပဲဖြစ်တယ်။ အသုံးဝင်လှတဲ့ Joomla ရဲ့ Extension လေးတွေကို သူ့နေရာနဲ့ သူသုံးတတ်ပြီး ဘယ်ဟာက ဘာကို ရည်ညွန်းတယ်ဆိုတာကို သိထားခဲ့ရင် ကိုယ်အလုပ်လုပ်တဲ့ နေရာမှာ အဆင်ပြေစေမှာပါ ။ အသုံးများလှတဲ့ Joomla Extension လေးတွေကတော့ shopping cart technology, RSS aggregation, shoutbox communication, forums, chat rooms, stock tickers, visitor maps, wiki collaborativeauthoring, inventory management, and customer relationship management(CRM) functionality တွေပဲဖြစ်တယ်။ ဒီဟာတွေအပြင် ပြည့်ပြည့်စုံစုံ ကိုတော့ ဒီလင့်မှာ သွားရောက် ရယူနိုင်ပါတယ်။ http://extensions.joomla.org/

Plug-Ins: The Most Advanced Extensions

အသုံးများဆုံး Joomla Extension ကတော့ plugin ပါပဲ။ Plugin က Joomla မှာ User နဲ့ Site ကြားဆက်သွယ်လုပ်ဆောင်မှုတွေကို လုပ်ပေးပါတယ်။ ဥပမာအနေနဲ့ Joomla မှာ Link တွေကို ဖော်ပြရာမှာ order ကျကျလေးဖော်ပြပေးတဲ့ sh404sef  ကြောင့် user ကနှိပ်လိုက်တဲ့လုပ်ဆောင်ချက်တွေကို site ကပြောင်းလဲပေးသွားတာကိုမြင်နိုင်မှာပါ။plugin တွေအားလုံးရဲ့ လုပ်ဆောင်ချက်တွေကိုတော့ Admin panel ထဲက Extension အောက်က Plugin Manger ထဲမှာ သွားရောက်ပြုပြင်ပြောင်းလဲနိုင်ပါတယ်။

Components and Modules

နောက်ထပ် အသုံးများပြီး အသုံးဝင်ပုံချင်းတူညီတဲ့ Joomla Extension ၂ခုကတော့ Components and Module ပဲဖြစ်ပါတယ်။ Module ကိုတော့ အသုံးပြုရမှာ ကိုယ့် Site ရဲ့ Template ပေါ်မူတည်ပြီး နေရာခွဲခြားသတ်မှတ်နိုင်သလို Module Manager ကနေတဆင့် Module တွေရဲ့ အလုပ်လုပ်ဆောင်မှုကို ပြုပြင်ပြောင်းလဲပေးနို်င်ပါတယ်။ Module ကို ကြော်ငြာတွေ နောက်ဆုံးသတင်းတွေနဲ့ popular posts တွေအနေနဲ့ အသုံးပြုလို့ရတာပြီး Menu သီးသန့် create လုပ်စရာမလိုပါဘူး။  Component ကတော့ Module နဲ့ မတူညီတာကတော့ Component တခုအတွက် ဆက်ဆပ် Menu တခုတည်ဆောက်ရတဲ့ အတွက်ကြောင့် Menu မှာမူတည်ပြီး တည်နေရာကိုပြောင်းသွားမှာပါ.။ အဓိကအနေနဲ့ Forum တို့ Chart room တို့ကို Component အနေနဲ့အသုံးများပါတယ်။ Joomla ရဲ့ နာမည်ကြီး Forum ဖြစ်တဲ့ CCBoard ဟာ Component ဖြစ်ပါတယ်။ Personal အရပြောမယ်ဆိုရင် အကီနိုအနေနဲ့ Module ကိုပိုကြိုက်နှစ်သက်ပါတယ်။ ကိုယ်ကြိုက်တဲ့ Postion မှာထားနိုင်ပြီး ရွေးချယ် စရာ options အများအပြားလည်းရရှိနိုင်တာမို့  Module ကိုအသုံးများပါတယ်။ပြီးတော့ Module မှာ Custom HTML type ကိိုရွေးပြီး HTML code သီးသန့်တခုတည်ဆောက်နိုင်တာကြောင့် လိုအပ်တဲ့ အခါမှာ အရမ်းကို အသုံးဝင်လှပါတယ်။

Facebook comments:

One Response

  1. kojoseph says:

    hi,this may be very dumb but where do I start learning about this Joomla?
    quite interesting but for just a computer end user who just curious how the good web site are built,can I ask where to begin?
    thank a lot for your contriubtion!

Leave a comment


*