Review of Drupal, Joomla, WordPress
အကီနို Joomla နဲ့ wordpress အကြောင်းနှိုင်းယှဉ်ပြီးတဲ့နောက်မှာ Druapl,Joomla, WordPress တို့ရဲ့ အားသာချက် အားနည်းချက် အကြောင်းတွေကို ပြန်လည် သုံးသပ် ကြည့်မိပါတယ်။ CMS အမျိုးအစား အများအပြားရှိတဲ့ထဲက နာမည်ကြီးပြီး ဆုရတဲ့ Drupal ရယ်၊ လက်ရှိ အလုပ်လုပ်နေတဲ့ Joomla ရယ် နဲ့ အသုံးများပြီး Blog မှာ အသုံးပြုထားတဲ့ wordpress တို့အကြောင်းကို စာတွေ ဖတ်ပြီးတော့ရော အကီနိုရဲ့ လက်တွေ့တွေရော ပေါင်းစပ်ပြီး ယှဉ်ပြထားတဲ့ အတွေးလေးမို့လိုအပ်တာကိုလည်း သူငယ်ချင်းတို့က ပြန်လည် ဖြည့်စွပ်ပေးပါ။
Drupal
Drupal ယနေ့ CMS လောကမှာ နာမည်ကြီးပြီး ဆုတွေရထားတဲ့ Drupal ရဲ့ကောင်းတဲ့ အချက်တွေကတော့
• Most sophisticated CMS of the three.
• Has the largest collection of tags and functions.
• Most developer friendly CMS.
• Best suited for creating complex website applications.
• Highest level of customization possible.
Drupal ဟာ web developer တွေအတွက် အဆင်ပြေဆုံး CMS တခုဖြစ်တယ်။ နည်းပညာမြင့်မားသလို ရှုပ်ထွေးမှုတွေလည်းရှိတာမို့ programming ကို စနစ်တကျကိုင်တွယ်ဖြေရှင်းနိုင်တဲ့ web developer level လောက်မှာတော့ပြီးပြည့်စုံတဲ့ CMS တခုဖြစ်ပါတယ်။ ရှုပ်ထွေးသလောက် လိုအပ်ချက်များတဲ့ Client မျိုး Enterprise level တွေမျိုး အတွက်ဆိုရင်တော့ Drupal ကိုရွေးချယ်တာမမှားပါဘူး။ နောက်ထပ်အားသာချက်တွေကတော့ Drupal မှာ User level သက်မှတ်ချက်က ပြီးပြည့်စုံပါတယ်။ built in module တွေပါရှိသလို ကိုယ်တိုင်လည်း စိ်တ်ကြိုက် module တွေရေးဆွဲပြီး ထည့်နိုင်ပါတယ်။
Joomla
Joomla ကိုစတင်သိရှိပြီး Joomla ကြောင့် CMS ဆိုတာဘာလည်း နားလည်သဘောပေါက်လာရတဲ့ထိ user interface ကောင်းတဲ့ Joomla ရဲ့ ကောင်းကျိုးအချို့အချက်တွေကတော့
• User friendly CMS
• Easy to install
• Designer friendly
• Does not require advanced programming skills
• Widely used so support on bugs and issues are easy to find online
Joomla ကို ရိုးရှင်းပြီး သာမန် user တယောက်အနေနဲ့ အသုံးပြုနိုင်ခြင်း။ Blog အဆင့်မြင့် CMS level web site တခုကိုဖန်တီး လိုပြီး လိုအပ်တွေ မကြီးမားတဲ့ simple CMS အမျိုးအစားမျိုးမှာဆိုရင်တော့ Drupal, wordpress တို့အစား Joomla ကိုပဲသုံးဖို့ တိုက်တွန်းပါတယ်။ installation and customization တွေကလည်း ရိုးရှင်းပြီး အလွယ်တကူ ပြုလုပ်နိုင်ခြင်းတို့အပြင် RSS feeds, page caching, blogs, news flashes တွေလည်းပါရှိပါတယ်။
WordPress
Blog လောကရဲ့ သူရဲကောင်းလို့ သတ်မှတ်ရမဲ့ wordpress ဟာ user ဘယ်တော့မှ မငြီးငွေ့သွားတဲ့ platform တခုပါ။ ရိုးရှင်းတယ်၊ သေသပ်တယ်၊ အသုံးပြုရလွယ်တယ်၊ဒါပေမဲ့ CMS တခုအနေနဲ့ ပြီးပြည့်စုံတဲ့အနေအထားမှာမရှိသေးဘူး(အကယ်၍ သင်က shopping cart CMS တခုဆောက်ခြင်တယ်ဆိုရင်ပေါ့)။ wordpress ရဲ့ အားသာချက်တွေကတော့
• Simplest CMS
• Fast single click installation.
• Easy to use
• Can create pages on the fly with the click of a button
• Best CMS for content sites and for blogging
• Does not require any technical expertise
Compare of Drupal,Joomla,Wordpress
| Drupal | Joomla! | WordPress | |
| Total Hours | 79.25 | 57.25 | 90.5 |
| Hours spent on front end | 21.75 | 15 | 36.5 |
| HTML Validation | No (8 errors) | Yes | No (8 errors) |
| CSS Validation | No (7 errors) | No (1 error) | No (21 errors) |
| Page weight | 180K | 140K | 154K |
| Lines of custom PHP/JS code | 220 | 30 | 1,808 |
အနှစ်ချုပ်အနေနဲ့ပြောရရင် ၃မျိုးလုံးဟာ PHP base MySQL database အသုံးပြု opensource platform တွေဖြစ်တယ်။ အရာတိုင်းမှာ အားသာချက် အားနည်းချက်တွေရှိတာမို့ ကိုယ်နဲ့ ကိုက်ညီသင့်လျော်မဲ့ အမျိုးအစားကိုရွေးချယ် အသုံးပြုနိုင်ဖို့ကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မှာ မူတည်နေပါတယ်။ နည်းပညာရပ်အနေနဲ့ အားလုံးကို သိရှိထားပြီး အားနည်းချက်တွေကိုရှောင်ရှားပြီး အားသာချက်တွေကို အသုံးပြုနိုင်ကြပါစေ။
Facebook comments:



မသိတာတွေသိရလို့ကျေးဇူးပါခင်ဗျ
Drupal နဲ့ ပတ်သတ်ပြီး သူ့ရဲ့ အလုပ်လုပ်ပုံကို အသေးစိတ်သိချင်ပါတယ်
thanks a lot………..