Meta Tags
Meta Tags ဆိုတာ ဘာလဲ။ Meta tags ဆိုတာ ကိုယ့် Web Site ကခေါင်းဆောင်နဲ့ Browser က ခေါင်းဆောင်တို့ တွေ့ပြီး စကားပြောကြတာလို့ ပြောရင် ဖြစ်မယ် ထင်ပါတယ်။ HTML ရဲ့ အပေါ်ပိုင်း Section တွေမှာ ထည့်ထားတတ်တဲ့၊ ထည့်ထားဖို့ လိုအပ်တဲ့ informational code တွေပါ။ Meta Tag တွေက အများကြီးရှိပါတယ်။ အဲဒီလို အများကြီး ရှိတဲ့ ကြားထဲမှာ အသုံးအများဆုံး Meta Tag ၁၂ ခုကို သိထားဖို့ လိုအပ်ပါတယ်။
1. Meta Title
ပထမဦးဆုံးက Meta Title ပါ။ ဘယ်နေရာမှာ သုံးလဲဆိုတော့ ကိုယ့်ဆိုက်ရဲ့ ခေါင်းစဉ်ကို Browser Bar မှာ ဖော်ပြစေချင်တဲ့ အခါမှာ သုံးပါတယ်။ ရေးရမယ့် ပုံစံကတော့
<META NAME="Title" CONTENT="Page Title Here">
နမူနာကိုတော့ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။ အဲဒီနေရာတွေမှာ ကိုယ့်ဆိုက်ရဲ့ နာမည်တွေ ပေါ်ဖို့ပါ။
ရေးရမယ့် ပုံစံက
<META HTTP-EQUIV="Content-Language" CONTENT="en-GB">
ဒါကတော့ ကိုယ့် Web Site က ဘယ် Language ကို သုံးတယ်ဆိုတာ သိအောင်ရေးပေးတာပါ။ Search Engine တွေရဲ့ robots တွေက non-US English Sites တွေကို ကောင်းကောင် စီစဉ်ပေးနိုင်အောင် ရေးပေးရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လို ဇော်ဂျီသုံးတဲ့သူ တွေအတွက် သိပ်တော့ အသုံးမဝင်လှပါဘူး။ အင်္ဂလိပ်လိုပဲ ရေးမယ်ဆိုရင် ထည့်စရာမလိုပါဘူး။
3. Meta Keywords
ရေးရမယ့် ပုံစံက
<META NAME="keywords" CONTENT="myanmar, tutorials, learning">
ဒီ Meta Tag ကတော့ ကိုယ့် Web Site မှာ မထည့်မဖြစ်ထည့်ရမှာ ဖြစ်ပါတယ်။ Search Engine အတွက်လည်း အင်မတန် အရေးကြီးသလို ကိုယ့် ဆိုက်မှာ ဘာတွေရှိတယ်ဆိုတာကို ပြောပြနိုင်ဖို့ အလွန်အရေးပါတဲ့ Tag ဖြစ်ပါတယ်။ Search Engine က အဲဒီ keywords တွေကို ကြည့်ပြီး Search လုပ်တဲ့အခါ ဘယ်လိုပြမလဲ ဆိုတာကို ဆုံးဖြတ်ပါတယ်။
4. Meta Content Type
ရေးရမယ့် ပုံစံက
<meta http-equiv="Content-Type" content="text/html; charset=UTF-8">
Character Encoding ကို ဘာသုံးမလဲဆိုတာ ကြေငြာပေးရတာ ဖြစ်ပါတယ်။ မြန်မာလို ပေါ်စေချင်တဲ့ Web Site တွေအတွက် အရေးပါပါတယ်။ Unicode ကိုသုံးထားတဲ့ Font တွေအတွက် ISO encoding နဲ့ အဆင်မပြေပါဘူး။ မြန်မာစာကို မြင်ရမှာ မဟုတ်ပါဘူး။ အဲဒီအတွက် မထည့်မဖြစ် ထည့်ရမယ့် Tag တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာစာတွေကတော့ UTF-8 ကို အသုံးများပါတယ်။
6. Meta Language
<META NAME="Language" CONTENT="english">
အဓိကကတော့ ကိုယ့်ဆိုက်မှာ ဘာ Language သုံးထားသလဲဆိုတာ ကြေငြာပေးတာ ဖြစ်ပါတယ်။ Primary Language ကို သတ်မှတ်ပေးဖို့ အဓိက သုံးပါတယ်။
5. Meta Copyright
<META NAME="copyright" CONTENT="Copyright 2008">
Meta Copyright ကတော့ ကိုယ့်ဆိုက်မှာ Copyright ဒါမှာမဟုတ် Trademark တစ်ခု ထည့်ချင်တဲ့အခါမှာ သုံးပါတယ်။ ဒါပေမယ့် ကိုယ့်ဆိုက်ကို တော့ ဘာမှ အကာအကွယ်ပေးမှာ မဟုတ်ပါဘူး။
ဆက်လက်ရေးသားနေဆဲ ….
Facebook comments:



