HDD အကြောင်း နှစ်ပေါင်း (၅၀)

Hard Drives တွေရဲ့အကြောင်းတွေကို ပြန်လှန် လေ့လာကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် (၅)ခုစာလောက် ပြန်လှန်ကြည့်ရမှာ ဖြစ်ပါတယ်။ HDD တွေ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာတာတွေကို လေ့လာကြည့်ရင် Computer တွေလိုပါပဲ။ HDD ဘိုးအေကြီးတွေဟာ အကြီးကြီးတွေ ဖြစ်မယ်။ စျေးကြီးမယ်။ စုဆောင်းနိုင်မှု ပမာဏနည်းမယ်။ ပါဝါစားနှုန်းများမယ်။ အဲဒီလို ဘိုးအေကြီးတွေက ဆင်းသက်လာတဲ့ HDD တွေကို လေ့လာကြည့်မယ် ဆိုရင် တစ်ဖြည်းဖြည်း သေးလာမယ်။ တစ်ဖြည်းဖြည်း စုဆောင်းနိုင်မှု ပမာဏများလာမယ်။ စျေးတွေ သက်သာလာပါလိမ့်မယ်။ ခုဆိုရင် အစဉ်အဆက် သုံးလာခဲ့တဲ့ Head နဲ့ ဖတ်တဲ့ HDD တွေအစား SSD (Solid State Drive) တွေ အစားထိုး ဝင်လာပါတော့မယ်။ SSD တွေဟာ အခုအချိန်မှာ စျေးကြီးသေးတယ် ဆိုပေမယ့် တစ်ဖြည်းဖြည်းနဲ့ စျေးသက်သာ လာပါတော့မယ်။ စုဆောင်းနိုင်တဲ့ ပမာဏလည်း တစ်ဖြည်းဖြည်းနဲ့ ကြီးလာပါတော့ တယ်။

၁၉၅၆ – IBM အနေနဲ့ ပထမဦးဆုံး တည်ထွင်ထုတ်လုပ်ခဲ့တဲ့ HDD ကတော့ RAMAC 305 System ဖြစ်ပါတယ်။ သိမ်းဆည်းနိုင်တဲ့ ပမာဏ 5MB ရှိပြီး စျေးနှုန်းကတော့ $10000 ပါ။ အရွယ်အစားကတော့ ရေခဲ့သေတ္တာ နှစ်လုံးစာရှိပါတယ်။ ၂၄ လက်မ စက်ဝန်းရှိတဲ့ Platters ငါးဆယ် အသုံးပြု ပါတယ်။

၁၉၆၁ – IBM က Drum နဲ့ လွတ်ပြီးဖတ်တဲ့ Head ကို တီထွင်ပါတယ်။

၁၉၆၃ – IBM က ပထမဦးဆုံး ရွေ့ပြောင်းတတ်ဆင်လို့ ရတဲ့ HDD ကို တီထွင်ပါတယ်။ 1311 လို့ အမည်ရပါတယ်။ ၁၄ လက်မ Platters တွေကို သုံးပြီး 2.6MB အထိ သိမ်းဆည်းနိုင်ပါတယ်။

၁၉၆၆ – IBM က သံမဏိကို အသုံးပြုတဲ့ wound-coil ferrite recording head ကို မိတ်ဆက်ပေးခဲ့ပါတယ်။

၁၉၇၀ – General Digital Corporation (ယခု Western Digital (1971)) ကို ကယ်လီဖိုးနီးယားမှာ တည်ထောင်ခဲ့ပါတယ်။

၁၉၇၃ – IBM က 3340 လို့ အမည်ရတဲ့ Winchester Hard Drive ကို ကြော်ငြာခဲ့ပါတယ်။ အလုံပိတ်ထားမယ်၊ Lubricated Spindles ပါမယ်၊ Low-mass Heads တွေ ပါလာပါတယ်။

၁၉၇၈ – ကမ႓ာ့ ပထမဦးဆုံး RAID(Redundant Arrays of Independent Disks) ဆိုတဲ့ နည်းပညာကို ပထမဦးဆုံး မှတ်ပုံတင်ပါတယ်

၁၉၇၉ – IBM ရဲ့ 3370 လို့ အမည်ရတဲ့ HDD ကို မိတ်ဆက်ပါတယ်။ 571 MB သိမ်းဆည်းနိုင်ပါတယ်။ 14 လက်မ platters တွေကို သုံးပါတယ်။ thin-film heads တွေကိုသုံးတဲ့ ပထမဦးဆုံး HDD တွေပါပဲ။

၁၉၇၉ – IBM ရဲ့ 62PC (Poccolo) ဆိုတဲ့ HDD ကို တီထွင်ခဲ့ပါတယ်။ 8 လက်မ Platters တွေကို သုံးပြီး 64MB သိမ်းလို့ရပါတယ်။

၁၉၇၉ – Seagate က ST-506 ဆိုတဲ့ Drive နဲ့ Interface ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီ HDD ကို ရှေးဦး (Microcomputer)ကွန်ပျူတာတွေ တော်တော်များများ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။

၁၉၈၀ – Seagate က ၅.၂၅ လက်မ Hard Disk ကို တီထွင် ထုတ်လုပ်ခဲ့ပါတယ်။

၁၉၈၁ – Shugart Associates က NCR နဲ့ ပူးပေါင်းပြီး Intelligent Disk Drive Interface ဖြစ်တဲ့ Shugart Associates Systems Interface (SASI) ကို ထုတ်လုပ်ခဲ့ပါတယ်။ SCSI(Small Computer System Interface) ရဲ့ ရှေ့ပြေးဖြစ်ပါတယ်။

၁၉၈၂ – Western Digital က single-chip Winchester Hard Drive Controller (WD1010) ကို တီထွင်ခဲ့ပါတယ်။

အပိုင်း (၂) အနေနဲ့ ဆက်လက်ဖော်ပြပါ့မယ်။

Facebook comments:

One Response

  1. ကိုအောင်အောင်ဦးရေ တန်းလန်းကြီး မထားခဲ့ပါနဲ့ဗျ … ဆက်ရေးပါဦး

Leave a comment


*