Internet အသုံးပြုသူ အားလုံးအတွက်
အင်တာနက် အသုံးပြုသူ အားလုံးအတွက်ရည်ရွယ် ရေးသားခြင်းဖြစ်ပါတယ်။ ကျွန်တော် စိတ်ကူးကြည့်မိတယ်။ Firefox ကို ဖွင့်လိုက်တာနဲ့ ကျွန်တော် သွားချင်တဲ့ Web Pages တွေကို တန်းသွားလို့ရရင် ကောင်းမယ်လို့။ ကျွန်တော့်လိုပဲ စိတ်ကူးမိတဲ့သူတွေ လည်း ရှိိမှာပါ။ ကျွန်တော်တို့ တစ်နေ့ တစ်နေ့ Firefox ကို ဖွင့် Google Home Page တက်လာ ၊ ပြီးတော့ သွားချင်တဲ့ Web Site ကို URL မှာ ရိုက်ထည့်။ ဒီလိုနဲ့ပဲ အသုံးပြုရတာ ရိုးအီလာခဲ့ပါပြီ။ တစ်ခါတစ်ခါလည်း ကျွန်တော် သွားချင်တဲ့ Web Sites တွေဆီ URL ရိုက်ထည့်ရမှာ ပျင်းတဲ့အတွက် မရောက်ဖြစ်ခဲ့တဲ့ အချိန်တွေတောင် ရှိလာခဲ့ပါတယ်။ ဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကျွန်တော် ရှာဖွေနေခဲ့မိပါတယ်။
ကျွန်တော် တစ်နေ့က အင်တာနက် ဆိုင် တစ်ဆိုင်ကို ရောက်ပါတယ်။ စက်အသုံးပြုဖို့ ထိုင်လိုက်တယ် ဆိုရင်ပဲ ပုံမှန် နှိပ်နေကျ Firefox Browser ကို ဖွင့်ပါတယ်။ ပြီးတော့ နေ့တိုင်း ရိုးအောင်မြင်နေရတဲ့ Google တက်အလာကို စောင့်မျှော် နေတုန်းမှာပဲ Firefox Browser က Google ကို ပြမပေးပဲ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကျွန်တော့်ကို တန်းပြပေးပါတယ်။
ကျွန်တော် အရမ်း စိတ်ဝင်စားသွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သွားချင်တဲ့ Web Page တော်တော်များများကို URL ရိုက်မထည့်ဘဲ Click တစ်ချက်တည်းနဲ့ ရောက်သွားနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ဒီနည်းလမ်းဟာ Internet အသုံးပြုသူတိုင်းအတွက် တကယ်ကို အဆင်ပြေစေမယ့် နည်းလမ်းများထဲက တစ်ခုလို့ ကျွန်တော် ယူဆ ထားမိတဲ့ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။
ဒီနည်းလမ်းကို ဘယ်သူတွေ ဒီလို အသုံးပြုသင့်ပါသလဲ?
1 . Developers တွေ အသုံးပြုသင့်ပါတယ်။
ကျွန်တော်က Software Developer တစ်ယောက် ဖြစ်တဲ့အတွက် Developers လိုင်းကို ကျွန်တော် အရင်ပြောပါမယ်။ ကျွန်တော်တို့ Developers တိုင်းမှာ စိတ်ကြိုက် ဖြစ်တဲ့ Web Sites တွေ ကိုယ်စီရှိကြပါတယ်။ ဒါကို ကျွန်တော်တို့ Internet ချိတ်ထားတဲ့ ကိုယ်ပိုင် Desktop, Laptop စသည်ဖြင့် အသုံးပြုထားမယ် ဆိုရင် ကောင်းကျိုးကတော့ Firefox ဖွင့်တာနဲ့ စိတ်ကြိုက် Web Site လေးတွေစီ အလွယ်တကူ သွားနိုင်ပြီ ဖြစ်ပါတယ်။
2 . နောက်တစ်ခုက အင်တာနက် ဆိုင်တွေ အသုံးပြုသင့်တာပါ။
ကိုယ့်ဆိုင်မှာ လာအသုံးပြုတဲ့ User တွေကို ဒီလို လုပ်ပေးခြင်းဟာ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေတဲ့အတွက် လူဝင်များစေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
3 . Company တွေမှာ အသုံးပြုသင့်ပါတယ် ။
အရေးကြီးတဲ့ Clients တွေရဲ့ URL တွေကို ရိုက်မထည့်တော့ဘဲ လိုရာကို အလွယ်တကူ သွားနိုင်ပါတယ်။
4 . နေရာတိုင်း မှာ ဒီ အချက်ကို အသုံးပြုသင့်ပါတယ် ။
သက်ဆိုင်ရာ နေရာမျိုးစုံမှာ အသုံးဝင်မယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အဲဒီတော့ အားလုံးအတွက် အသုံးဝင်မယ့် ဒီနည်းလမ်းကို အားလုံးအတွက် ပြန်လည် မျှဝေလိုက်ပါတယ်။
အရင်ဆုံးအနေနဲ့ ဒါက ဘာကို သုံးထားတာလဲ?
Firefox ရဲ့ Add-On တစ်မျိုးကို အသုံးပြုထားတာဖြစ်ပြီး အဲဒီ Add-On ရဲ့ အမည်ကတော့ Fast Dial ဖြစ်ပါတယ်။
ကဲ ကျွန်တော်တို့ စလိုက်ရအောင်ပါ။
1 . Firefox ကို စနှိပ်တိုင်း မြင်နေရကျ Google ပုံကြီးပါ။
2 . ပုံမှာ ပြထားတဲ့ အတိုင်း Firefox ရဲ့ Tools ထဲကနေ Add-ons ဆိုတာကို Click ပါ။
3 . ဒီလို မြင်ရပါမယ် ။
4 . Search Box မှာ Fast Dial ဆိုတဲ့ စာသားလေးကို ရိုက်ပါ ။ Fast Dial ပေါ်လာရင် Add to Forefox ကို နှိပ်ပါ။
5 . Accept and Install ကို ရွေးပေးပါ။
6 . Connecting ဆိုတာလေး Loading လုပ်ပြီးချိန်ထိစောင့်ပါ။ ဒီလိုပါ။
7 . ဒီလို မြင်ရပြီဆိုရင် Install Now ကို နှိပ်ပါ ။
8 . Installing ဆိုတဲ့ ဒီပုံစံမျိုးကို မြင်ရမှာပါ ။
9 . ဒီပုံကတော့ Install Complete ဆိုတာပေါ်လာပြီး Install လုပ်ပြီးကြောင်း ပြတာပါ။
10 . Firefox ကိုပိတ်ပါ။
11 . Firefox ကို ပြန်ဖွင့်ပါ။ ဒီတစ်ခါ ပြန်ဖွင့်ရင် ဒီလိုမြင်နေရမှာပါ။ အနီရောင် ပြထားတဲ့ Fast Dial ကိုပဲ သုံးမှာပါ။ Fast Dial Help ကို ပိတ်လိုက်ပါ။ ရှုပ်သွားမှာ စိုးလို့ပါ။
12 . ပုံမှာ ပြထားတဲ့ အကွက်ထဲကို Mouse ကို ရွှေ့သွားပြီး မြားထောက် Click ပါ။
13 . URL နေရာမှာ ဒီလိုရိုက်ပါ ။ URL မှာ လိုချင်တဲ့ Web Site ကို ထည့်နိုင်ပါတယ်။
14 . ဒုတိယ အကွက်၊ တတိယ အကွက်များမှာလည်း လိုချင်တဲ့ Web Site ရဲ့ URL ကို အဆင့် 12/13 အတိုင်း ပြုလုပ်ပါ။ အကွက်ကတော့ အားလုံး 9 ကွက် ပေးထားပါတယ်။
15 . Firefox ရဲ့ Tools ထဲက Option ကိုရွေးပြီး When Firefox starts မှာ Show a blank Page ကို ရွေးပါ။
16 . Firefox ကို ပြန်ဖွင့်ပါ ။ ကိုယ့်စိတ်ကြိုက် ရွေးချယ်ထားတဲ့ Web Sites တွေကို အခုလိုပဲ မြင်ရမှာ ဖြစ်ပါတယ် ။
ကျွန်တော် တို့ ဒီ အကြောင်းအရာကို လေ့လာလိုက်တဲ့အတွက် Firefox ရဲ့ Add-Ons ဆိုတဲ့ အရာတွေကို ရင်းနှီးပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဘယ် Add-Ons က ဘယ်လို ကောင်းပါတယ် ဆိုတဲ့ အကြောင်းအရာများအတွက်လည်း Comment ပေးကာ ပြောပြပေးခဲ့နိုင်ပါတယ်။ (ကိုယ်သိတာ ပြန်မျှဝေ ခဲ့ဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်)
အင်တာနက် အသုံးပြုသူများအားလုံး မိမိစိတ်ကြိုက် Web Sites များကို Firefox ရဲ့ Home Page မှာ စတင်မြင်နိုင်စေဖို့ Firefox ရဲ့ Fast Dial (Add-On) က ဖြည့်ဆည်း ပေးထားပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။
You can download Below
Facebook comments:




















I use Morning Coffee to solve this problem.
https://addons.mozilla.org/en-US/firefox/addon/2677/
Yeah !! bro ( Soe Naung Win )
Nice to meet you .
Thanks for your link and reply .
But , I worried about that , our people who can’t understand clearly if we can’t explain how to do step by step and how t o use it .
I want to share and typed myanmar language for our people .
If you are free !!! Welcome to explain another Add-Ons of Firefox and how to use effectively .
Cheer !!!
Myanmar Tutorials မှ ဒီ Post ကို ဖတ်နေကြသော သူငယ်ချင်းများ ခင်ဗျာ ..
ဒီနေ့ Connection အရမ်းကျနေတဲ့ အတွက် ဒီ Post တင်ရတာ အဆင်မပြေခဲ့ပါ ။ ဒါပေမယ့် ဒီ Post ကို ရအောင် တင်ထားရတာ ဖြစ်တဲ့အတွက် ပုံ နှင့် စာ တခြားစီ တစ်ချို့နေရာများမှာ ဖြစ်နေပါတယ် ။
ကိုသီဟ ကို အကူအညီ တောင်းထားတဲ့အတွက် နောက် ရက် အနည်းငယ်အတွင်း ဒီ Post လေးကို စနစ်တကျ ပြန်လည် စီစဉ်ပြီး ဖြစ်သွားမှာပါ ။
ဒါကြောင့် ဒီ Post ကို နားမလည်ခဲ့ရင် သည်းခံ ခွင့်လွှတ်ပါရန် နှင့် ပေးထားသော EBook လေးကို Download လုပ်ပြီး စမ်းသပ်ကြည့်ကြပါ ခင်ဗျာ ..
ကျေးဇူးတင်ပါတယ် ..
Stringlive
Myanmar Tutorials မှ ဒီ Post ကို ဖတ်နေကြသော သူငယ်ချင်းများ ခင်ဗျာ ..
ဒီနေ့ Connection အရမ်းကျနေတဲ့ အတွက် ဒီ Post တင်ရတာ အဆင်မပြေခဲ့ပါ ။ ဒါပေမယ့် ဒီ Post ကို ရအောင် တင်ထားရတာ ဖြစ်တဲ့အတွက် ပုံ နှင့် စာ တခြားစီ တစ်ချို့နေရာများမှာ ဖြစ်နေပါတယ် ။
ကိုသီဟ ကို အကူအညီ တောင်းထားတဲ့အတွက် နောက် ရက် အနည်းငယ်အတွင်း ဒီ Post လေးကို စနစ်တကျ ပြန်လည် စီစဉ်ပြီး ဖြစ်သွားမှာပါ ။
ဒါကြောင့် ဒီ Post ကို နားမလည်ခဲ့ရင် သည်းခံ ခွင့်လွှတ်ပါရန် နှင့် ပေးထားသော EBook လေးကို Download လုပ်ပြီး စမ်းသပ်ကြည့်ကြပါ ခင်ဗျာ ..
ကျေးဇူးတင်ပါတယ် ..
Stringlive
Chrome မှာတော့ homepage ကို blank ပေးထားရင် ဖွင့်လိုက်တာနဲ့ သွားနေကြနေရာတွေကို ပြထားပေးတယ်ဗျ…
Chrome မှာရော Safari မှာပါ အဲဒါမျိုး ပေါ်ပါတယ်၊ Firefox တစ်ခုပဲ အဲဒီလို Addons တွေ လိုနေတာပါ။ ခုလို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုပြည့်ဖြိုးမောင်မောင် ရေ …
and Opera too. It’s called Speed Dial and you can just type(or dial) number from 1-9 to visit a page. It’s good for people who don’t know where to visit for the first time.
အခုလိုပဲ တခြား Browsers များ အသုံးပြုပုံကို ဖြည့်စွက် ရေးသားပေးသွားကြတဲ့ သူငယ်ချင်းများကို ကျေးဇူးအထူးတင်ပါတယ် ။
Thank a lot for your kind sharing.