Facebook သုံးသူတိုင်းအတွက် “Everyone”

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ကမ႓ာ့လူသုံးအများဆုံး Social Networking Site ဖြစ်တဲ့ Facebook က User’s Privacy လို့ခေါ်တဲ့ အသုံးပြုသူ တစ်ဦးခြင်းရဲ့ ပိုင်ခွင့်နဲ့ ပတ်သက်ပြီး လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့ အငြင်းပွားစရာ ကောင်းတဲ့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ Facebook ဆိုတာ အရင်က အပိတ်သဘော ဆောင်တယ်လို့ သိခဲ့ကြပါတယ်။ (အစကတော့ Facebook က ကောလိပ်ကျောင်းသားတွေ အတွက် ကွန်ယက်အနေနဲ့ အစပြုခဲ့တာပါ၊ အဲဒီကတည်းက တစ်ဦးခြင်း တစ်ယောက်ခြင်းစီရဲ့ အချက်အလက်တွေကို ခွင့်ပြုချက်မရပဲ ကြည့်လို့ မရပါဘူး) အခုတော့ Twitter တို့လို့ ပုံစံမျိုးချိုးဖို့ ခြေလှမ်းတွေ ပြင်လာနေပါပြီ။ တစ်ယောက်ခြင်းစီရဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ Status Updates တွေအားလုံးဟာ Publish for everyone နဲ့သာ ပေးထားလို့ကတော့ Facebook က ကြိုက်သလို သုံးခွင့်ရှိတယ် ဆိုတဲ့ပုံစံဖြစ်လာပါပြီ။ အဲဒီအပြင် Facebook Like နဲ့ ပတ်သက်ပြီး အငြင်းပွား စရာ တစ်ပုံကြီး ဖန်တီးလာပါတယ်။

တကယ်တော့ အဲဒီအပြောင်းအလဲအတွက် Facebook ကိုယ်တိုင်က Recommended Settings အနေနဲ့ User တိုင်းကို ပြင်ဆင်ဖို့ ကြိုတင် အသိပေး အကြောင်းကြား ထားပြီး ဖြစ်ပါတယ်။ ဘယ်အပိုင်းတွေကိုတော့ ဘယ်သူတွေသာ သိစေ၊ ဘယ်အပိုင်းတွေကိုတော့ မသိစေနဲ့ စသည်ဖြင့် ခွဲခြားဖို့ ကြိုတင် အသိပေးခဲ့တာ အားလုံး မှတ်မိဦးမယ် ထင်ပါတယ်။ အဲဒီတုန်းက မာဖီးယားဆော့ ကောင်းတုန်း အချိန်ဆိုတော့ လူတွေ များသထက် များအောင် စုနေတဲ့အချိန်ပေါ့။ အဲဒီလို ပြောင်းလဲခွင့်တွေ ပေးလာတော့ ကိုယ့် Personal နဲ့ ပတ်သက်တာတွေ အားလုံးကို ကိုယ့် သူငယ်ချင်းတွေသာ ဖတ်ခွင့် ကြည့်ခွင့် ရှိတယ်လို့ ကန့်သတ်ထားရင် ကောင်းမှာပဲလို့ တွက်ပြီး တစ်ခါတည်း Group တွေခွဲပြီး ကန့်သတ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက ကိုယ့် Personal Data တွေကို မာဖီးယားက လူတွေ မသိစေချင်တဲ့ အချက်တစ်ခုတည်းနဲ့ ကန့်သတ် ပစ်ခဲ့တာပါ။ ဒါပေမယ့် အခု Facebook ရဲ့ ပေါ်လစီအရ အဲဒီလိုသာ မကန့်သတ်ထားရင် မာဖီးယားတွေသာ မက Facebook ကပါ သိခွင့်၊ လုပ်ချင်ရာ လုပ်ခွင့် ရနေတယ်ဆိုတာ အဲဒီအချိန်တုန်းက မသိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက Facebook ရဲ့ Recommended Settings ကို အမှုမဲ့ အမှတ်မဲ့နေပြီး နဂိုအတိုင်း ထားခဲ့တဲ့သူတွေ အနေနဲ့ ခုချိန်မှာ (F8 Event နောက်ပိုင်းမှာ) Facebook ကို ကိုယ့်အချက်အလက် ‘ဝ’ ကွက် အပ်သလို ဖြစ်နေတယ်ဆိုတာ သိလိုက်ရ ပါတော့တယ်။ ကိုယ်ရဲ့ Status Updates တွေ ဓာတ်ပုံတွေ နဲ့ အခြား Shared Links တွေ အကုန်ပါသွားပြီပေါ့။

တကယ်တော့ နှစ်ပေါက် တစ်ပေါက်ရိုက်သလို ခံစားလိုက်ရပါတယ်။ ကြိုတင် ကြော်ငြာတယ်ဆိုပေမယ့် လူတိုင်း နားလည်တာက Facebook Recommended Setting ဆိုတာ ကိုယ့်ရဲ့ Personal Data တွေ Facebook က ဒီထက် ပိုမို စိတ်ချရအောင် လုပ်ပေးတယ်လို့ပဲ တွက်ကြပါတယ်။ ဒါကြောင့် နဂိုကတည်းက ဘာမှမဖြစ်တာ ဒီအတိုင်း ထားလိုက်တာပေါ့ကွာ ဆိုပြီး ထားလိုက်ကြတာလည်း ပါပါတယ်။ Facebook ကိုယ်တိုင်က ဒါတွေကို ကန့်သတ်မှာ မကန့်သတ်ရင် ယူသုံးတော့မှာနော်လို့ ရှင်းရှင်းလင်းလင်း သိအောင် မလုပ်ခဲ့ပါဘူး။ အခမဲ့ သုံးနေတာပဲကွာ ဒီလောက်တော့ ခံပေါ့ဆိုပြီး လုပ်သလားတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင် မာဖီးယားတွေ သိမှာစိုးလို့ ကန့်သတ်ခဲ့တာသာ ဖြစ်ပြီး Facebook အဲဒီလိုလုပ်လိမ့် မယ်ဆိုတာ မသိခဲ့ပါဘူး။ Facebook and Privacy @ Htoo Tay Zar ကို ဖတ်ပြီးမှသာ သေသေချာချာ သိခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင်လို ကိုယ့် Personal Data တွေကို ကိုယ်ပြချင်တဲ့သူတွေပဲ ပြလို့ရအောင် ဘယ်လို ပြန်လုပ်မလဲ။

(၁) သင်ဝေမျှလိုက်တာတွေကို ဘယ်သူတွေ မြင်နိုင်သလဲ (Status Updates, Photos, Video, etc.)

ပထမဦးဆုံး အပြောင်းအလဲက Status Update ပါ။ အရေးအကြီးဆုံး အပြောင်းအလဲလို့လည်း ဆိုလို့ရပါတယ်။ Status Update တွေကို Share လုပ်တဲ့နေရာမှာ အောက်မှာ Button တစ်ခု အပိုပါလာပါတယ်။ ဘယ်လို Share လုပ်မှာလည်းဆိုပြီး ရွေးချယ်နိုင်ပါတယ်။ Facebook Default ကတော့ Everyone ပါ။

အကယ်၍ မကန့်သတ်ပဲ Facebook Default အတိုင်း Share မယ်ဆိုလို့ကတော့ Everyone ဆိုတဲ့အတိုင်း Everyone ပါပဲ။ နောက်တစ်ခါ Status Update ကို ပြန်တင်မယ် ဆိုရင်တော့ အဲဒီ Button လေးကို သတိထားဖို့ လိုလာပါပြီ။

ဒီဇင်ဘာတုန်းက မေးခဲ့တဲ့ Recommended Settings အတိုင်းသာ ဆိုရင် သင့်အနေနဲ့ သင့်အချက်အလက်တွေကို Facebook ကို ပေးရုံသာမက Search Engine ပေးပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒါတွေကို ပြန်ကန့်သတ်ချင်တယ်ဆိုရင်

  1. Privacy Setting ကို သွားပါ။
  2. Profile Information and Posts ကို ကလစ်ခေါက်ပါ။
  3. Posts by Me ဆိုတဲ့နေရာကို သွားပါတယ်။ အဲဒီနေရာမှာ Everyone ဆိုရင် ကိုယ်ကြိုက်တဲ့ Setting ကို ပြောင်းပါ။ အဲဒီလို ပြောင်းလိုက် တာနဲ့ ကိုယ့်ရဲ့ Status Updates, Notes, Links, Photos နဲ့ Videos တွေ အကုန် အကျုံးဝင်ပါတယ်။
  4. အကောင်းဆုံးကတော့ Friends Only ကိုပဲ ရွေထားတာပါ။ အဲဒီလို ရွေးဖို့လည်း ဘယ်သူတွေကတော့ Friends ဆိုပြီး ခွဲထားပေးဖို့ လိုပါမယ်။ အဲဒီလို ခွဲချင်ရင်တော့ Edit Friends ကို သွားပြီး ခွဲနိုင်ပါတယ်။ သူငယ်ချင်းတွေ အများကြီး ရှိတဲ့သူတွေတော့ လက်ညောင်း လောက်အောင် ပြန်လုပ်ရမယ့် အနေအထားပါ။
  5. Create New List ဆိုပြီး ကိုယ်ကြိုက်သလို နာမည်တွေ ပေးပါ။ Friends ဆိုတာတော့ နဂိုကတည်းက ပါပြီးသား ဖြစ်မယ် ထင်ပါတယ်။  ကိုယ်ထဲမှာ ရှိတဲ့ တစ်ယောက်ချင်း စီကို List တွေထဲထည့်ပေတော့ပဲ။

(၂) ဘယ်သူတွေက Personal Info တွေ မြင်နိုင်သလဲ

Facebook မှာ Personal Info ဆိုတဲ့ ကဏ္ဍ အရင်ကတည်းက ရှိပါတယ်။ နဂိုတုန်းကတော့ Birthday တို့ Religious တို့ Political Views တို့ Relationship Status တို့ကို လူတိုင်း မမြင်အောင် ကန့်သတ်ထားပါတယ်။ အခြား interests, activities နဲ့ favorites တို့ကိုပဲ ပြပေးပါတယ်။

ဒီတစ်ခါအပြောင်းအလဲမှာတော့ Everyone လို့ရွေးထားရင် အားလုံးကို ပြတော့မယ့် အနေအထားမှာ ရှိပါတယ်။ ဒီတော့ ဒီနေရာမှာလည်း ဘယ်ဟာတွေတော့ ပြမယ်၊ ဘယ်ဟာတွေတော့ မပြဘူးဆိုပြီး ကန့်သတ်ဖို့ လိုလာပါပြီ။ ဘယ်လို ကန့်သတ်မလဲဆိုရင်

  1. Privacy Setting ကို သွားပါ။
  2. Profile information and Posts ကို ကလစ်ခေါက်ပါ။
  3. ကိုယ်ဘာတွေကိုတော့ ပြမယ်၊ ဘာတွေတော့ မပြဘူးဆိုတာ အကုန်ပြန်ပြင်လို့ ရပါတယ်။ Everyone ဆိုတာကတော့ သတိထားဖို့ လိုပါမယ်။ Everyone ဆိုတာ ကိုယ့်ထဲမှာ ရှိတဲ့သူအကုန်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ တကယ့်ကို Everyone ပါ။
  4. ဒီနေရာမှာ တစ်ချက် သတိထားရမှာ Friends of Friends ဆိုတဲ့ Option ပါ သူငယ်ချင်းရဲ့ သူငယ်ချင်းများ လို့ အဓိပါယ်ရမယ် ထင်ပါတယ်။ ဒါဆို ကိုယ့်သူငယ်ချင်း အပြင်၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတွေလည်း အကုန် မြင်ရတယ်။ အဲဒီ သူငယ်ချင်းတွေက ပြန် Share ရင်အခြား သူငယ်ချင်းတွေလည်း မြင်ရမယ်။ အဲဒီလို ရှုပ်ထွေးသွားနိုင်ပါတယ်။ ကျွန်တော်ကတော့ Friends Only ကိုပဲ သဘောကျပါတယ်။

(၃) Google က ဘာတွေ မြင်နေသလဲ၊ သင့်ရဲ့ အချက်အလက်တွေကို Search Engines တွေကနေ ကန့်သတ်ပါ။

အခုနောက်ပိုင်း Search Engine တွေမှာ Facebook က ထိပ်ပိုင်းတွေမှာ နေရာယူလာတာ သတိထားမိပါလိမ့်မယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် Facebook က သင့်ရဲ့ အချက်အလက်တွေကို Search Engine တွေအတွက် indexing လုပ်ပေးလိုက်လို့ပါ။ အဲဒီလို ဘာကြောင့် ဖြစ်ရတာလဲ ဆိုတဲ့ ကိစ္စကလည်း Everyone ဆိုတဲ့ စကားလုံးလေးနဲ့ ဆိုင်သွားပါတယ်။ အဲဒီ Everyone လေးကို ဘယ်လို ပြန်ဖြေရှင်းမလဲဆိုရင်

  1. Privacy Setting ကို သွားပါ။
  2. ပြီးရင် Search ကို နှိပ်ပါ။
  3. Public Search Results ကို Allow လုပ်ထားတာကို Uncheck လုပ်ပါ။ အဲဒီလိုလုပ်လိုက်တာနဲ့ Everyone ကို ရွေးထားပါစေဦး Search Engine တွေကို ကန့်သတ်ပြီးသား ဖြစ်သွားစေပါတယ်။ အကယ်၍ ကိုယ်ကန့်သတ်လိုက်တာ ဘယ်လို အခြေအနေရှိလဲ သိချင်ရင် See Preview ကို နှိပ်ပါ။
  4. Allow ကို Uncheck လုပ်ပြီးပြီ ဆိုရင် Popup နဲ့ သေချာလာလို့ မေးပါလိမ့်မယ်။
  5. ဒါဆိုရင်တော့ Search Engine တွေကို ကန့်သတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

အပေါ်မှာပြသွားတဲ့ အချက်သုံးချင်နဲ့ ဆိုရင် အတိုင်းအတာ တစ်ခုအထိ လုံခြုံပြီလို့ ဆိုလို့ရပါတယ်။ ဒီထက်ပိုပြီး လုံခြံုချင်တယ် ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ လင့်တွေအတိုင်း သွားဖတ်ပြီး ဆက်လက် လေ့လာနိုင်ပါတယ်။

The 2 Facebook Settings Every User Shound Check Now ကို မှီငြမ်းရေးသားပါသည်။

Facebook comments:

14 Responses

  1. ကျေးဇူးပဲ.. အဲဒါတွေ အဲလိုဖြစ်တာ သိဘူး.. တကယ်ကျေးဇူးဗျာ.

  2. zaw aung! says:

    thanks alots par!

  3. Thiha says:

    ကျွန်တော်ကလည်း ခုလို လာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

  4. ahkeno says:

    အခုလိုမျှဝေပေးတာကျေးဇူးပါ

  5. TharPhyu says:

    Precious Post…

  6. purple says:

    မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ကိုသီဟ။
    နားမလည်တာတခုမေးပါရစေနော်
    နံပါတ် ( ၁ ) ရဲ့ 4. နဲ့ 5. မှာ Edit Friends ခွဲတာ နားမလည်လို့ပါ
    ခု ကိုသီဟပြောသလို Freinds Only ပဲရွေးထားပါတယ်။
    Friends Only ရွေးထားရင်လည်း friends list တွေထပ်ခွဲဖို့လိုလားသိချင်ပါတယ်ရှင်

    • Thiha says:

      Friends Only ပဲ ရွေးထားတာနဲ့ အဆင်ပြေပါတယ် … ဒါပေမယ့် သူငယ်ချင်းတွေကို Friend List ထဲထည့်ထားဖို့တော့ လိုပါမယ် …

  7. ခုလိုဝေမျှပေးတာ အထူးကျေးဇူးတင်ပါတယ်။

  8. မိုးကုတ်သားလေး မောင်တွတ်ပီ says:

    ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခုလို မျှဝေပေးတဲ့ဟာတွေကို ပြီးတော့ bro ကျနော် ကြိုက်လို့ facebook မှာ ဆိုရင် စုထားတဲ့ပုံလေးတွေပေ့ါ ဗျာ့ အင်း ကိုသားဖြူနာကပုံလေးတွေပေ့ါ အဲ့ဒါတွေကို ကျတဲ့လူတွေက copy save as လုပ်ပြီး တင်တင်သွားကျတယ်ဗျာ အဲ့ဒါကို ကော်ဘယ်လိုပိတ်မတုန်း ဗျာ သိရင်ပြောပြပါအုန်းဗျာ့ :D

    • Thiha says:

      သူငယ်ချင်းတွေက တစ်ဆင့် ပုံတွေကို ရှဲရင်တော့ ပိတ်ရခက်သွားမယ်ခင်ဗျ… ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သူတို့ကို ကြည့်ခွင့်ပေးထားတယ် သူတို့ကို ကြည့်ပြီး ပြန်ရှဲတယ် .. သူတို့ရဲ့ Setting မှာက public ဖြစ်နေရင် အားလုံး ကြည့်လို့ရတဲ့ အခြေအနေ ပြောရရင် Facebook က ပိုင်တဲ့ အခြေအနေ ပြန်ရောက်သွားပါတယ် ..

  9. Nay Yi Win says:

    facebook ကပြင်ထားလို့လား မသိဝူးအကို ပြင်ဖို့ ပြောတာနဲ့ သိပ်မတူဝူး းညီမလဲတက်နိုင်သလောက် လိုက်ပြင်လိုက်ပါတယ်။ ကျေးဇူးအရမ်း တင်ပါတယ်

  10. Ymthet says:

    အကို
    ကျမအခုမှ ဒီစာမျက်နှာကို ဖတ်ရပါတယ်။ စက်ထဲမှာ သိမ်းထားတဲ့ ဓါတ်ပုံတွေကို တခြားသူ ခိုးယူနိုင်တဲ့နည်းတွေကို ပြောပေးစေချင်ပါတယ်။ Fb ပေါ်မှာ ကိုယ်တိုင်မဟုတ်ပဲ အခြားသူတစ်ယောက်က ကိုယ့်ရဲ့ဓါတ်ပုံတွေတင်ထားတာကိုရော ဘယ်လိုဖျက်လို့ရနိုင်ပါသလဲ။ ဖျက်လို့ရနိုင်တဲ့ နည်းလမ်းရှိရင်လည်းသိပါရစေ။ ကျေးဇူးတင်ပါတယ်အကို။

    • Anonymous says:

      အဲဒါကတော့ Report လုပ်မှ ရမယ်ဗျ၊ FB ကို Report လုပ်ပါ။

  11. [...] Facebook သုံးသူတိုင်းအတွက် EveryOne (809 views) [...]

Leave a comment


*