စမ်းသုံးကြည့်သင့်တဲ့ Cloudflare
Cloudflare ဆိုတာ website တွေကို speed မြန်အောင်လုပ်တဲ့ service တစ်ခုပါ။ မြန်လားဆိုရင်တော့ တော်တော်လေးကို သိသိသာသာလေး (သူအဆိုရဆိုရင် 60% လောက်) မြန်သွားပါတယ်။ သူအလုပ်လုပ်တာကတော့ အသေးစိတ်မသိပေမယ့် အကြမ်းဖြင်းအရဆိုရင်တော့ သူမှာ Content Delivery Network လို Serverတွေအများကြီးရှိပါလိမ့်မယ်။ ခေါ်ရင် အနီးဆုံး server ကနေ reply ပြန်တော့ ပိုမြန်တယ်သွားတယ်လို့ထင်ပါတယ်။ ဒီအကြောင်းကို Cloudflare ရဲ့ CEO ကိုယ်တိုင်ဒီမှာ ဖြေထားတာရှိပါတယ်။
ပိုမိုမြန်ဆန်ရုံသာမက ကိုင်တွယ်ရပိုမိုလွယ်ကူပြီး security ကိုလည်းအတော်အသင့်ကောင်းတယ်လို့တော့ ဆိုထားပါတယ်။ ဒါအပြင် ကိုယ်ဆိုဒ်ရဲ့ bandwidth ကိုရော request ကိုပါ သက်သာစေပြီး dashboard ထဲကနေတစ်ဆင့် Visitors , Threats , crawlers တွေကို သီးသန့်ခွဲခြားပြီးကြည့်နိုင်ပါတယ်။ ကိုယ်ဆိုဒ်မှာ threats တွေ traffic သိပ်များနေရင်လည်း (ဥပမာ DOS အတိုက်ခံရတဲ့အခြေအနေမျိုးမှာဆိုရင်) IP ကို banned လုပ်လို့ရပါတယ်။ Theats ထဲမှာလည်း spammers , botent zombie
rule breaker ခွဲခြားထားပြီး block မလား trust မလားဆိုတာကိုယ်တိုင်လုပ်နိုင်ပါတယ်။ ဒါအပြင် ကိုယ်စိတ်ကြိုက် IP တွေ zone တွေ country တွေ block လုပ်ချင်လုပ်လို့ရပါတယ်။
သူဆိုထားတာကတော့ သူရဲ့ stats ဟာ javascript နဲ့ count လုပ်တာမဟုတ်တဲ့အတွက် click count ကိုကြည့်တာအတွက်ကြောင့် spider တွေရဲ့ index လုပ်တာတွေရော javascript disable လုပ်ထားတဲ့ result ကိုပါထည့်သွင်းတွက်ချက်ပါတယ်။ ဒါကြောင့် GA (Google Analyst ) နဲ့နှိုင်းစားရင် click count ကပိုများကောင်းများနေပါလိမ့်မယ်။ တခြားတွဲဖက်အသုံးပြုလို့ရတဲ့ apps တွေလည်းပါ၀င်ပါတယ်။
အဲဒါတွေကတော့
VigLink
သင့်ဆိုဒ်ကို၀င်လာတဲ့ outbound links တွေကနေတစ်ဆင့် ပိုက်ဆံ၀င်အောင်လုပ်ပေးတဲ့ service တစ်ခုပါ။ (အခမဲ့ အသုံးပြုနိုင်ပါတယ်။ )
CLicky
Clicky ကတော့ real time analytics service တစ်ခုပါ။ GA (Google Analytics) လိုတစ်ရက်စောင့်စရာမလိုပါဘူး။ (အခနဲ့ပေးရတဲ့ service ဖြစ်ပါတယ်။) Clicky acc ရှိပြီးသားသူတွေနဲ့လည်းချိတ်ဆက်နိုင်ပါတယ်။
Apture
သူကတော့ contextual search feature တစ်ခုပါ။ user တွေကိုပိုမိုဆွဲဆောင်နိုင်တယ်လို့ ညွန်းထားပါတယ်။
(အခမဲ့အသုံးပြုနိုင်ပါတယ်။)
Monitis
Uptime ကို စောင့်ကြည့်ပေးတဲ့ service တစ်ခုပါ။ သူဆိုဒ် ၊ server နဲ့ application တွေရဲ့ performance ကိုပါအလွယ်တကူစောင့်ကြည့်ပေးပါတယ်။ (အခနဲ့အသုံးပြုတာပါ။ )
Uservoice
သူကတော့ cloudflare နဲ့တွဲဖက်ပြီး သူဆိုဒ်ကိုဖတ်ရှုတဲ့သူတွေ အလွယ်တကူ feedback ပေးနိုင်အောင် ပြုလုပ်ပေးတဲ့ service တစ်ခုပါ။ feedback tab ကိုထည့်သွင်းပေးပြီး user အနေနဲ့ page ပြောင်းစရာမလိုပဲ တစ်ထိုင်တည်း
feedback ပေးနိုင်ပါတယ်။ (အခနဲ့အသုံးပြုတာပါ။ )
Pingdom
Pingdom ဆိုတဲ့ app ကတော့ သင်ဆိုဒ်ရဲ့ uptime နဲ့ performance ကိုစောင့်ကြည့်ပေးပြီး သင်ဆိုဒ်ဒေါင်းသွားရင်
သင့်ဆီအကြောင်းကြားမှာဖြစ်တဲ့အတွက် အမြဲမပြတ်သွားပြီးကြည့်စရာမလိုတော့ဘူးပေါ့။
(free account မှာ domain တစ်ခုအတွက် အခမဲ့အသုံးပြုခွင့်ရှိပါတယ်။ )
SnapEngage
snapEngage ကတော့ gtalk ကနေဖြစ်ဖြစ် skype ကနေဖြစ်ဖြစ် chat နိုင်အောင်လုပ်ထားပေးတဲ့ chat box တစ်ခုပါ။(အခနဲ့အသုံးပြုတာပါ။ )
ExceptionHub
Exception ကတော့ သင်ဆိုဒ်မှာရှိတဲ့ javascript error တွေကိုဖော်ပြပေးတဲ့အတွက် အလွယ်တကူ debug လုပ်နိုင်ပါတယ်။
(အခနဲ့အသုံးပြုတာပါ။ )
Zoompf
Zoompf WPO ဟာ cloud အခြေပြု service တစ်ခုဖြစ်ပြီး web performance testing နဲ့ optimization အတွက်အသုံးပြုနိုင်ပါတယ်။ (အခနဲ့အသုံးပြုတာပါ။ )
Globalsign
GlobalSign Hackalert ကတော့ Cloud အခြေပြု website တွေမှာရှိတဲ့ malware တွေကို detect လုပ်ပေးတဲ့ စောင့်ကြည့်တဲ့ service တစ်ခုပါ။ (အခနဲ့အသုံးပြုတာပါ။ )
BrowserBlaster
သူကတော့ ဘာမှ ဆိုဒ်ထဲမှာ implement လုပ်စရာမလိုပဲ keypad navigation လုပ်နိုင်အောင် support လုပ်ပေးတာပါ။ (အခနဲ့အသုံးပြုတာပါ။ )
StopTheHacker
သင်ဆိုဒ်ရဲ့ ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပေးတဲ့ service တစ်ခုဖြစ်ပြီး အဟက်မခံရအောင် သတိပေးပါတယ်။ (အခကြေးငွေနဲ့ဖြစ်ပါတယ်။)
cdnjs.com
cdnjs. ကတော့ Open Source repository တစ်ခုဖြစ်ပြီး CDN (content Delivery Network) ဖြစ်တဲ့အတွက် ကိုယ်ဆိုဒ်ရဲ့ javascript loading ကိုပိုမိုမြန်ဆန်စေမှာပါ။ ( အခမဲ့အသုံးပြုနိုင်ပါတယ်။)
COdeguard
ကတော့ သင့်ဆိုဒ်ကို အချိန်နဲ့အမျှ backup လုပ်ပေးတဲ့ service တစ်ခုပါ။
ဆိုဒ်ဒေါင်းသွားရင်ဖြစ်စေ အဟက်ခံရရင်ဖြစ်စေ ပြန်ပြီးတော့ recover လုပ်လို့ရပါတယ်။ (အခမဲ့ဖြစ်တဲ့ Basic Plus Plan မှာတော့ 1GB အထိပေးပါတယ်။ )
Google Analytics
Web master တိုင်း လက်မလွတ်နိုင်တဲ့ နာမည်ကျော် Google Analytics နဲ့
ချိတ်ဆက်လို့ရပါတယ်။ (အခမဲ့သုံးနိုင်ပါတယ်။)
Google WebMaster
Google WebMaster နဲ့ချိတ်တာပါ။ တော်တော်အသုံး၀င်ပါတယ်။ crawling , indexing နဲ့ search traffic နဲ့ပတ်သတ်ပြီးအလွယ်တကူကြည့်နိုင်ပါတယ်။ (အခမဲ့သုံးနိုင်ပါတယ်။)
Cloudflare ကို free , Pro နဲ့ enterprise လို့သုံးမျိုးခွဲထားပါတယ်။ pro နဲ့ enterprise ကိုတော့ တန်မတန် မသုံးဖို့လိုမသိပါ။free ကိုရင်တော့ တော်တော်လေးကိုတန်တယ်လို့ပြောလို့ရပါတယ်။ လက်ရှိ Mysteryzillion လည်း cloudflare ကိုသုံးထားပါတယ်။ cloudflare ကိုသုံးရင် register လုပ်ပြီး သူရဲ့ name server နှစ်ခုကို domain နဲ့ချိတ်ပေးဖို့လိုပါလိမ့်မယ်။ သင်လည်းကြိုက်ချင်မှကြိုက်ပေမယ့် စမ်းတော့သုံးကြည့်သင့်တယ်လို့ ယူဆတဲ့ service တစ်ခုပါ။
Facebook comments:



“(ဥပမာ DOS အတိုက်ခံရတဲ့အခြေအနေမျိုးမှာဆိုရင်) IP ကို banned လုပ်လို့ရပါတယ်။”
ဘာမှ ip ကို block လုပ်စရာမလိုဘူး
လာတာတွေ့တယ်နော် localhost လေးကို ပြန်ညွှန်းပေးလိုက်
သူ့စားရိတ်နဲ့သူ ဒိုးသွားလိမ့်မယ်
can you show detail how to use Cloudflare?
Register at Cloudflare and do step by step. Easy to use. ^^