Batch file Programming (1)

Programming language တွေဟာ လေ့လာလို့ မကုန်အောင် များစွာရှိပါတယ် ဒီထဲကမှ Window ပေါ်မှာ အလွယ်တကူ အချိန်မရွေး အသုံးပြုနိုင်တဲ့ Langugae တွေလည်းရှိပါတယ်။ ဒီထဲကမှ Batch Programming အကြောင်းကို လေ့လာ ကြည့်ရအောင် ဒီ Programming ကိုများသောအားဖြင့် Window ပေါ်မှာ အမြန်အသုံးပြုလိုတဲ့ Program အသေးစားလေးတွေအတွက် အသုံးပြုပါတယ်။ Software Industry တွေမှာလည်း Java သမားဖြစ်စေ C# သမားဖြစ်စေ batch ကို knowledge အနေနဲ့ သိထားမယ်ဆိုရင် လုပ်ငန်းခွင်အတွက် များစွာ အထောက် အကူပြုပါတယ်။ Batch သည်လည်း window ပေါ်က command line တွေကို Batch Files အဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

Batch Programming ရဲ ့ ပထမဆုံး Syntax ကတော့

echo ” Hello World ”
pause

ဖြစ်ပါတယ် ဒါကတော့ Hello World ကို Command Line အနေနဲ့ Output ထုတ်ပြတာဖြစ်ပါတယ်။ pause ကတော့ ကိုယ့် process ကို ပြန်မြင်ချင်တဲ့အတွက် ထည့်ထားတာပါ Run ချင်တယ်ဆိုရင် Notepad ထဲမှာ ရိုက်ထည့်ပီး .bat နဲ့ save လုပ်နို်င်ပါတယ်။ mytest.bat ပေါ့။ ပြီးတော့ အဲ့ဖိုင်ကို Double Click နှိပ်ပြီး Run နိုင်ပါတယ်။ ရလာတဲ့အဖြေကတော့


C:\Document and Settings\MMTut>echo ” Hello World ”
Hello World
C:\Document and Settings\MMTut>pause
Press any key to continube . . .

လို့ပေါ်နေပါလိမ့်မယ်။ အထက်ပါ Program ရဲ့ ပထမဆုံးကြောင်းမှာ @echo off ဆိုတာလေးကို ထည့်ကြည့်ရအောင်။

@echo off
echo Hello World
pause

ရလာတဲ့အဖြေကတော့

Hello World
Press any key to continue . . .

ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဘယ် Directory အောက်ကဆိုတာကို မဖော်ပြပဲ program ကိုသာ run စေချင်တဲ့သဘောဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ Program ကို Title နဲ ့ command line စာသားတွေကို color ထည့်ကြည့်ရအောင်ပါ။အောက်ကကုဒ်ကိုnotepad နဲ့ ရေးလိုက်ပါဦး။


@echo off
title MM Tutorials Batch File Programming
color 1e
echo =============================================
echo This is testing for program title and command line color.
echo =============================================
pause

ဒါကတော့ MM Tutorials Batch File Programming ဆိုတဲ့ Program လေးဖြစ်သွားပါပီ color မှာ 1e လို ့ရေးထားတာကတော့ 1 သည် နောက်ခံ အရောင်ကို ရေးသားခြင်းဖြစ်ပြီး e သည် ပေါ်မည့်စာသားအရောင်ကိုရေးခြင်းဖြစ်သည်။ color နံပါတ်များကို Batch Programming ( 2 ) တွင်ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။ အထက်ပါ program ကို run လိုက်သောအခါရမည့် ရလဒ်မှာ


=============================================
This is testing for program title and command line color
=============================================
Press any key to continue . . .

Batch File Programming အကြောင်းကို အပေါင်း အနုတ် အမြှောက် အစား Calculator တစ်ခုဖန်တီးနိုင်သည်အထိ ဖော်ပြသွားမည်ဖြစ်ပါသည်။

Facebook comments:

4 Responses

  1. ကျေးဇူးတင်ပါတယ် … ကျွန်တော်လေ့လာဖြစ်ပါတယ် … နောက်တင်မယ့် ပို့စ်တွေကိုလည်းစောင့်နေပါတယ် … batch ကို စိတ်ဝင်စားတာ ကြာပြီဗျ … လောလောဆယ် HTML လုပ်နေတာနဲ့ မလေ့လာဖြစ်သေးတာ … အကိုတင်ပေးတော့လည်း လေ့လာရတာပေါ့ဗျာ …

  2. nayray says:

    အကိုရေ လေ့လာပြီး အားပေးနေပါတယ်….. နောက်ကနေလည်း လိုက်ပြီး လေ့ကျင့်ခန်းလုပ်ကြည့်နေပါတယ်… ဘယ်လိုတွေ သုံးလို့ရတယ်၊ ဘယ်လိုနေရာတွေမှာ သုံးကြတယ်ဆိုတာလေးတွေကိုလည်း သေချာလေး ရှင်းပြပေးပါဦးနော်…ကျေးဇူးတင်ပါတယ်ဗျာ…လိုရာဆန္ဒများပြည့်ဝပါစေဗျာ

  3. ဆက်ရေးပါဗျာ Batch ရဲ့ အစွမ်းကို ပိုမိုသိချင်ပါတယ်။ Batch က Programmer မှမဟုတ်ပဲ System Admin or Windows Server သမားတွေအတွက်လဲ တော်တော်အသုံးတည့်တယ်။ ဥပမာ Script/LoginScript နဲ့ တွဲသုံးသလိုပေါ့။ ကျေးဇူးပဲဗျာ။

  4. SYKO says:

    အဲဒီ့စာအုပ်လေးက တော်တော်ပြည့်စုံတယ်ဗျ။
    OP က အဲဒီ့စာအုပ်ကို ref: ယူထားတယ်ထင်တယ်။
    စာအုပ် ဘာသာပြန်တာထက်စာရင် အရေးအသားပိုင်းမှာ Code ကို အဓိကထားရှင်းလိုက်စေချင်တယ်။
    ကျွန်တော်ရေးထားတဲ့ မပြည့်မစုံ .bat သင်ခန်းစာလေးကိုလည်း ကျွန်တော့် ဖိုရမ် မှာ ဖတ်လို့ရပါတယ်။

Leave a comment


*