Batch file Programming (3)

Batch file Programming ကိုဆက်လေ့လာကြည့်ကြမယ်။ အရင်တုန်းက ပို့စ်တွေမှာ output ကိုအဓိက ထားပြီး ရေးထားပါတယ်။ အခု Process ပိုင်းကိုသွားကြရအောင်။ Process မှာ နိဒါန်းအနေနဲ့ Labelling System ကနေစကြမယ်။ Batch file Programming မှာ Looping ဆိုတာမရှိပါဘူး ဒီတော့ Looping အစား Labelling စနစ်ကို အသုံးပြုထားပါတယ်။ အောက်က Code ကိုစမ်းကြည့်လိုက်ပါဦး။ batch file ဘယ်လို run မလဲဆိုတာတော့ (1) နဲ့ (2) မှာ ပြောပြီးသားဖြစ်ပါတယ်။ Code ကိုစမ်းပြီးရင် စက်ကို restart ချလိုက်ဦးနော်။ Looping ကဘယ်မှာဆုံးမလဲ ထည့်မထားလို့ တောက်လျှောက် run နေမှာမို့လို့ပါ။

@echo off
:A
msg * This is testing for labelling system
goto A

:A ဆိုတာကတော့ သူ့နောက်မှ ရေးမယ့် instruction တွေအတွက် Label ပေးလိုက်တာပါ နာမည်ပေးတယ်ပေါ့။ msg * This is testing for labelling system နဲ့ goto A ကို A လို့နာမည်ပေးထားတာပါ goto A ဆိုတာကတော့ ခုနက A လို့နာမည်ပေးထားတဲ့ Instruction တွေကိုပြန်အလုပ်လုပ်ခိုင်းတာပေါ့ ဒီလိုနဲ့ အဆုံးမရှိ အလုပ်လုပ်နေတာကို looping သဘောမျိုးအသုံးပြုထားတာပါ။ Forum တွေမှာတွေ့နေကျဖြစ်တဲ့ Virus ဆန်ဆန် Batch file Programming လေးတွေကိုလေ့လာကြည့်ပါဦး။

@echo off
:A
start command
start firefox
start notepad
start explorer
goto A

ဒီ Code ကလဲ ဒီအတိုင်းပါပဲ။ start command ကနေ goto A အထိကို A လို့ Label ထိုးထားပါတယ်။ goto A ကတော့ အပေါ်ကနေ ပြန်စခိုင်းတာပါပဲ ဒီလိုနဲ့ Looping ကိုအဆုံးမသတ်ပဲထားတော့ ကိုယ့်စက်မှာ တောက်လျှောက် run နေတော့ ဗိုင်းရပ်စ်လို အနှောင့်အယှက်ပေးသလိုဖြစ်သွားတာပေါ့။ ဒါကိုပြန်သတ်ချင်ရင် restart ချလိုက်ပါ။ အကုန်ပျောက်သွားပါလိမ့်မယ်။ နောက်ထပ်တော့ မ run မိစေနဲ့ပေါ့။ Looping ကိုအဆုံးသတ်ပြီး သုံးချင်တယ်ဆိုရင်တော့ နောက်ပို့စ်တစ်ခုမှာ if else statement ရေးတဲ့အခါမှာ ထပ်ရေးပေးပါ့မယ်။ အခု Labelling ကိုဘယ်မှာထပ်သုံးလို့ရသေးလဲ လေ့လာကြည့်မယ်။ Batch file Programming ရဲ့အားနည်းချက်တစ်ခုကတော့ main flow မရှိတာပါပဲ။ ဥပမာ အားဖြင့် C++ မှာဆိုရင်

void main(){

}

Java မှာဆိုရင်

public static void main(String[] args){

}

ဒီလိုမျိုး Main Flow လေးတွေရှိပါတယ်။ ဒါမှလဲ Program က run တဲ့အခါမှာ မျိုးတူတဲ့ လုပ်ငန်းတွေကို function အနေနဲ့ စုပြီး main flow ကနေ လှမ်းခေါ်သုံးလို့ အဆင်ပြေမှာပေါ့။ Batch file မှာကတော့ main flow မရှိပါဘူး။ ဒီတော့ label ကိုပဲသုံးပြီးတော့ function အနေနဲ့ သုံးကြည့်ရအောင်။ ဒီလိုသုံးမှလို့တော့ မဟုတ်ပါဘူး။ ကျွန်တော် function အနေနဲ့ သုံးကြည့်မယ်ဆိုပြီး စဉ်းစားမိတာပါ။ တစ်ခြားနည်းလမ်းရှိရင်လည်း Comment ပေးခဲ့နိုင်ပါတယ်။ အောက်က Code ကိုစမ်းကြည့်လိုက်ပါဦး။

@echo off
echo This is main flow
goto newFunction
:main
echo This is return to main flow
pause

:newFunction
echo This is out of main flow
echo This is process by new function
goto main

ဖော်ပြထားတဲ့အတိုင်း This is out of main flow နဲ့ This is process by new function ကို main flow ထဲမှာ ၀င်သုံးထားတာကိုတွေ့ရပါမယ်။ function တစ်ခုရေးဖို့အတွက် function နောက်ဆုံးမှာ main ကိုပြန်သွားတဲ့ label သုံးဖို့လိုပါလိမ့်မယ်။ ဒါကတော့ label ကိုသုံးပြီး looping နဲ့ function ကိုရေးထားတာဖြစ်ပါတယ်။

Facebook comments:

One Response

  1. mars says:

    ဆက်ရေးပါ… ကျနော်စောင့်ဖတ်နေပါတယ်…. တော်ကြာ comment မရှိလို့ဆိုပြီးရေးတာ မရပ်လိုက်ပါနဲ့… ကျေးဇူးတင်ပါတယ်…

Leave a comment


*