သားသားမီးမီးတို့အတွက် Search Engine နှင့် Portal များ
သားသားမီးမီးတို့ကို Google တို့ Yahoo တို့လို လူကြီးတွေ သုံးတဲ့ Search Engine တွေကို သုံးခိုင်းမယ်ဆိုရင် Content Filtering လို့ ခေါ်တဲ့ ကလေးနဲ့ မသင့်တော်တာတွေကို မဖယ်ရသေးတဲ့အတွက် သုံးဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကလေးတွေအတွက် သီးသန့် Search Engine တွေကို စီစဉ်ပေးထားတာတွေ ရှိပါတယ်။ Yahoo, AOL, Ask စသည်ဖြင့် နာမည်ကြီးတွေက စီစဉ်ပေးထားတာပါ တစ်ခုခြင်းစီ မိတ်ဆက် ပေးသွားချင်ပါတယ်။
ပထမဦးဆုံး မိတ်ဆက်ပေးလိုတာက Ask Kids ပါ။ Ask က နေ လွင့်တင်ထားတာပါ။ ကလေးတွေအတွက် ရှာဖွေရေးအင်ဂျင် သီးသန့်ဖြစ်ပြီး Schoolhouse, Movies, Games, Images, Answers ဆိုပြီး ကဏ္ဍ ငါးခုပါဝင်ပါတယ်။ သိချင်တဲ့ စာလုံးတစ်ခု ဖြစ်ဖြစ် Simple Question တစ်ခုခု ဖြစ်ဖြစ် ရိုက်ထည့်လိုက်ရင် ရှာဖွေပေးတဲ့ ပုံစံ တော်တော်လေးကို ကောင်းပါတယ်။
AOL Kids ကတော့ Search Engine ပုံစံမျိုးထက် Portal ပိုဆန်ပါတယ်။ ကလေးတွေအတွက် Portal တွေထဲမှာ အလွန်ပြည့်စုံတဲ့ Portal တစ်ခု ဖြစ်ပါတယ်။ Games, Sports, Entertainments နဲ့ Homework Helpers စသည်ဖြင့် ကဏ္ဍ တွေပါဝင်ပြီး တစ်ခြား ကလေးတွေ အတွက် ကြည့်လို့လည်း ပျော်စရာလည်းကောင်းပြီး ပညာလည်း ရစေမယ့် Secret Millionaires Club ဆိုတဲ့ Series လည်း ကြည့်လို့ရပါတယ်။ Game တွေမှာ ဆိုရင်လည်း Brian Game, Free Game စသည်ဖြင့် အမျိုးအစားစုံအောင် စီစဉ်ပေးထားပါတယ်။ Homework Helpers ကတော့ အကောင်းဆုံး အစီအစဉ်လို့ ပြောရရင် ရမယ်ထင်ပါတယ်။
သူကတော့ Ask Kids လိုပဲ Search Engine တစ်ခုပါ။ ကလေးတွေအတွက် အဓိကထားတဲ့ Search Engine တစ်ခုပါပဲ။ သူ့ရဲ့ ထူးခြားချက်ကတော့ ကလေးတွေ Categories တွေခွဲထားပေးတာပါ။ Animations, Clip Art, Art & Music, Education, Fun and Games, Family, Computer, Health, Internet, Mathematics စသည်ဖြင့် Category တွေ ခွဲထားတဲ့အတွက် အလွယ်တကူ ကလစ်ခေါက်ပြီး ကြည့်နိုင်ပါတယ်။ Interface က ရိုးရှင်းပေမယ့် တော်တော်လေးကို ပြည့်စုံတဲ့ သားသားမီးမီးတို့အတွက် Search Engine ဖြစ်ပါတယ်။
KidClick ကလည်း ကလေးတွေအတွက် Search Engine ပါပဲ။ သူလည်း Category တော်တော်များများ ပါတဲ့အတွက် ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။ KidsClick နဲ့ ပတ်သက်ပြီး ကျွန်တော် သဘောအကျဆုံး အပိုင်းကတော့ အင်္ဂလိပ်စာ သင်ကြားရေးအပိုင်းနဲ့ ပတ်သက်တာတွေပါ။ ရှာဖွေပေးလိုက်တဲ့ အရာတိုင်း အင်မတန် ပြည့်စုံတဲ့ နေရာတွေကို ညွှန်းပေးနိုင်ပါတယ်။
Yahoo Kids ကတော့ AOL Kids နဲ့ တူပါတယ်။ Kids Portal တစ်ခုပါပဲ။ သူလည်း တော်တော်လေးကို စုံတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကလေးပေါက်လေးတွေထက် ကလေးအကြီးတွေကို ပိုပြီး ရည်ရွယ်ပုံရပါတယ်။
တစ်ခြား ကောင်းနိုးရာရာတွေလည်း အများကြီးရှိပါသေးတယ်။ နောက် အခါအခွင့်သင့်ရင် သင့်သလို ရှာဖွေပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Facebook comments:








ကျေးဇူးပါကိုသီဟ။ ဒီလိုလေးတွေ ရေးပြထားတော့ ကျွန်တော်တို့ လို ကလေးအဖေတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ကိုသီဟ စာရေးနိုင်အားကိုလည်း ချီးကျူးပါတယ်။
ဘဝတူတွေဆိုတော့ အဆင်ပြေတာပေါ့ဗျာ။ ကလေးတွေ ကျောင်းပိတ်တော့မယ် ဆိုတော့ ဘာတွေ သင်ပေးရမယ်ဆိုတာ လေ့လာပြီးသား ဖြစ်တာပေါ့ဗျာ။ နောက် ကလေးတွေ အင်မတန် တတ်လွယ်တာဗျ၊ ခဏလေးနဲ့ အကုန် တတ်ကြတယ်
ကျေးဇူးပါ… အိမ်က တူတော်မောင်အတွက် သူနဲ့သင့်တော်မယ့် Search Engine တွေသုံးလို့ရသွားတာပေါ့။ သူကတစ်ခုခုဆို Google မှာရှာလိုက်မယ်ဆိုတာချည်းပဲ။ Google Search ကိုတော့ တော်တော်လေးသုံးတတ်နေပြီ။
ကလေးတွေအတွက် အဲဒီလိုသီးသန် ့ search engine သုံးသင့်တယ် ဆိုတာ မိဘ တော်တော်များများ မသိပါဘူး
ကျေးဇူးတင်ပါတယ် ကိုသီဟ။
နောက်ထပ် ပညာဒါန ဝေမျှနိုင်ပါစေ။
ကျေးဇူး အများကြီး တင်ပါတယ်။ အင်မတန် အကျိုးပြုတဲ့ စာတခုပါဘဲဗျာ။
ကျွန်တော်ကလည်း လာလည်ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျ