Joomla 1.7 ကိုသုံးလို့ရပြီ
1.6 ကို Release လုပ်ပြီး ၆လအကြာမှာ version အသစ်ဖြစ်တဲ့ Joomla 1.7 ရဲ့ Stable Version ကို ၂၀၁၁ ဇူလိုင်လ ၁၉ ရက်နေ့မှ Release လုပ်လိုက်ပါတယ်။
၁ – 1.6 ကနေ 1.7 ကိုပြောင်းသင့်သလား ?
လုံးဝကိုပြောင်းသင့်ပါတယ်။ 1.6 သက်တန်းကုန်မယ့် 2011 August အချိန်ကိုရောက်တော့မှာပါ။ နောက်ပြီး 1.6 အတွက် Security Update အသစ်တွေကိုလည်း ထပ်မထွက်တော့ပါဘူး။ ဒါကြောင့် Security Update ပြဿနာတွေကြုံလာနိုင်ပါတယ်။အကယ်၍ 1.6 မှာ hacking problem ကြုံတွေ့လာရင် ဒီပြဿနာတွေကို ဖြေရှင်းပေးမယ့် Resource ပိုင်းဆိုင်ရာအခက်အခဲတွေရှိလာနိုင်လို့ 1.7 ကိုမဖြစ်မနေ Upgrade ပြုလုပ်သင့်ပါတယ်။ 1.6 ကနေ 1.7 ကိုပြောင်းဖို့ အတွက် အရမ်းလွယ်ပါတယ်။ 1.7 မှာအသစ်ပါသင်လာတဲ့ Built-in Updater ဟာ 1.6 ကနေ version Upgrate လုပ်ရာမှာအဆင်ပြေစေရန်အတွက် “One-Click” version Update ဖြင့် Upgrade ပြုလုပ်ရာမှာလွယ်ကူမှုရှိအောင်စီစဉ်ပေးထားပါတယ်။
၂ – အခုအသုံးပြုနေတဲ့ Site ကို 1.7 မပြောင်းပဲ ဆက်သုံးရင်ရောရလား ?
အခုအချိန်မှာ လက်ရှိ 1.6 နဲ့ သုံးထားတဲ့ website ကို Upgrade မလုပ်ပဲ ဆက်ပြီး Run နေမယ်ဆိုရင်တော့ရပါတယ်။
Support လုပ်မယ့် Extension တွေက အခု 1.7 အတွက်ပဲတက်ပြီးထွက်လာမှာဖြစ်ပြီး 1.6 နဲ့ပတ်သက်တဲ့ Extension တွေနဲ့ပတ်သက်ပြီးအခက်အခဲတွေရှိလာနိုင်ပါတယ်။ (ဥပမာ – Template, Module , Plugin,…)
၃ – 1.6 ကနေ 1.7 ကိုဘယ်လို Updgrate လုပ်ရမလဲ ?
1.7 ကိုပြောင်းတော့မယ်ဆိုရင် ကျွန်တော်တို့အသုံးပြုနေတဲ့ 1.6 ရဲ့ version ဟာ 1.6.5 ဖြစ်ရပါမယ်။ အရင်ဆုံး လက်ရှိ site မှာအသုံးပြုထားတဲ့ Extension တွေအားလုံးကို 1.7 နဲ့ ကိုက်ညီမှုရှိမရှိကိုအရင်စစ်ဖို့လိုပါတယ်။
Extension တွေကို Joomla Extension Directory မှာစစ်နိုင်ပါတယ်။ Upgrate မလုပ်ခင်မှာ Site ကို backup ကြိုလုပ်ထားရင်တော့အကောင်းဆုံးပဲ။
Upgrade လုပ်ရန်အတွက်
Joomla 1.6 ရဲ့ Back End က Extension, Extension-> Extension Manager ကိုသွားပါ။
Update Menu ကိုနှိပ်ပါ။
ညာဘက်အပေါ်ဘက်နားကဲ့ Button Bar မှာရှိတဲ့ Purge Cache ကို နှိပ်ပါ။ ပြီးရင် Find Updates Buttons ကိုနှိပ်ပါ။
List မှာရှိတဲ့ Joomla ကို Check လုပ်ပေးပါ(check လုပ်ရာမှာ Version ကို 1.7.0 နဲ့တွေ့ရမှာပါ)။ ပြီးရင် အပေါ်မှာရှိတဲ့ Update ကို နှိပ်ပါ။ Update လုပ်တဲ့အခါမှာတော့ အချိန်နဲနဲတော့စောင့်ရပါလိမ့်မယ်။
အပေါ်ကအဆင့်တွေအားလုံးပြီးသွားရင်တော့ Update Progressကြီးပြီးသွားပါပြီ။
၄ – Joomla 1.6 မှာရှိတဲ့ Extension နဲ့ Template တွေက 1.7 မှာရောသုံးလို့ရလား ?
Joomla 1.7 မှာ extension နဲ့ Template တွေအသုံးပြုလို့ရတယ်ဆိုပေမယ့် 1.7 ကို အရင် Test လုပ်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ အရင်ဆုံး 1.6 ကနေ 1.7 ကို အရင်ပြောင်းပြီး သေချာအောင် local မှာ test လုပ်ပြီးမှ Extension တွေကို အသုံးပြုသင့်တယ်။
၅ – Joomla 1.7 မှာဘာတွေအသစ်ပါလာသလဲ ?
1.7 ၏ Feature အချို့ကတော့
၁ – custom HTML module မှာ background image ထည့်ပေးလို့ရပါတယ်။
၂ – site name ကို page tile မပေးခင်မှာရော ၊ ပေးပြီးတဲ့အခါမှာရော သတ်မှတ်မှတ်ပေးလို့ရပါတယ်။
၃ – Installation လုပ်ပြီးသွားတဲ့အခါမှာ installation Folder ကိုဖျက်ဖို့အတွက် Installation Progress မှာပဲ “Remove Installation Folder” button ကို ထည့်သွင်းပေးထားပါတယ်။
၄ – Back End ရဲ့ Control Panel ကြီးကို Design ခပ်လန်းလန်းလေးနဲ့ပြင်ဆင်ပေးတားပါတယ်။
၆ – လက်ရှိအသုံးပြုနေတဲ့ Joomla 1.5 ကို 1.7 ကိုပြောင်းသင့်ပါသလား ?
အကယ်၍ လက်ရှိအသုံးပြုနေတဲ့ Joomla 1.5 နဲ့သုံးရတာအဆင်ပြေတယ်ဆိုရင် 1.7 ကို အခုမပြောင်းသေးလဲရပါတယ်။ Joomla က 1.5 ကို 2012 April အထိ Support လုပ်ပါသေးတယ်။
၇ – အခုအချိန်မှ site အသစ်ကို လုပ်မယ်ဆိုရင် Joomla 1.5 (သို့) 1.7 ဘယ်တာကိုသုံးသင့်ပါသလဲ ?
အခုအချိန်မှာ site ကို အသစ်လုပ်မယ်ဆိုရင် Joomla 1.7 ကိုအသုံးပြုတာပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် Joomla 1.5 ကိုပဲအခုအချိန်မှာအားသန်နေတယ်ဆိုရင်တော့ 1.5 နဲ့ပဲဆက်သုံးနိုင်ပါတယ်။ K2 ဆိုရင် 1.6 မှာတောင် Beta ပဲထွက်ပါ သေးတယ်။ နာမည်ကြီး တဲ့ Extension ဖြစ်တဲ့ VirtueMart , K2 တို့ဟာ Joomla 1.5 မှာလုံးဝကို အဆင်ပြေပါ တယ်။
Facebook comments:








I Suggest , we shouldn’t use 1.6 and 1.7. we should use 1.5 and wait 1.8, the long term version. 1.6, and 1.7 are short term versions.
Who tested joomla 1.7 in localhost and found error. Use this insturction-
First, go /path_to_xampp/php/php.ini
And Find
error_reporting =
and change it to look like
error_reporting = E_ALL & ~E_NOTICE
find
display_errors =
and make sure it is looks like
display_errors = Off
then restart Apache.
1.5 ကိုဆက်သုံးလို့ရနေပေမယ့် 1.6, .17 တို့ကိုလည်းစမ်းသုံးကြည့်ထားသင့်ပါတယ်။ ဒါမှ အသစ်ပါလာတဲ့ Feature တွေကို သိနိုင်မှာပေါ့ဗျာ။ (ဥပမာ – 1.5 မှာ Section ရှိခဲ့ပေမယ့် 1.6,1.7 မှာ Section အစား Nested Categories တွေကိုအစားထိုးသုံးလာတာတွေ၊ user access level တွေကိုပို Handle လုပ်လာနိုင်တာတွေ) ဒါမှ 1.5 ကနေ 1.8 ကို Change တဲ့အခါမှာ ပြဿနာတွေကိုရှင်းရတာပိုအဆင်ပြေမယ်လို့ထင်ပါတယ်။
how about 1.8 ? When is it produce?
Joomla 1.8 will release 2012 January but still on discussion to release 1.8 or 2.5.In my opinion still waiting next version of Joomla 1.8 or 2.5 and recommended to use Joomla 1.5
Here is more Information
http://community.joomla.org/blogs/community/1470-need-to-know-17.html