Installing LAMP on ubuntu

LAMP ဆိုတာကတော့ Linux Apache MySQL နဲ့ PHP တို့ရဲ့အတိုကောက်ကို ခေါ်တာ ပါ။ အများအားဖြင့်က Xampp တို့လိုမျိုး Package လိုက်သွင်းတာများပါတယ်။ ဒီ Tutorial မှာတော့ တစ်ခုခြင်း စီ သွင်းနည်းကို ပြောပြမှာပါ။

အရင်ဆုံး မသွင်းခင် root user အနေ နဲ့ဝင်ထားဖို့လိုပါလိမ့်မယ်။ ဒါကြောင့် Terminal ကို ဖွင့်ပြီး အောက်က code ကို ရိုက်လိုက်ပါ

sudo su

root user ဖြစ်သွားပြီ ဆိုရင်တော့ Apache, MySQL, PHP နဲ့ phpmyadmin တို့ကို တစ်ဆင့်ခြင်းစီသွင်းသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး MySQL ကို အရင်သွင်းပါမယ်။

apt-get install mysql-server mysql-client

ပြီးသွားတဲ့အခါကျရင် MySQL အတွက် password လာတောင်းပါလိမ့်မယ်။ ကိုယ်ပေးချင်တဲ့ password ကို ပေးလိုက်ပါ။ ဘာမှထည့်မပေးလိုက်လည်းရပါတယ် ။ တစ်ကယ်လို့ ဒီနေရာမှာ blank ထားခဲ့ တယ်ဆိုရင် phpmyadmin သွင်းပြီး တဲ့ အခါ ကျရင် phpmyadmin ရဲ့ config မှာ AllowNoPassword ဆိုတာကို True ထားပေးရပါမယ်။

နောက်တစ်ဆင့်အနေနဲ့ Apache ကို install လုပ် ပါမယ်

apt-get install apache2

ပြီးသွားရင်တော့ http://localhost လို့ browser မှာခေါ် ကြည့်လိုက်ပါ .. အောက်က အတိုင်း It works ! လို့ပြရင်တော့ ရပါပြီ ..

apache success

နောက်တစ်ဆင့် အနေ ကတော့ PHP5 နဲ့ Apache PHP5 module ကို သွင်းပါမယ်

apt-get install php5 libapache2-mod-php

သွင်းပြီး ပြီ ဆိုရင်တော့ Apache ကို restart လုပ်ရပါမယ်

/etc/init.d/apache2 restart

PHP ကို ရ မရ စမ်းကြည့်ပါမယ် ။ ဒီမှာ တော့ file directory က var/www/ မှာ ရှိပါလိမ့်မယ့် .. ဒါကြောင့်

gedit /var/www/info.php

Text Editor ပွင့်လာပါလိမ့်မယ် .. အဲမှာ အောက်က code ကို ထည့် လိုက်ပါ

<?php
phpinfo();
?>

ပြီးရင်တော့ http://localhost/info.php လို့ခေါ်လိုက်လို့ အောက်ကအတိုင်းပြပြီဆို ရပါပြီ ..

phpinfo

အဲမှာ phpinfo နဲ့အတူ သွင်းထားပြီးသား module တွေရဲ့ List ကိုလည်းတွေ့ရမှာ ပါ။ ဒါပေမယ့် MySQL ကိုမတွေ့ရသေးပါဘူး .. php5-mysql package ကို သွင်းဖို့လို ပါလိမ့်မယ်။

apt-get install php5-mysql

ထိုနည်းတူ xdebug , phpunit အစရှိတဲ့ module တွေသွင်းချင်တယ်ဆို ရင်တော့ အောက်က code ကို ရိုက်လိုက်ပါ .. သွင်းလို့ရနိုင်တဲ့ module list ကို တွေ့ ရမှာ ပါ။ အဲဒီထဲက မှကိုယ်လိုသလိုသွင်းလို့ရပါတယ်။

apt-cache search php5

module တွေသွင်းပြီး ပြီ ဆိုရင်တော့ apache ကို restart လုပ်လိုက်ပါ ..

ပြီး ရင် http://localhost/info.php ကို ပြန်ခေါ်ကြည့်ပါ ..ခုနက သွင်းလိုက်တဲ့ module နဲ့အတူ mysql ကိုပါ List ထဲမှာ တွေ့ရမှာပါ။

နောက်ဆံုး အနေနဲ့ phpmyadmin ကို သွင်းပါမယ် .. ဒါကတော့ optional ပါ .. မသွင်းချင်လည်းရပါတယ် ..

apt-get install phpmyadmin

ပြီးသွားရင် မေးခွန်းနှစ်ခု လာမေးပါလိမ့်မယ် ..

Web server to reconfigure automatically မှာ apache2 ကို ရွေးပေးပါ

Configure database for phpmyadmin with dbconfig-common ? မှာ No ကိုရွေးလိုက်ပါ ..

ပြီး ပြီ ဆိုရင်တော့ http://localhost/phpmyadmin ဆိုပြီး ခေါ်နိုင်ပါပြီ ..

phpmyadmin

အကယ်လို့ 404 not found ဆိုပြီး ပြနေ ရင်တော့ အောက်က တစ်ဆင့် ကို ထပ်လုပ်ဖို့ လိုပါလိမ့် မယ်

gksudo gedit /etc/apache2/apache2.conf

အဲဒီ file ရဲ့အောက်ဆုံးမှာ အောက် က code ကို ထည့် ပြီး save လုပ်လိုက်ပါ။

Include /etc/phpmyadmin/apache.conf

အဲလိုဆိုရင်တော့ ရ သွားပါလိမ့်မယ် .. အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် …

အားလုံးကို ကျေးဇူးတင်ပါတယ်

Facebook comments:

4 Responses

  1. K says:

    Still having that error! >.<
    Do you want to continue [Y/n]? y
    Setting up getdeb-repository (0.1-1~getdeb1) ...
    --2012-02-05 17:09:44-- http://archive.getdeb.net/getdeb-archive.key
    Connecting to 192.168.10.45:8080... connected.
    Proxy request sent, awaiting response... 502 Proxy Error ( The specified network name is no longer available. )
    2012-02-05 17:10:26 ERROR 502: Proxy Error ( The specified network name is no longer available. ).

    gpg: no valid OpenPGP data found.
    dpkg: error processing getdeb-repository (--configure):
    subprocess installed post-installation script returned error exit status 2
    Errors were encountered while processing:
    getdeb-repository
    N: Ignoring file 'getdeb.list.bck' in directory '/etc/apt/sources.list.d/' as it has an invalid filename extension
    E: Sub-process /usr/bin/dpkg returned an error code (1)

    Sigh~

  2. usopp says:

    The problem might be due to getdeb repo problem.
    Check whether there is authentication key for GetDeb in ‘Software Sources.’
    If no, add key from getdeb website.
    If yes, remove getdeb repo source in ‘source list’ and try to install again. (using ubuntu software source)
    Use Synaptic package manager, so you can locate the original source of package.

Leave a comment


*