CSS ကို လေ့လာရန် ပြင်ဆင်ခြင်း
HTML နဲ့ CSS ကို တွဲလေ့လာဖို့ အကောင်းဆုံး Environment တစ်ခု တည်ဆောက်ပုံကို ဝေမျှချင်ပါတယ်။ ကျွန်တော် အကြိုက်ဆုံးပုံစံပါ။ လူတစ်ကိုယ် အကြိုက် တစ်မျိုးဆိုတော့ အကြိုက်ခြင်း တူချင်မှ တူပါလိမ့်မယ်။ ပထမဦးဆုံး Requirement ပိုင်းကို လေ့လာကြည့်ရအောင်။
- Text Editor (ဒါကတော့ မရှိမဖြစ်လို့ ဆိုရမှာပဲ။ အဲဒါမှမရှိရင် CSS ကို ဘယ်လိုရေးမလဲနော)
- Explorer Working Environment (Live Editing လုပ်နိုင်ဖို့ အတွက်ပြင်ဆင်ဖို့ပါ)
ကျွန်တော် အကြိုက်ဆုံး TextEditor ကတော့ Notepad ++ ပါပဲ။ ဒါပေမယ့် e-TextEditor ကိုလည်း ကြိုက်တယ်။ သူက Mac သမားတွေသုံးတဲ့ TextMate လိုပဲ။ နောက် Dreamweaver လည်း ကောင်းပါတယ်။ e-TextEditor တို့ TextMate တို့ကတော့ AutoComplete တွေမှာ တော်တော် မိုက်ပါတယ်။ e-TextEditor မှာဆိုရင် skel လို့ရေးပြီး Tab နှိပ်လိုက်တာနဲ့ XHTML ရေးဖို့ အသင့် အနေအထားကို အောက်မှာ ပြထားတဲ့ ပုံအတိုင်း ရောက်သွားစေပါတယ်။

နောက် Test Page တွေ စာနမူနာ ထည့်တဲ့ lorem ဆိုတာနဲ့ စတဲ့စာတွေကို lorem လို့ရိုက် Tab ခုန်လိုက်တာနဲ့ ရေးပြီးသား ဖြစ်သွားစေပါတယ်။

doctype ဆိုရင်လည်း အဲဒီလိုပါပဲ။ doctype လို့ရိုက်၊ ပြီးရင် Tab နှိပ်တာနဲ့ ကိုယ်လိုချင်တာ ရွေးရုံပါပဲ။

ကဲ ဒီလောက်ဆို TextMate တိုရ e-TextEditor တို့ရဲ့ အားသာချက်တွေ သိလောက်ပါပြီ။ ကျွန်တော်ကတော့ e-TextEditor သုံးပါတယ်။
TextEditor အတွက် အဆင်ပြေပြီ ဆိုတော့ ရှေ့ဆက်ပြီး Firefox မှာ Live Editing လုပ်လို့ရအောင် စီစဉ်ပါ့မယ်။ အဲဒီအတွက် Firebug ကို သိပြီး ဖြစ်ကြမယ် ထင်ပါတယ်။ Firefox Extension အနေနဲ့ ဒီနေရာမှာ ရယူနိုင်ပါတယ်။ ကိုယ့်စက်ထဲမှာ ထည့်ပြီးပြီ ဆိုတာနဲ့ Web Page တစ်ခုခုကို ဖွင့် Right Click ခေါက်လိုက်တာနဲ့ Inspect Element ဆိုတာ ပေါ်လာပါလိမ့်မယ်။

အဲဒီ Inspect Element ကို ကလစ်ခေါက်လိုက်တာနဲ့ HTML နဲ့ CSS အချိတ်အဆက်တွေ အကုန်လုံး အောက်မှ ပြထားတဲ့အတိုင်း ပြပေးပါလိမ့်မယ်။

အဲဒီလို ကြည့်ခြင်း အားဖြင့် ဘယ် div က ဘယ် CSS နဲ့ ချိတ်ထားတယ် စသည်ဖြင့် အကုန်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက Developer Toolbar ပါ။ သူလည်း အင်မတန် အသုံးဝင်ပါတယ်။ ဒီနေရာမှာ သွားပြီး ယူနိုင်ပါတယ်။ ကိုယ့်စက်ထဲမှာ ထည့်လိုက်ရင် Firefox မှာ Toolbar တစ်ခု တိုးလာပါလိမ့်မယ်။
![]()
တကယ့်ကို ဘက်စုံသုံးလို့ ပြောလို့ရအောင် စုံပါတယ်။ Right Click မှာလည်း အောက်မှာ ပြထားသလို တိုးလာပါလိမ့်မယ်။

ကျွန်တော်ကတော့ CSS အတွက် သီးသန့်ဆိုတော့ Toolbar မှာ ပါတဲ့ CSS ဆိုတာကို ကလစ်ခေါက်လိုက်ပါ။
CSS -> Edit CSS ကို ရွေးလိုက်ရင်

CSS တွေ အားလုံး Select All လုပ်ပြီး ဖျက်လိုက်ရင် WebSite မှာ ရှိတဲ့ စတိုင်တွေ အကုန် ပျက်သွားပါလိမ့်မယ်။ အဲဒီလို ဖျက်လိုက်လို့ Website ထဲက CSS တွေ ပျက်မသွားပါဘူး။ ကိုယ့် Explorer ထဲမှာ စမ်းသပ်တဲ့ အဆင့်သာ ဖြစ်ပါတယ်။ Refresh လုပ်တာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွား ပါလိမ့်မယ်။ ကိုယ်ကြိုက်သလို စမ်းသပ်လို့ရပါတယ်။ ကိုယ်အဆင်ပြေတဲ့ အခြေအနေ တစ်ခုရောက်ပြီ ဆိုတာနဲ့ ကိုယ့် Source Code ထဲ ကူးထည့်ရုံပါပဲ။ နောက်တစ်ခု Web Developer Toolbar မှာ CSS နဲ့ ပတ်သက်ပြီး အသုံးဝင်တာ တစ်ခု ရှိပါသေးတယ်။
Miscellaneous -> Display Ruler ဆိုတာပါ။
အဲဒီလို ရွေးလိုက်တာနဲ့ Width ဘယ်လောက်ရှိတယ် Height ဘယ်လောက်ရှိတယ်၊ စသည်ဖြင့် ကြည့်လို့ရလာပါတယ်။ ကိုယ်က ဆိုက်ကို သိချင်ရင်လည်း အောက်မှာ ပြထားသလို Select လုပ်ပြီး ကြည့်နိုင်ပါသေးတယ်။

ကျွန်တော်အကြိုက်ဆုံး CSS ရေးဖို့အတွက် Environment ကို လုပ်လို့ ပြီးပါပြီ။ အခက်အခဲရှိရင်လည်း ကျွန်တော့်ကို ပြောပါ။ ရွှင်လန်း ချမ်းမြေ့ပါစေ။
Facebook comments:



ကိုသီဟရေ notepadd++ မှာလည်း quicktext ဆိုတဲ့ plugin သုံးပြီး auto completion ကို customize လုပ်ပြီး ထည့်လို့ ရတယ်။ http://sourceforge.net/projects/quicktext/
CI ရေးမယ်ဆိုလည်း CI syntax တွေကို ကိုယ်ဟာကို ထည့်လို့ရတယ်ဗျ။
http://codeigniter.com/forums/viewthread/65436
ဒါပေမယ့် notepad++ ထဲမှာ tab ခုန်တဲ့အခါ အလုပ်လုပ်မလုပ် ဖြစ်နေတယ်။ အကို အချိန်လေးရမယ်ဆိုရင် စမ်းကြည့် ပေးပါလား
ကျေးဇူးပဲ Zack ရေ ကျွန်တော် ခုမှ စမ်းကြည့်မိတယ်၊ html ပြီး tab ခုန်တာနဲ့ HTML အတွက် အသင့် ဖြစ်သွားတာပဲ။ တော်တော်ကောင်းတာပဲဗျ။
ကျွန်တော် စမ်းကြည့်တာ .html ဆိုရင် HTML အတွက် အကုန်ရပြီး .php ဆိုရင်တော့ php အတွက် အဆင်ပြေပါတယ်ဗျ။ ထပ်ဖြည့်ထားတာတွေလည်း အလုပ်ဖြစ်တယ်။
Okay, Bro.
Issue တစ်ခုရှိနေတယ်လို့ မထင်မိဘူးလား? Alignment ညှိချင်လို့ tab ခုန်တဲ့အခါ မရတော့ဘူးဗျ
ဟုတ်ပဗျာ Tab ခုန်တော့ အဆင်မပြေတော့ဘူး။ e-TextEditor မှာတော့ အဲဒါမျိုးတွေ မဖြစ်ဘူးဗျ။
Thanks for the tips, Ko Thiha and Ko Zack.
Btw, here’s HTML5 pack for adobe DW CS5 if you use DW and haven’t tried yet.
This helps us easier to use css3 and html5
http://labs.adobe.com/technologies/html5pack/
Chrome Developer Tool ကလည်း တော်တော်အသုံးဝင်ပါတယ်။ Firebug လောက်နီးနီးကို ကောင်းပါတယ်။
ဒါပေမယ့် တစ်ချို့Feature တွေမှာ သိပ်တော့မမှီသေးဘူး။
Chrome သုံးတဲ့သူတွေအတွက် ဖြည့်ပေးလိုက်ပါတယ်။
SAFARI FTW !!!!
SAFARI ရဲ့ Javascript Engine ကလည်း တအားနဲ့ မကောင်းလှဘူးဗျ။
CSS Properties တွေနဲ့ XHTML tag တွေကို အွန်လိုင်းမှာ တိုက်ရိုက်လေ့ကျင့်စမ်းသပ်လို့ရတဲ့ နေရာလေးတစ်ခုပါ… tag/property တစ်ခုချင်းစီအတွက် ရှင်းလင်းချက်တွေလည်း လုပ်ပေးထားပါတယ်.. ကိုယ်တိုင်လည်း ချက်ချင်းစမ်း ချက်ချင်း အဖြေထွက်ပါတယ်… “Example Code” ဆိုတဲ့နေရာမှာ မြင်နေရတဲ့ Tag နဲ့ Properties တွေကိုလည်း Cross Reference လုပ်ထားတာ မြင်ရမှာပါ… အစအဆုံးပြောရင် ဆောင်းပါးတစ်ပုဒ်စာလောက် ဖြစ်သွားနိုင်တာ ဖြစ်လို့ ကိုယ်တိုင် သွားကြည့်နိုင်အောင် ဝေမျှလိုက်ပါတယ်… Link – http://htmlplayground.com/
ကျေးဇူးပဲဗျ … တကယ် အသုံးဝင်တဲ့ နေရာပဲ …
ကျေးဇူး ကိုသီဟ
Lorem ရေးပြီး Tab နှိပ်ရင် တော့ရတယ် … ကျန်တာ တွေက မလုပ်ဘူး … ဘာလို့ပါ လိမ်
EtextEditor 1.0.43 version ပါ
အဲဒါ .html နဲ့ သိမ်းဖို့လိုတယ် ခင်ဗျ .. .html နဲ့ သိမ်းပြီး skel လို့ ရိုက်ကြည့် တစ်ခါတည်း ထွက်လာလိမ့်မယ်၊ ကိုယ့်စိတ်ကြိုက် Setting တွေလည်း ပေါင်းထည့်လို့ရသေးတယ်ဗျ။
အကိုရေ ပို့စ် တွေကိ ုမြန်မြန်လေး တင်ပေးပါဗျာ part (5) ကိုမြန်မြန်လေးတင်ပေးပါဗျာ
လုပ်ပါ အဲလိုကြီးမထားကောင်းဘူးလေ ကိုရာ
I cann’t read the words.
Could you tell me that is why?