HTML5 နဲ့ ပတ်သက်သမျှ
HTML 5 ဆိုတာဘာလဲ
HTML5 ဆိုတာ HTML ရဲ့နောက်ထပ် Generation တစ်ခုပါ။ သူရဲ့ ရှေ့က HTML 4.01, XHTML 1.0 နဲ့ XHTML 1.1 တို့ရဲ့ အမွေကို ဆက်ခံပြီး အသစ်ထွက်လာတဲ့ ဗားရှင်းတစ်ခုပါ။ HTML5 အနေနဲ့ ယခုခေတ်စားနေတဲ့ Web Application တွေအတွက် လိုအပ်မယ့် features အသစ်တွေကို ထောက်ပံ့ပေး ထားပါတယ်။ Web platform မှာ Web Developers တွေ သုံးနေတာ ကြာပြီဖြစ်တဲ့ features တော်တော် များများကို စံ သတ်မှတ် ပေးခဲ့ပါတယ်။
သူ့ရှေ့က မျိုးဆက်တွေလိုပါပဲ။ HTML5 အနေနဲ့ Cross-platform သုံးလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်။ သဘောကတော့ Windows ပေါ်မှာပဲ ဖြစ်ဖြစ် Mac OS X မှာပဲ ဖြစ်ဖြစ် အခြား ဘယ် OS မှာပဲ ဖြစ်ဖြစ် HTML5 ကို သုံးနိုင်အောင် စီစဉ်ထားပါတယ်။ တစ်ခုတော့ရှိပါတယ်။ နောက်ဆုံးပေါ် Web Browser တွေတော့ သုံးဖို့ လိုပါတယ်။ အဲဒီလို နောက်ဆုံးပေါ် Web Browser တွေတိုင်းကလည်း သူ့သက်ဆိုင်ရာ နေရာတွေမှာ အလွယ်တကူ Download ချယူလို့ ရနိုင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ Internet Explorer ကတော့ ခုထက်ထိ HTML5 အတွက် အဆင်မပြေ သေးပါဘူး။ IE9 ထွက်လာရင်တော့ အဆင်ပြေမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် နောက်ဆုံး ဗားရှင်းတွေ ဖြစ်တဲ့ Apple Safari, Google Chrome, Mozilla Firefox နဲ့ Opera တို့မှာတော့ HTML5 ရဲ့ Features တော်တော်များများကို အထောက်အပံ့ ပေးနေပါပြီ။ iPhones, iPads နဲ့ Android အစရှိတဲ့ မိုဘိုင်း ကိရိယာတွေမှာ ပါတဲ့ Mobile Explorer တွေမှာ ဆိုရင် HTML5 ကို ကောင်းကောင်း အထောက်အပံ့ ပေးနေပြီ ဖြစ်ပါတယ်။
လောလောဆယ် HTML5 နဲ့ ပတ်သက်ပြီး မြန်မာလို ရေးထားတာတွေကတော့
- HTML5 for a better web (ဒါကတော့ အညွှန်းပါ)
- HTML5 Cheat Sheet
- 3D Site with HTML
- HTML5 Video (1) (2)
- HTML5 Audio with Javascript
- HTML5 Section
English Version အတွက်ကတော့
- Dive into HTML5
- http://net.tutsplus.com/?s=HTML5
- http://html5demos.com/
ထပ်ဖြည့်ချင်တာတွေ ရှိရင် ထပ်ဖြည့်ပေးကြပါခင်ဗျ …
Facebook comments:


