Natty Narwhal မှာ Ubuntu Tweak ဘယ်လို သွင်းမလဲ!?

HTML, CSS တွေကို ကလိရတာပျင်းလာတော့ Ubuntu ဘက်ကို ရောက်သွားပြန်ပြီ။ ဒီ Tutorial မှာတော့ Ubuntu Tweak ကို Ubuntu 11.04 ဖြစ်တဲ့ Natty Narwhal မှာ ဘယ်လိုသွင်းရမလဲဆိုတာ ပြပါမယ်။ Ubuntu Tweak ဆိုတာ ဘာလဲဆိုတော့ ကျွန်တော်တို့ Windows က TuneUp လိုမျိုး Software ပေါ့။ Ubuntu နဲ့ပတ်သတ်ပြီး tweaks တွေကို အလွယ်တကူ လုပ်ဆောင်လို့ရပါတယ်။

အရင်ဆုံး System ထဲက Ubuntu Software Center ဆိုတာကို ဖွင့်လိုက်ပါ။

ပြီးရင် Menu Bar ကနေပြီးတော့ Edit -> Software Sources ကို ရွေးပါ။

Software Sources တက်လာရင်တော့ Other Software ဆိုတဲ့ tab ကို ရွေးပြီးတော့ Add ဆိုတဲ့ Button ကိုနှိပ်ပါ။ ကျွန်တော်တို့ Ubuntu-Tweak အတွက် Source ကိုထည့်ပါမယ်။

ppa:tualatrix/ppa

ပြီးရင် Software Center ကိုပြန်သွားပြီး Search မှာ Ubuntu-Tweak လို့ရိုက်လိုက်ပါ၊ Ubuntu Configuration Tool ဆိုတာ ပေါ်လာပါလိမ့်မယ်။ Install လုပ်ပါ။

Install လုပ်ပြီးပြီဆိုရင်တော့ Ubuntu Tweak ကိုရှာပြီး Run လို့ရပါပြီ။

ဒီ Tutorials က အဓိက Ubuntu-Tweak ကို မသွင်းတတ်တဲ့ Beginner တွေအတွက် အဓိက ရည်ရွယ်ပါတယ်။

Facebook comments:

Leave a comment


*