Translator & Interpreter

MZ 3rd Anniversary မှာမေးခဲ့ကြတဲ့ မေးခွန်းတွေထဲက တစ်ခုပါ။ Compiler နဲ့ Interpreter ဘာကွာလဲဆိုတာပါပဲ ကျွန်တော် သိသလောက် ဆွေးနွေးရမယ်ဆိုရင် ကွန်ပျူတာမှာ Program language တွေကို ကွန်ပျူတာ နားလည်အောင် လုပ်ဆောင်တာနဲ ့ ပတ်သက်လို ့ နှစ်မျိုးရှိပါတယ် တစ်ခုက Translation ဖြစ်ပြီးတော့ နောက်တစ်ခုက Interpretation ဖြစ်ပါတယ်။

Translation သည် သူဘာသာပြန်မယ့် program code ( တစ်နည်းအားဖြင့် သူ translate လုပ်ပေးမယ့် programming language ) ကို ကွန်ပျူတာ နားလည်နိုင်တဲ့ language code အဖြစ် ပြောင်းလဲ လိုက်ပါတယ်။ တကယ်တမ်း Run လိုက်တဲ့အခါမှာ programmer ရေးထားတဲ့ source code ကို run တာမဟုတ်ပဲ Translator ကပြောင်းလဲ ထားတဲ့ code ကို run တာဖြစ်ပါတယ် ဥပမာအားဖြင့် C++ programming တွင် programmer ရေးသားထားသော Code file ကို .cpp ဖြင့်သိမ်းလိုက်ပါတယ် ထို့နောက် Translator ( eg Compiler ) ဖြင့် tanslate လုပ်လိုက်သောအခါ .obj file ထွက်လာပါတယ် တကယ် program ကို run သောအခါ ထို .obj file ကိုပဲ အသုံးပြုရပါတယ် မူရင်း .cpp ( source code ) ကို ဖျက်လိုက်သော်လည်းပဲ program ကိုဆက်လက်အသုံးပြုနိုင်ပါတယ်။

Translater တွင် နှစ်မျိုးရှိပါသည် High Level Programming နှင့် Low Level Programming အတွက်ဖြစ်ပါတယ် ဥပမာအားဖြင့် C++ အတွက် Compiler ဖြင့် Translate လုပ်ပြီး Low Level Programming အတွက် Assembler ကို အသုံးပြုနိုင်ပါတယ်။

နောက်တစ်ခုကတော့ Interpretation ဖြစ်ပါတယ် Interpreter သည် source program ကိုကွန်ပျူတာ နားလည်နိုင်သော program အဖြစ်ပြောင်းပြီး source program ရဲ ့ instruction တွေကိုစစ်ပါတယ် ထို့နောက် မူရင်း source program ကိုပဲ Executing လုပ်လိုက်ပါတယ် မူရင်း program ပျက်သွားလျှင် program ဆက်လက်အသုံးမပြုနိုင်တော့ပါ။

Facebook comments:

Leave a comment


*