SDLC ( Software Development Life Cycle )

SDLC ကို မပြောပြမီ ကျွန်တော် စဉ်းစားမိသော မေးခွန်းတစ်ခု ရှိသည် ။ ကျွန်တော်တို့ Developer ဆိုသော ခေါင်းစဉ်နှင့် ဘယ် နှစ် ဘယ် အတိုင်းအတာထိ ရပ်တည်ရန် စိတ်ကူးထားပါသလဲ ။ လုပ်ငန်းတိုင်းတွင် ရာထူးတိုးသည် ဆိုသော စကားလုံးရှိလျှင် ကျွန်တော်တို့ Application Development လောကတွင်လည်း ထို အရာသည် ရှိကိုရှိရမည် ဖြစ်ပါသည် ။ တကယ်တမ်း စဉ်းစားကြည့်လျှင် ကျွန်တော်တို့ အထက်တွင် SA ( System Analyst ) ၊ Project Manager ( PM ) စသော အဆင့် များ ကျန်ရှိ နေပါ သေး သည် ။ ထိုမျှမက နိုင်ငံတကာတွင် Software Engineer ( SE ) Level ဆိုသော အဆင့်တစ်ခု အထိပင် တက်လှမ်းနိုင်ပါသည် ။

Developer ဆိုသော Level သည် Scope ကျဉ်းကျဉ်းလေးတစ်ခုအား များများ လေ့လာရသော Level ဖြစ်သည် ။ Scope ကျဉ်းကျဉ်းဆိုသည်မှာ လေ့လာနေရသော Platform ( .Net , PHP , Java ) တစ်ခုခုကို ဆိုလိုခြင်းဖြစ်ပြီး များများလေ့လာရသော ဆိုသည်မှာ မိမိလေ့လာနေသော Platform နှင့် သက်ဆိုင်သည့် နည်းပညာရပ်အသစ်( New Techniques ) များကို စဉ်ဆက်မပြတ်လေ့လာနေရခြင်းကို ဆိုလိုပါသည် ။ တကယ်တမ်း လက်တွေ့တွင်လည်း Developer တစ်ဦးအဖြစ် ရပ်တည်ရန်အတွက် ကျွန်တော်တို့ အနေဖြင့်

လုပ်သင့်လုပ်ထိုက်သော အရာများကို လုပ်နေကြခြင်းသာ ဖြစ်ပါသည် ။

ထိုသို့ အကြောင်းအရာတစ်ခုတည်းကိုသာ အာရုံစိုက်နေသည့်အတွက် Project တစ်ခုကို လက်တွေ့တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နည်းလမ်းများကို မေ့လျော့သွားမည် စိုးသဖြင့် ဒီ Post ကို ရေးသားဖြစ်သွားခြင်း ဖြစ်ပါသည် ။ ကျွန်တော်တို့ Developer များ အနေဖြင့် မဖြစ်မနေ စဉ်းစားကြည့်ရမည့် အချက်တစ်ခုရှိသည် ။  ကျွန်တော်တို့ အထက်တွင် အလုပ်လုပ်နေသော PM ( Project Manager ) ၊ SA ( System Analyst ) တို့ ဘာတွေလုပ်နေကြပါသလဲ ။

အောက်က Link မှာ Download ရယူနိုင်ပါတယ် ။ SDLC အကြောင်း မြန်မာပြန် EBook ဖြစ်ပါတယ် ။

SDLC ခေါ် Software Development Life Cycle အကြောင်း သိကောင်းစရာ

Facebook comments:

3 Responses

  1. Thu Zar says:

    Project မှာတစ်ပိုင်းတစ်စလေးCoding ဝင်ရေးတာမဟုတ်ဘဲ..Project တစ်ခုလုံးကိုကိုယ်တိုင် Manage လုပ်နိုင်ဖို့ကလည်းအရမ်းကိုလိုအပ်တဲ့အရာပါပဲ…

  2. kmt says:

    ဒီ post လေးကို စတင်ဖန်တီးပေး လိုက်တဲ့ အတွက် ဝမ်းသာမိပါတယ်။ Architecture နဲ့ပက်သက်တဲ့ post လေးတွေလဲ ထပ်တင်ပေးပါအုံး Architecture နဲ့ပက်သက်လို့ မြန်မာ programmer တွေ သိပ်ပြီး မဆွေးနွေးကြသလိုဘဲ၊ IT ဆိုတာက အရမ်းကျယ်ပြန့်တယ်လိုထင်ပါတယ်၊ ကျွန်တော်တို့တွေ programming တို့ networking တို့ web design တို့ မှာဘဲ စုပြုံမနေဘဲ Architecturing တို့ Project Management တို့ IT Governance တို့ကို လဲ ခြေစလှမ်းသင့်ပြီ ထင်ပါတယ်။

Leave a comment


*