Model-View-Controller
Model-View-Controller ဆိုတာ ခုနောက်ပိုင်း ခေတ်စားနေတဲ့ မတတ်မဖြစ် တတ်ရတော့မယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် PHP framework တွေမှာ အသုံးများသလို ROR မှာလည်း သုံးပါတယ်။ ASP အနေနဲ့လည်း MVC ကို သုံးလို့ရပါတယ်။ ခုရေးပြမယ့် အချက်တွေဟာ အများစု အသုံးပြုနေတဲ့ MVC ရဲ့ နည်းပညာတွေ ဖြစ်ပါတယ်။
- Client လို့ခေါ်တဲ့ User က Application ကို Request လုပ်တဲ့အခါ ဥပမာ လင့်တစ်ခုကို ကလစ်ခေါက်တဲ့အခါ link ရဲ့ ပုံစံကတော့
http://{domain}.com/{Application}/{Controller}/{Action}/{Parameter 1, etc.}
- အဲဒီလို လင့်တစ်ခုရလာတာနဲ့ အဲဒီလင့်ရဲ့ တည်ဆောက်ပုံကို Dispatcher က ဘယ် controller ကို သုံးရမလဲ၊ ဘယ် Action ကို သုံးရမလဲ၊ ဘယ် parameters တွေကို Controller က သုံးရမယ်ဆိုတာတွေကို ဆုံးဖြတ်ပါတယ်။
- အဲဒီနောက် Controller မှာပါတဲ့ function တွေက dispatcher က ပို့လွတ်လိုက်တဲ့ parameters တွေမှာပါလာတဲ့ Data တွေကို လက်ခံပြီး database နဲ့ ဆက်သွယ်ဖို့ model script တွေကို ဆက်သွယ်ပါတယ်။
- Model Script တွေဟာ Controller က ပို့လွတ်လိုက်တဲ့ requests တွေကို သုံးပြီး Database နဲ့ ဘယ်လို ချိတ်ဆက် မလဲဆိုတာကို တိုင်းတာပါတယ်။ Data queries တွေ၊ Data-sorting တွေကို Database နဲ့ ချိတ်ဆက်ပြီး Model တွေက Run ပေးပါတယ်။
- Model ကနေ Data တွေကို Database ဆီကို ပို့လွတ်၊ လိုအပ်တာ ပြန်ယူပြီး Controller ဆီကို Output အနေနဲ့ ပြန်ပို့ပေးပါတယ်။
- Controller ဆီကို Model ကနေ တစ်ဖန် ပြန်ရောက်လာတဲ့ Output Data တွေကို လိုအပ်သလို Process လုပ်ပြီး View ဆီကို ပို့ပေးပါတယ်။
- View ကနေ တစ်ဆင့် User Interface ဖြစ်တဲ့ Client Browser ဆီကို ပြန်ပို့ပေးပြီး Output အနေနဲ့ User ကို မြင်တွေ့စေပါတယ်။
ဒီအဆင့်တွေကို နောက်ရေးမယ့် Tutorial ကို လုပ်ကြည့်ရင် သဘောတရားကို နားလည်နိုင်လိမ့်မယ် ထင်ပါတယ်။
Facebook comments:




[...] http://www.myanmartutorials.com/web/mvc/model-view-controller/ [...]
Thank alot..:)
ကိုသီဟ ရေ နောက်ရေးမယ့် Tutorial ကို စောင့်နေတာ တော်တော်ကြာနေပြီ နော်။
အိ … လောလောဆယ် ကျွန်တော် အဲဒီဖက်မှာ မဟုတ်တော့ဘူး ခင်ည၊ ကျွန်တော် အဲဒီဖက်ကို ပြန်ရောက်တဲ့အချိန် ကျွန်တော် ရေးပေးပါ့မယ် ခင်ဗျာ ….
[...] ကျွန်တော်တော့ ပြောမနေတော့ပါဘူး။ Myanmartutorial မှာဖြစ်ဖြစ် ဒါမှမဟုတ် [...]