Tutorials of .Net Framework Part(1)

စာရေးသူ၏အမှာစာ

အားလုံးဘဲ မင်္ဂလာပါ

ဘာအကြောင်းကြောင့် ဤစာများကို ရေးသားရသလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာက .Net နဲ့ ပက်သက်ရင် မြန်မာစာအုပ်တွေက မရှိသလောက်ပါဘဲ။ အကြောင်းအမျိုးမျိုးကြောင့် သင်တန်း မတက်နိုင်သော သူများအတွက် ရည်စူး၍ ရေးသားထားပါတယ်။ အင်္ဂလိပ်စာ အခက်အခဲ ရှိသူများ အတွက်လည်း ဤစာအုပ်က သင့်လျှော် အဆင်ပြေမည်လို့ ကျွန်တော် ယုံကြည်ပါတယ်။

ဝေဖန် အကြံပြုချက်များကိုလဲ ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံကြိုဆိုပါတယ်။

ကျွန်တော် ဒီစာအုပ်မှာ ရေးမယ့် အကြောင်းအရာတွေက အနည်းငယ်လေးနက်တဲ့ အကြောင်းအရာတွေ ဖြစ်တာကြောင့် အားလုံး နားလည် နိုင်အောင် ကြိုးစားပြီး သေသေချာချာ ရှင်းလင်း ရေးသားထားပါတယ်။

ပထမဦးဆုံး စာစရေးတာဆိုတော့ အယူအဆတွေ အမြင်တွေထဲမှာ အမှားအယွင်းတွေ ပါဝင်နေရင် နားလည်ပေးကြပါလို့ တောင်းဆိုပါတယ်။

ကျွန်တော်လေ့လာစဉ် ကာလသင်တန်းမှာ သင်ခဲ့သော သင်ခန်းစာများကိုလည်း ထည့်သွင်းရေးသား ထားပါတယ်။။

အဓိကရည်ရွယ်ချက်မှာ .net language များကို မြန်မာလို အဆင်ပြေပြေ ဖတ်ရှု လေ့လာစေလိုသော ရည်ရွယ်ချက် တစ်ခုသာ ဖြစ်ပါတယ်။

မည်သူကိုမျှ တိုက်ခိုက်လိုသော ဆန္ဒမရှိပါ ထို့ကြောင့် တစ်စုံတစ်ခုသော အကြောင်း တိုက်ဆိုင်လာပါက ကျွန်တော် မည်သူ့ကိုမျှ တိုက်ခိုက် ဝေဖန်ရေးသားထားခြင်း မဟုတ်ပါလို့ ဒီနေရာမှ ကြိုတင်၍ တောင်းပန်အပ်ပါတယ်။

ဤစာအုပ်တွင် ပါရှိသော အကြောင်းအရာများမှာ အပြင် Programming လောကတွင် အမှန်တကယ် အသုံးဝင်သော လေ့ကျင့်ခန်းများကိုသာ သီးခြား ရွေးချယ်၍ တင်ပြထားပါတယ်။ အင်တာနက်မှ အချို့သော လေ့ကျင့်ခန်းများကိုပါ ထည့်သွင်း ရေးသားထားပါတယ်။

စာဖတ်သူအနေနဲ့ အခက်အခဲရှိရင် ကျွန်တော့်ကို အီးမေးလ်ပို့ ပြီး မေမြန်းနိုင်ပါတယ်။

ကျွန်တော် ရေးသားထားသော Program များ ၊ စာအရေးအသား အယူအဆ လွဲမှားနေပါကလည်း ကျွန်တော့်ထံကို စာများ ပေးပို့ဝေဖန် နိုင်ပါတယ်။

ကျွန်တော်ကလဲ လေ့လာနေဆဲ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်၏ Email မှာ ASPCrazy92@gmail.com နဲ့ Myanmartutorials ကို စာပို့ပြီး မေးမယ် ဆိုရင်လည်း မေးလို့ရပါတယ်ခင်ဗျ။

ကျွန်တော်၏ သင်ဆရာ၊ မြင်ဆရာ ၊ ကြားဆရာများကိုလည်း ဒီနေရာမှ ကျေးဇူးအထူး တင်ကြောင်း ပြောလိုပါတယ်။

အားလုံး ကျန်းမာ ချမ်းသာကြပါစေ။

ရေးသားသူ               -         ဇော်မင်းစိုး (Initial Soel)

အကြောင်းအရာ         -         .net Framework 2.0 to 3.5

ရည်ရွယ်ချက်            -         .net လေ့လာနေသူများ အဆင်ပြေချောမွေ့ စွာလေ့လာနိုင်စေရန်

E-mails                  -         ASPCrazy92@gmail.com

.NET Framework ဆိုတာ ဘာလဲဗျ

ကျွန်တော် .NET Framework အကြောင်းကို မပြောသေးခင် Microsoft ရဲ့ အကြောင်းကို အရင်ဦးဆုံး မိတ်ဆက် ရပါမယ်။ ဒါမှလည်း .NET Framework အကြောင်းကို သေချာ နားလည်မှာ ဖြစ်ပါတယ်။

.NET Framework ကိုစတင်ရေးသားခဲ့တာကတော့  Microsoft Company ကြီးဖြစ်ပါတယ်။ အင်မတန်မှ ကြီးကျယ် တဲ့ Company ကြီး ဖြစ်သောကြောင့် အားလုံးလည်း သိကြမှာပါ။ .NET ဆိုတဲ့ အတိုင်းဘဲ .NET လိုင်းမှာ က Language တွေ အများကြီး ရှိပါတယ်။

အသုံးများဆုံး Language တွေကို အောက်မှာကျွန်တော် ဖော်ပြပါ့မယ်။

ဆိုပြီးတော့ အဓိက လေးခုရှိပါတယ်။ အခြား Language တွေလည်း ရှိပါတယ်။ အသုံးအများဆုံး နာမည် အကြီးဆုံးတွေကိုသာ သီးသန့် ဖော်ပြလိုက်ရပါတယ်။

ကျွန်တော် အခုပြောနေတာ က .NET Programming Language တွေကို ပြောနေတာနော်။ Framework အကြောင်း ပြောနေတာ မဟုတ်ဘူးပါဘူး။ C#.Net Language က ပြောရရင်တော့ တော်တော်များများ အသုံးများတယ်။ Windows Applications ရေးတဲ့ နေရာမှာတော့ C#.Net Language ကအဓိက နေရာကနေပြီးတော့ ပါပါတယ်။ ဒါကြောင့် C#.Net Language ကပိုပြီးတော့ လူကြိုက်များတာ ဖြစ်ပါတယ်။ VB.Net Language နဲ့လည်း ရေးကြပါတယ်။

ကျွန်တော်လည်း ဒီစာအုပ်မှာ ရေးသားမည့် Language ကလည်း C#.net ပါဘဲ။ နောက်တစ်ခုဖြစ်တဲ့ VB.Net ကိုလည်း တော်တော်များများ သုံးကြပါတယ်။ Windows Applications တွေ ရေးတဲ့ နေရာမှာလဲ VB.Net Language ကိုသုံးကြပါတယ်။ Web အတွက်ကတော့ သိပ်မသုံးကြဘူးဗျ။ သူလည်း တော်တော် ကောင်းပြီး အသုံးဝင်တဲ့ language တစ်ခုဖြစ်ပါတယ်။

နောက်တစ်ခု J#.Net Language ကိုတော့ C# ရယ် VB.Net နှင့်မတူတဲ့ နေရာဖြစ်တဲ့ Mobile Applications တွေရေးသားတဲ့ နေရာမှာ သုံးတာဖြစ်ပါတယ်။ ဖုန်းတွေအတွက် Software တွေ Games တွေရေးတဲ့ နေရာမှာတော့ J#.Net Language ကတော့ ဆရာပါဘဲ။ Java နဲ့ တော်တော် ဆင်ပါတယ်။

နောက်တစ်ခု VC++.Net Language ကတော့ သိပ်ပြီးတော့ အသုံးမများပါဘူး။ ဒါပေမဲ့ ကျွန်တော် ပြောပြပါ့မယ်။ ဒီကောင်က အသုံးသာ မများတာ တော်တော် တော့ကြောက်ဖို့ ကောင်းတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ Language နဲ့ Windows OS တောင် ရေးနိုင်တယ်တဲ့။

ဒါပေမဲ့ ဘာဖြစ်လို့ ဒီ Language ကို မသုံးကြတာလဲဆိုရင် ခက်လို့ပါ။ ဒါပေမယ့် OS Level အထိ Device Level အထိ ဆင်းပြီးရေးလိုတဲ့သူတွေ ဆိုရင် VC++ .NET က အကောင်းဆုံးပဲလို့ ဆိုနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဘယ် Language က ဘာလုပ်တယ်ဆိုတာ သိကြပြီလို့ ကျွန်တော် ထင်ပါတယ်။ တကယ်တမ်း အကျယ်ချဲ့ ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူးဗျ။ ဒါကြောင့် နည်းနည်းဘဲ မိတ်ဆက် လိုက်တာပါ။

အောက်မှာတော့ .NET Framework နဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို ကျွန်တော် မိတ်ဆက် ပေးမှာ ဖြစ်ပါတယ်။ အရင်ဆုံး ကျွန်တော်တို့ ဘယ်လိုင်းကို လိုက်ချင်လဲဆိုတာကို သေချာသိရအောင် ကျွန်တော် အောက်မှာ ဇယားလေးနဲ့ ဖော်ပြပါမယ်။ အဲ့ဒါလေးကို ကြည့်ပြီးတော့ ကိုယ်အားသန်ရာ ကိုလိုက်ကြပါလို့ အကြံပြုပါတယ်။

ကျွန်တော် အပေါ်မှာ ဇယားလေး ဆွဲပြထားတဲ့ အတိုင်း ကိုယ်ဘယ်လိုင်းကို လိုက်ချင်လဲဆိုတာကို သေချာသိဖို့တော့ လိုအပ်ပါတယ်။ အရင်ဦးဆုံး လေ့လာရမှာကတော့ Programming Fundamental ဖြစ်ပါတယ်။ ဘယ်လိုင်းကိုပဲ လိုက်လိုက် အခြေခံကို မတတ်လို့တော့ လုံးဝကို မရပါဘူး။ ဒါကြောင့် အခြေခံ မရှိသေးဘူး ဆိုရင်တော့ အခြေခံကို အရင်ဆုံး လေ့လာပါလို့ ကျွန်တော် ပြောချင်ပါတယ်။ အခြေခံကို တတ်မြောက်သွားပြီ ဆိုရင်တော့ .Net Framework with OOP ကို ဆက်ပြီးတော့ လေ့လာရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ကိုယ်က ဘယ်လိုင်းကို ပိုပြီးတော့ အားသန်ဆိုတာကို ဆုံးဖြတ်ပြီးတော့မှ အပေါ်ဆုံးက သုံးလိုင်းကို ရွေးချယ်ပါ။ မိမိကျွမ်းကျင်ရာပါဘဲ။ ဒီလောက် ဆိုရင်တော့ ရွေးချယ် တတ်သွားပြီလို့ ကျွန်တော် မျှော်လင့်ပါတယ်။

ဒါဆိုရင် ကျွန်တော့် ရဲ့ Framework အကြောင်းကို ရှေ့ဆက်လို့ ရပါပြီ။

.NET Framework ဆိုတာကတော့ Microsoft.Net ရဲ့ Language တွေကို အသုံးချတဲ့ Foundation ကြီး ဖြစ်ပါတယ်။ ကျွန်တော် နားလည်အောင် ပြောရရင်တော့ အပေါ်မှာ ကျွန်တော် ပြောခဲ့တဲ့ C#.Net တို့ VB.Net တို့စတဲ့ Language တွေက တကယ်တမ်းတော့ သူတစ်ယောက်တည်း ဆိုရင် ဘာမှကို လုပ်လို့မရပါဘူး။ သူတို့က ဘာတွေလဲဆိုတော့ Keywords တွေ class တွေ ဖြစ်ပါတယ်။ keywords ဆိုတာ ဘာလဲဆိုတော့ သူတစ်ယောက်တည်း ဘာမှ လုပ်လို့မရဘူး။  အဲ့ဒီ Keywords တွေကို ကျွန်တော် အခုပြောမဲ့ .NET Framework ဆိုတာနဲ့ တွဲရေးမှသာ ပြီးပြည့်စုံတဲ့ Programs ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီထက်ရှင်းအောင် ပြောရရင်တော့ အိမ်ဆောက် ပစ္စည်းတွေနဲ့ ပြောမယ်ဗျာ။ ကိုယ့်ဆီမှာ က အုတ်တွေ၊ ကျောက်တွေ၊ သံချောင်းတွေ စသည်ဖြင့် အိမ်ဆောက် ပစ္စည်းတွေ အားလုံးရှိတယ်ဗျ။ ဒါဆိုရင် အိမ်ဆောက်လို့ ရပြီလား ဆောက်လို့ လုံးဝမရပါ။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ဆောက်ဖို့က Foundation မှ မရှိတာ။ ဘာနဲ့သွားပြီးတော့ ဆောက်မှာတုန်းဗျ။ မဟုတ်ဘူးလား။ Foundation မရှိဘဲ ဆောက်ရင်တော့ သွားပြီ။

ဒီသဘောအတိုင်းပါပဲ။ Language တွေဖြစ်တဲ့ C# တို့ VB တို့ကလည်း ပြောရရင် အုတ်တွေ သံတွေဘဲဖြစ်ပါတယ်။ Foundation ကတော့ .NET Framework ဆိုတာပါဘဲ။ အဲ့ဒီ နှစ်ခု ကို ပေါင်းပြီး ရေးရတာဖြစ်ပါတယ်။ တစ်ခုတည်း ဆိုရင်တော့ ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ အားလုံး နားလည်မယ်လို့တော့ ကျွန်တော် မျှော်လင့်ပါတယ် တစ်ခြား Language တွေဖြစ်တဲ့ C#  VB  J#  တွေရဲ့ Keywords တွေ ကို .NET Framework မှာရှိတဲ့ Class တွေနဲ့ ပေါင်းပြီးတော့ ရေးရတာ ဖြစ်ပါတယ်။ Language တွေရဲ့ Code တွေကို .Net Framework ပေါ်မှာ လာပြီးတော့ Run ရတာ ဖြစ်ပါတယ်။ တကယ်ရေးတယ် ဆိုတာက .NET Framework နဲ့ တွဲပြီးတော့ ရေးမှရတာ ဖြစ်ပါတယ်။

.NET Framework မှာ အောက်မှာ ကျွန်တော်ပြထားတဲ့ အချက်တွေ ပါပါတယ်။

FCL – FCL ဆိုတာက Framework Class Library ကိုပြောတာပါ။ ဒီအကြောင်းကို သေသေချာချာ သိနားလည်ထားဖို့  လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ .Net Framework ဆိုတာကို လေ့လာမယ် ဆိုရင် ဒီ FCL ကအဓိက အပိုင်းတစ်ပိုင်း ဖြစ်နေလို့ပါ။ အဲဒီ FCL မှာ အောက်မှာ ပြထားတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

  1. class
  2. structure
  3. enumeration
  4. delegate
  5. interface

အဲ့ဒါတွေ ကို .Net Framework Class Library ဆိုပြီးတော့ခေါ်ပါတယ်။ အဲ့ဒီမှာရှိတဲ့ Class ဆိုတာကို ကျွန်တော် အရင်ရှင်းပါမယ်။ .NET Framework မှာ Class ပေါင်း (2000) ကျော်ရှိပါတယ်။ အဲ့ဒီ Class တွေကို ကိုယ်က သေချာ သိနားလည် ထားရင်တော့ ဘယ် Language ကိုမဆို လေ့လာမယ် ဆိုရင် Easy Going ဘဲဗျ/ တကယ့်ကို လွယ်သွားလိမ့်မယ်။

ဒါပေမဲ့ အဲ့ဒီ Class တွေအားလုံးကို လိုက်ပြီးတော့ လေ့လာနေစရာတော့မလိုပါဘူး။ ကိုယ်လိုက်မယ့် လိုင်းနဲ့ သက်ဆိုင်တာကိုဘဲ သေချာ လေ့လာရင်ရပါတယ်။ ပြောရရင် C# Language မှာ Code တွေ စုစုပေါင်းက ဘယ်လောက်မှ မရှိဘူးဗျ။ ပြောရရင်  A4 စာမျက်နှာ နှစ်မျက်နှာ ဘဲရှိတယ်။ တကယ့် ကို နည်းနည်းလေးဘဲ။

အဲ့ဒီ နည်းနည်းလေးနဲ့ဘဲ ကျွန်တော် တို့သုံးနေတဲ့ Windows  Applications တွေကို ရေးနေကြတာနော်။ အထင်မသေးသွားပါနဲ့။ ကြိုက်သလိုရေးလို့ ရပါတယ်။ ကိုယ်ဉာဏ်စွမ်းရှိသလို ရေးလို့ရပါတယ်။ ကျွန်တော် ဒီငါးမျိုးထဲက ဒီ Class တစ်မျိုးကိုဘဲ ပြောထားပါမယ်။- နောက်ထပ် ကျန်တဲ့ လေးမျိုးကိုတော့ နောက်ပိုင်း အခန်းတွေ ရောက်ရင် ကျွန်တော် အသေးစိတ် ရှင်းထားလို့ပါ။ ဒါကြောင့် ကျွန်တော် ဒီတစ်မျိုးဘဲ လောလောဆယ် ရှင်းထားပါမယ်။

နောက်တစ်ခု ပြောချင်တာကတော့ ကျွန်တော် အခုပြောနေတာတွေက .NET Framework နဲ့ ပက်သက်ပြီးတော့ သိသင့် သိထိုက်တဲ့ အရာတွေကို ကျွန်တော်ပြောနေတာပါ။ .NET Framework အကြောင်း သင်ခန်းစာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ဒီဟာလေးတွေကို သိထားမှ .NET သမား စစ်စစ် ပီသပါတယ်လို့ ကျွန်တော်ယူဆပါတယ်။ အားလုံးကို သိစေချင်တာကြောင့်လည်း ပါပါတယ်။

အခုကျွန်တော် ထပ်ပြောမှာက .NET Framework ရဲ့ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ပြောမှာ ဖြစ်ပါတယ်။ ဟိုးအရင် ခေတ်တုန်း က Microsoft က ထုတ်လုပ်ထားတဲ့ Language နှစ်ခုရှိပါတယ်။ အဲ့ဒါကတော့ C++, VB အစရှိတာတွေနဲ့ ASP ဆိုတာပါ။ (.NET) တွေမဟုတ်ဘူးနော်။

အဲဒီမှာ C++, VB စတာတွေက Windows Application တွေ ရေးတာ ဖြစ်ပြီး ASP ကတော့ Website တွေ ရေးတာ ဖြစ်ပါတယ်။ အားလုံးလဲ သိမှာပါ။ Visual Basic (5) တို့ (6) တို့ကိုလေ။ အဲ့ဒါတွေနဲ့ ရေးခဲ့ကြတယ်။

အဲ့ဒီမှာ စတာပါပဲ။ VB Language ကိုတတ်ထားတဲ့ လူတစ်ယောက် က Windows Applications ဖက်ကိုဘဲ လုံးဝ(လုံးဝ) လိုက်ရမှာ ဖြစ်ပါတယ်။ အကယ်၍ သူစိတ်ပြောင်းပြီးတော့ ASP Web ဖက်ကို လိုက်ချင်ရင်တော့ သူ Coding မှန်သမျှကို ဟိုးအစက နေပြီးတော့ လေ့လာရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာက VB Langauge နဲ့ ASP language တွေဟာ တစ်ခုနဲ့ တစ်ခု ဘာမှကို မဆိုင်ဘူးဗျ။ တစ်ခုခု ပြောင်းမယ်ဆိုလို့ကတော့ အားလုံးအစက ပြန်လေ့လာပဲ။ အဲဒီမှာ အခက်တွေ့တာပဲ။ Programmer တွေ Web Developer တွေ။

ဆက်ပါဦးမယ် ….

Facebook comments:

4 Responses

  1. [...] Tutorials of .net framework part(1) [...]

  2. [...] Tutorials of .Net Framework Part(1)(2)(3)(4) [...]

Leave a comment


*