Compiled Languages နဲ့ Scripting Languages တို့၏ ကွာခြားချက်များ
Programming Language တွေကို Category နှစ်ခု ခွဲလို့ရပါတယ်။ တစ်ချို့ Language တွေဟာ Compiled Language တွေဖြစ်ပြီး တစ်ချို့ Language တွေဟာ Scripting Language တွေဖြစ်ပါတယ်။
ကျွန်တော်တို့ဆီမှာ Programming လေ့လာသူတွေဟာ Compiled Languages တွေကိုသာ အလေ့လာများပါတယ်။ ကျွန်တော်တို့ရဲ့ သင်ခန်းစာမှာ အသုံးပြုမယ့် Programming Language (၂) ခုကတော့ Scripting Languages တွေဖြစ်ပါတယ်။
C/C++, Java, C# စတဲ့ Language တွေဟာ Compiled Languages တွေဖြစ်ပါတယ်။ Javascript, PHP, Ruby, Python စတဲ့ Language တွေကတော့ Scripting Languages တွေဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီ Language Category နှစ်ခုရဲ့ အခြေခံကွာခြားချက်တွေကို သိရှိထားဖို့လိုအပ်ပါတယ်။
Program တစ်ခုဆိုတာဟာ ကွန်ပြူတာကို ဘာပြီးရင်ဘာလုပ်လိုက်လို့ ညွှန်ကြားထားတဲ့ ညွှန်ကြားချက် အစုအဝေးတစ်ခုဖြစ်တယ်လို့ အကြမ်းဖျင်းအားဖြင့် ပြောနိုင်ပါတယ်။ Programming Language ဆိုတာ အဲ့ဒီ ညွှန်ကြားချက်တွေကိုပေးတဲ့ ဘာသာစကားဖြစ်ပါတယ်။ အဲ့ဒီဘာသာစကားတွေဟာ ကြားခံမျှသာဖြစ်ပြီး လက်တွေ့မှာ ကွန်ပြူတာက ညွှန်ကြားချက်တွေကို တိုက်ရိုက်နားလည်ခြင်းမရှိပါဘူး။ ဒါကြောင့် မူလကဘာသာစကားအမျိုးမျိုးနဲ့ ပေးထားတဲ့ ညွှန်ကြားချက်တွေကို ကွန်ပြူတာနားလည်အောင် ဘာသာပြန်ပေးတဲ့ ကြားခံ စကားပြန်တွေလိုအပ်လာပါတယ်။
Compiler ဘာသာပြန်စနစ်
Compiler ဆိုတာ ပေးထားတဲ့ ညွှန်ကြားချက်တွေကို ကွန်ပြူတာနားလည်အောင် ကြိုတင်ဘာသာပြန်ပေးတဲ့ စကားပြန်စနစ်နဲ့တူပါတယ်။ ကျွန်တော်တို့က ညွှန်ကြားချက်တွေကို Compiler ကိုပေးလိုက်ပါတယ်။ Compiler က အဲ့ဒီညွှန်ကြားချက်တွေကို ကွန်ပြူတာနားလည်အောင် (အစအဆုံး) ဘာသာပြန်လိုက်ပါတယ်။ ဘာသာပြန်ပြီးသား ညွှန်ကြားချက်တွေနဲ့ ခိုင်းတော့မှ ကွန်ပြူတာက နားလည်ပြီး အလုပ်လုပ်ပေးပါတယ်။ အဲ့ဒီ Compiler ဆိုတဲ့ ဘာသာပြန်စနစ်ကို အသုံးပြုတဲ့ Programming Language တွေကို Compiled Language တွေလို့ ခေါ်တာဖြစ်ပါတယ်။
Interpretor ဆိုတဲ့ စကားပြန်
Scripting Language တွေကတော့ ဘာသာပြန်စနစ်ကို မသုံးပါဘူး။ သူတို့က ညွှန်ကြားချက်ကို ကွန်ပြူတာကို တိုက်ရိုက်ပေးပါတယ်။ တိုက်ရိုက်ပေးတဲ့ ညွှန်ကြားချက်ကို ကွန်ပြူတာက နားလည်ဖို့အတွက် စကားပြန်တစ်ယောက် အသင့်ထားပါတယ်။ အဲ့ဒီ စကားပြန်ကို Interpretor လို့ခေါ်ပြီး ညွှန်ကြားချက်တွေကို သူက Just-In-time တစ်ဆင့်ဘာသာပြန်ပေးပါတယ်။
အဲ့ဒီ Interpretor ဆိုတဲ့ စကားပြန်ကိုသုံးတဲ့ Programming Language တွေကို Scripting Language လို့ခေါ်တာပါ။ ဒါကြောင့် Compiled Language တွေမှာ ရေးထားတဲ့ Program (ညွှန်ကြားချက်) ကို မ Run ခင် အရင်ကြိုတင်ပြီး Compiled လုပ်ထားဖို့လိုပါတယ်။ Scripting Language တွေမှာတော့ ကြိုတင်ပြီး Compile လုပ်စရာမလိုပဲ (ရေးထားတဲ့ Code ကို) တိုက်ရိုက် Run လို့ရပါတယ်။
အားသာချက် အားနည်းချက်များ
အမျိုးအစားနှစ်မျိုးစလုံးမှာ အားသာချက် အားနည်းချက်တွေရှိပါတယ်။
Compiled Language တွေရဲ့ အဓိကအားသာချက်ကတော့ Performance ဖြစ်ပါတယ်။ အသင့်ဘာသာပြန်ပြီးသားကို Run ပေးရတာဖြစ်တော့ ကွန်ပြူတာက မြန်မြန်ဆန်ဆန်နားလည်ပြီး ချက်ခြင်း အလုပ်လုပ်ပေးနိုင်ပါတယ်။ Scripting Language တွေမှာတော့ Run တဲ့အချိန်မှာ အလုပ်လုပ်ဖို့အတွက် Interpretor က ဘာသာပြန်ပေးတာကို စောင့်ပြီးမှ အလုပ်လုပ်ပေးနိုင်တဲ့အတွက် အလုပ်လုပ်ရတာ နှေးပါတယ်။
Scripting Language တွေရဲ့ အဓိကအားသာချက်တော့ Productivity ဖြစ်ပါတယ်။ Scripting Language တွေမှာ ပေးထားတဲ့ ညွှန်ကြားချက်တွေထဲက ပြင်ဆင်ချင်တာရှိရင် ချက်ခြင်းပြင်လိုက်လို့ရပါတယ်။ Interpretor က Just-In-time ဘာသာပြန်နေတာဖြစ်လို့ ကွန်ပြူတာကလည်း ပြင်ဆင်ထားတဲ့အတိုင်းပဲ ချက်ချင်းအလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ Compiled Language တွေမှာတော့ ညွှန်ကြားချက်ကို ပြင်ဆင်ချင်ရင် ပြင်လို့ရပါတယ်။ ဒါပေမယ့် ပြင်ဆင်ပြီးတဲ့အခါ Compiler ဘာသာပြန်စနစ်နဲ့ နောက်တစ်ကြိမ်ထပ်ပြီး ဘာသာပြန်ရပါတယ်။ အသစ်ထွက်လာတဲ့ ဘာသာပြန်ပြီးသားညွှန်ကြားချက်နဲ့ ကွန်ပြူတာကို ပြောင်းလဲညွှန်ကြားမှသာ ကွန်ပြူတာက ပြင်ဆင်ထားတဲ့အတိုင်း ပြောင်းပြီး အလုပ်လုပ်နိုင်မှာပါ။ တစ်ခုခုပြင်လိုက်တိုင်း တစ်ခါပြန်ပြီး Compile လုပ်နေရတဲ့သဘောရှိလို့ Productive မဖြစ်ဖူးလို့ ဆိုရမှာပါ။
အသုံးချမှု
Operating System တွေနဲ့ System Level Software တွေရေးဖို့ဆိုရင်တော့ မဖြစ်မနေ Compile Language တွေကိုပဲသုံးရမှာဖြစ်ပါတယ်။ Desktop Application တွေရေးဖို့ဆိုရင်တော့ လိုအပ်ချက်ပေါ်မူတည်ပြီး နှစ်သက်ရာ Language အမျိုးအစားကို ရွေးချယ်အသုံးပြုလို့ရပါတယ်။
Web Application တွေရေးဖို့ဆိုရင်တော့ Scripting Language တွေကသာ သင့်တော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ -
- (၁) Application တစ်ခုဆိုတာ Maintainable ဖြစ်ဖို့လိုပါတယ်။ Productive ဖြစ်ဖို့လိုပါတယ်။ ကနေ့ရေးထားတဲ့ Code ဟာ မနက်ဖြန်မှာ ပြန်ပြင်ရဖို့ သေချာပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ နောက်နေ့မှာ ပိုကောင်းတဲ့ နည်းလမ်းကို တွေ့သွားလို့လည်းဖြစ်နိုင်ပါတယ်။ မနေ့ကအခြေခံအဆင့်ပဲရေးခဲ့တာဖြစ်ပြီး နောက်နေ့မှာ ပိုမိုပြည့်စုံအောင်ဖြည့်ဖို့အတွက် ပြင်ရတာလည်းဖြစ်နိုင်ပါတယ်။ မှားနေလို့ ပြင်ရတာလည်းဖြစ်နိုင်ပါတယ်။ Spec နဲ့ Requirement ပြောင်းသွားလို့ ပြင်ရတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် က နေ့ရေးထားတဲ့ Code ဟာ မနက်ဖြန်မှာ ပြင်ရဖို့ ကြိမ်းသေပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးမှာ ပြင်ဆင်မှုတစ်ခါလုပ်တိုင်း တစ်ခါ Compile လုပ်နေရတဲ့ Language တွေထက် ပြင်ပြီးရင် တန်း Run လို့ရတဲ့ Language တွေက ရေးရတာ (သိသိသာသာ) ပိုမြန်ပါတယ်။
- (၂) Hardware တွေရဲ့ အလွန်လျှင်မြန်တဲ့နှုံးနဲ့ တိုးတက်မှုကြောင့် Scripting Language တွေရဲ့ အဓိကအားနည်းချက်ဖြစ်တဲ့ နှေးတယ်ဆိုတဲ့အချက် ကနေ့ခေတ်မှာ မသိသာလှတော့ပါဘူး။
- (၃) Web Application တွေဟာ Desktop Application တွေလိုမဟုတ်ပါဘူး။ Run လိုက်ပြီးဆိုတာနဲ့ Application Package ကြီးတစ်ခုလုံးကို Load လုပ်ပြီး Run နေစရာမလိုအပ်ပါဘူး။ လက်ရှိအလုပ်လုပ်ဖို့လိုအပ်တဲ့ Page နဲ့ လိုအပ်တဲ့ module တွေလောက်ကိုသာရွေးပြီး အလုပ်လုပ်ဖို့လိုပါတယ်။ ဆိုလိုတာက Interpretor က Program ကြီး တစ်ခုလုံးကို ဘာသာပြန်နေစရာမလိုပါဘူး၊ လက်ရှိရွေးထားတဲ့အပိုင်းလေးကိုပဲ ဘာသာပြန်ဖို့ လိုပါတယ်။ ဒါကြောင့် တစ်ခြားနေရာမှာ အားနည်းချက်ဖြစ်နေနိုင်ပေမယ့် Web Application အတွက် Scripting Language တွေမှာ အားနည်းချက်ဆိုတာ မရှိတော့ပါဘူး။
Static Type vs. Dynamic Type
အချို့ Programming Language တွေဟာ Dynamic Type သဘောသဘာဝ ရှိပြီး အချို့ Language တွေကတော့ Static Type သဘောသဘာဝ ရှိပါတယ်။ Type ဆိုတာ Data Type ကိုပြောတာပါ။ လွယ်အောင် ပြောရမယ်ဆိုရင် Programming Language တွေမှာ သုံးတဲ့ Data တွေမှာ အခြေခံအားဖြင့် အမျိုးအစား (၃) မျိုးရှိတယ်လို့ ပြောလို့ရပါတယ်။
နံပါတ်တစ်က Integer Data Type ဖြစ်ပါတယ်။ 123, 29, 69 စတဲ့ ကိန်းပြည့်တွေဖြစ်ပါတယ်။ နောက်တစ်ခုက 3.14, 24.001, 6.0 စတဲ့ ဒဿမကိန်းတွေဖြစ်ပါတယ်။ Floating Point လို့ခေါ်ပါတယ်။ တတိယတစ်ခုကတော့ “Hello, World!”, “Welcome” စတဲ့ စာသားတွေဖြစ်ပါတယ်။ String Data Type လို့ခေါ်ပါတယ် (C လိုမျိုး နည်းနည်းပိုပြီး Lower Level ကျတဲ့ Language မျိုးမှာဆိုရင် String ဆိုတာတောင်မရှိပါဘူး။ A, e, Z စတဲ့ Character Data Type ပဲ ရှိပါတယ်)။
Static Type Language တွေဟာ Variable တွေနဲ့ Value တွေရဲ့ Type ကို Compile လုပ်တဲ့အချိန်မှာ စစ်ပါတယ်။ Dynamic Type Language တွေကတော့ Run Time ကျမှ စစ်ပါတယ်။ ဒီစကားရှုပ်တယ်ထင်ရင် ရှင်းအောင် ထပ်ပြောကြည့်ပါမယ်။
Static Type သဘောသဘာဝရှိတဲ့ Programming Language တွေမှာ Variable တွေဟာ ကြိုတင်ကြေငြာပြီးမှသုံးလို့ရပါတယ်။ ပြီးတော့ သုံးမယ်လို့ပြေထားတဲ့ Data Type ကိုပဲ အဲ့ဒီ Variable ထဲမှာ သိမ်းလို့ရပါတယ်။ ဥပမာ -
int price;
ဆိုတဲ့ Statement ဟာ price လို့အမည်ရတဲ့ Variable တစ်ခုကို ကြေငြာတာဖြစ်ပါတယ်။ အဲ့ဒီ Variable ရဲ့ Type က Integer ဖြစ်တယ်လို့တစ်ခါတည်း ထည့်ကြေငြာထားပါတယ်။ Static Type Language တွေမှာ အဲ့ဒီလို မျိုးကြိုကြေငြာဖို့လိုအပ်ပါတယ်။ ပြီးတော့ အဲ့ဒီလိုကြေငြာပြီးတဲ့နောက်မှာ price ဆိုတဲ့ Variable ထဲကို ကိန်းပြည့်တွေပဲ သိမ်းလို့ရတော့မှာဖြစ်ပါတယ်။ အခြား Data Type တစ်ခုခုကို ထည့်သိမ်းမယ်ဆိုရင် Compile လုပ်တဲ့အခါ Error တက်မှာဖြစ်ပါတယ်။ ဥပမာ -
int price;
price = 39.99;
ဒီလိုဆိုရင် အလုပ်လုပ်မှာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့် ဒါကို Strong Typing လို့လဲ ခေါ်ပါတယ်။
Dynamic Type Language တွေမှာတော့ ဒီလိုမဟုတ်ပါဘူး။ အသုံးပြုမယ့် Variable ကို ကြိုကြေငြာစရာမလိုအပ်ပါဘူး။ ပြီးတော့ ထည့်သွင်းလိုက်တဲ့ တန်းဖိုးရဲ့ Type အပေါ်မူတည်ပြီး လက်ခံတဲ့ Variable ရဲ့ Type ကို အလိုအလျှောက် (Dynamically) ပြောင်းသွားပါတယ်။ Dynamic Type Langauge တွေမှာ Data Type မရှိတာမဟုတ်ပါဘူး။ Data Type ကို Programmer က ဂရုစိုက်စရာမလိုပဲ Language က အလိုအလျှောက် ပြောင်းပေးသွားတဲ့သဘောဖြစ်ပါတယ်။ ဥပမာ -
price = 200;
ဆိုရင် price ဆိုတဲ့ Variable ရဲ့ လက်ရှိ Data Type က Integer ဖြစ်နေမှာပါ။ အဲ့ဒါကို -
price = 39.99;
လို့ ပြင်လိုက်မယ်ဆိုရင်လည်း အဆင်ပြေပြေ ဆက်လက်အလုပ်လုပ်ပါတယ်။ ပြီတော့ ချက်ခြင်းပဲ price ရဲ့ Data Type ကို Float ကို အလိုအလျှောက် ပြောင်းသွားမှာဖြစ်ပါတယ်။ ဒါကို တစ်နည်းအားဖြင့် Weak Typing လို့လဲ ခေါ်ပါတယ်။
Compiled Language တွေနဲ့ Scripting Language တွေရဲ့ ကွာခြားချက်နဲ့ အတူတူပါပဲ။ Static Type သဘာဝရှိတဲ့ Language တွေမှာ ပိုမိုတိကျပြီး မြန်ဆန်တက်ပါတယ်။ Dynamic Type သဘာဝရှိတဲ့ Language တွေကတော့ နည်းနည်း ပိုနှေးတဲ့သဘောရှိပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ ပိုပြီး လွပ်လွပ်လပ်လပ်ရေးလို့ရသွားတဲ့အတွက် သိသိသာသာ Productive ပိုဖြစ်ပါတယ်။
ဒါကြောင့် Compiled Language အများစုဟာ Static Type သဘာဝရှိပြီး Scripting Language အများစုကတော့ Dynamic Type သဘာဝရှိပါတယ်။
ပုံသေမှတ်လို့တော့ မရပါဘူး အချို့ Static Type သဘာဝရှိတဲ့ Scripting Language တွေလည်း ရှိပါတယ်။ ဥပမာ – Ruby Programming Language။ Ruby ဟာ Scripting Language တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Data Type မှာတော့ Strong Type သဘာဝရှိပါတယ်။
ယခုလ Personal Computer Magazine တွင်ဖော်ပြမည့် Javascript သင်ခန်းစာမှ ရွေးထုတ်ဖော်ပြခြင်း ဖြစ်ပါသည်။
Facebook comments:



(C/C++, Java, C# စတဲ့ Language တွေဟာ Compiled Languages တွေဖြစ်ပါတယ်။ Javascript, PHP, Ruby, Python စတဲ့ Language တွေကတော့ Scripting Languages တွေဖြစ်ပါတယ်။)
WHERE ARE VB AND ASP?
@vbasp
This post is neither listing nor talking about programming languages. It’s explaining you to the two categories of programming languages.
BTW, VB is a compiled language and ASP is a scripting language.
(C/C++, Java, C# စတဲ့ Language တွေဟာ Compiled Languages တွေဖြစ်ပါတယ်။ Javascript, PHP, Ruby, Python စတဲ့ Language တွေကတော့ Scripting Languages တွေဖြစ်ပါတယ်။) ဆိုပြီး
(Web Application တွေရေးဖို့ဆိုရင်တော့ Scripting Language တွေကသာ သင့်တော်ပါတယ်။) ဆိုရင်
Where are C# web application developers? And what are they doing?
C# ဟာ တကယ်တန်းတော့ Compiled Language ထဲမှာပဲ ပါပါတယ်။ .NET Framework ကို သုံးတယ် ဆိုဦးတော့ Scripting Language ထဲမှာ မပါပါဘူး။ C# ကို Web Application တွေမှာ သုံးပေမယ့် Scripting Language အနေနဲ့ သတ်မှတ်လို့ မရပါဘူး
yes you are right but this sentence is wrong.
(Web Application တွေရေးဖို့ဆိုရင်တော့ Scripting Language တွေကသာ သင့်တော်ပါတယ်။)
if not, explain to reader
@vbasp
I think what he is saying is that Scripting Languages are better suited for Web Application Development, it does not mean that they can not be used for Web Apps. If you want you can also use C for Web Applications, infact Google Search is written in C ++, however only the back end the front end is either in JAVA or in Python.
Well you can also use Assembly for Web Applications. Now that is generally speaking. If you want to go specific. Than front end development is almost always written in a dynamic language, while back end operations are chosen carefully based on the nature of the application.
Now let us look at your example of C#. It will be really *hard* to find Web Applications written entirely in C# because it is not suited for Front End development. That is why Microsoft introduced ASP.NET backed by either C# or something else or a dynamic language like Python. Hence for the front end you can make changes to *.aspx files and run it without compiling it your self (it is compiled upon first run), but if you change the code behind files you will need to compile. It is possible to write Web Application in ASP.NET without touching a single line of C# codes for simple applications. So ASP.NET tried to bring some of the advantage of a scripting language, even though it is not a strict scripting language.
Thanks Ko Ravi, I think this point is the major confusion for #vbasp.
I said scripting languages are better suite for web development. But he take it as compiled languages “has no place” in web development. And C# is compiled one and people using it for web development.
Oh yes, that could be confusion.
Thanks for explanation of the relation of C# and ASP.NET. It should clear the confusion.
@vbasp
This post isn’t talking about the programming language .It just comparing script type language and compiling language. btw this is just a article and not a encyclopedia. If your should know more detail go to wikipedia
(This post isn’t talking about the programming language .It just comparing script type language and compiling language.)
what are you talking about scripting language and compiling language? those are not programming languages? don’t share wrong information to younger people and don’t forget about .net. do you understand that why people giving comments? if all the people searching on Wikipedia, you also no need to come to here.
Great Post. Thank you for sharing
<<<>>
yes but that doesn’t mean to all the programming language list must write in this article. if you say about C# , how about other language ???? There are over 1800 programming languages in the world. Only the C# is the programming language.
<>>
ha ha what wrong in this article ??? Let me see . btw i am not the authors . He may missed to insert your lovely C# in this article. but he never wrong. .
<>
yes . although i am not a author in myanmartutorials , welcome
the positive comments
<<>>
it sound like your can’t distinguish between the meaning of wiki and articles
The Last thing i wanna talk to about it ,
your shouldn’t live only the Microsoft Wall.
(it sound like your can’t distinguish between the meaning of wiki and articles) ?
have you been there before http://meta.wikimedia.org/wiki/List_of_Wikipedias ?
I’m not say author miss about C#, but C# is not only complied language and not only for desktop applications but also can develop web applications. another big mistake is PHP, PHP is not only scripting language but also compiled language if you know deeply on it.
you shouldn’t be live outside the Microsoft world. I think, you are not if you are using MS Windows.
PHP is not a compiled language at all. C# is not a scripting language at all. I already have experiences of those two platform deeply.
I did say that C# is a scripting language. read my comments again pls
(C# is not only complied language and not only for desktop applications but also can develop web applications.)
ကျွန်တော်က C# ကို အဓိက ပြောချင်လို့ မဟုတ်ပါဘူး၊ အဓိပြောချင်တာက PHP ဆိုတာ တစ်ခါတစ်လေမှာ Scripting Language ဖြစ်ပြီး တစ်ခါတစ်လေ Compiled Language ဖြစ်တယ်ဆိုတဲ့ စကားကို အဓိက ပြောလိုရင်းဖြစ်ပါတယ်။ PHP ဟာ Framework တွေအထိ ဘယ်နေရာမှာ ဖြစ်ဖြစ် Scripting Language သာ ဖြစ်နေပါတယ်။ ဘယ်လိုနည်းနဲ့မှ Compiled Language မဖြစ်နိုင်ပါဘူး။ ခုလို ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ
(Scripting Language တွေကတော့ ဘာသာပြန်စနစ်ကို မသုံးပါဘူး။ )
http://en.wikipedia.org/wiki/Interpreted_language#List_of_frequently_interpreted_languages
please read it thanks
and one more http://stackoverflow.com/questions/1514676/is-php-compiled-or-interpreted
be careful guys
Because of vbasp, this post got a-lot of comments. Thanks for the arguments.
Let me clear your confusions…
Let take Java as an example here. I added Java in the compiled languages category. But, Java use both compiler and interpreter. It first need to compiled into byte-code using a compiler called “javac”. Then you need to use “java” interpreter to execute the compiled byte-code.
So, the statement like “compiled languages do not use interpreter” is just generally speaking and not always right. Don’t take this wrongly and just try to understand the essence.
C# is a part of .NET framework and it has the same nature with Java in this case. I will still put C# into compiled language because it use pre-compiler to produce .NET CLR.
Beware one thing, ASP.NET is a scripting language and C# is just an abstraction layer over it.
Thanks.
I am not confused that what you said. If you are writing this article on any blogs or sites, I don’t care. What I write those comments in this articles is because of you will post this article to public on magazine. And this post is not correct 100%. I just worry for younger people in Myanmar.
Ok let say you are a teacher, some students ask about scripting languages to you don’t tell what you are writing like that.
Read again all the comments again carefully, thanks
@vbasp
Thank you very much that you are caring about young learner. I appreciate it.
But you just made a bold statement. you said this post is “not” correct 100%. OK, let face it. Sine I wrote this post I have total responsibility.
You have previous comments. But, let put them back and please point me the “wrong” facts clearly one-by-one (again) so that newcomer (and I myself) can learn from you? OK? Let do it?
I like challenge.
1. C/C++, Java, C# စတဲ့ Language တွေဟာ Compiled Languages တွေဖြစ်ပါတယ်။
you missed some major languages like VB.
2. Javascript, PHP, Ruby, Python စတဲ့ Language တွေကတော့ Scripting Languages တွေဖြစ်ပါတယ်။
PHP is not only Scripting Language.
3. Scripting Language တွေကတော့ ဘာသာပြန်စနစ်ကို မသုံးပါဘူး။
PHP is sometime interpreted go and see below links
http://en.wikipedia.org/wiki/Interpreted_language#List_of_frequently_interpreted_languages
http://stackoverflow.com/questions/1514676/is-php-compiled-or-interpreted
4. Data Type ကို Programmer က ဂရုစိုက်စရာမလိုပဲ Language က အလိုအလျှောက် ပြောင်းပေးသွားတဲ့သဘောဖြစ်ပါတယ်။
you did mention about Variant Data Type.
Wow, all four facts are rock!!! Sorry that I have no word to respond to this flawless, solid, complete, perfect and valuable comments.
UP TO YOU!!!
Everythings are relative, there are no absolute.
And Information Super Highway have too many to retrieve information with right
or wrong or both that’s just for you or just for me or just for them or just for us,
but if me or you or them or us want to take those informations, let filter by
relative.
The God put the brain on head, so don’t make it to worthless.
If not, So many poor guy on Information Super Highway at knowledge era.
@paragu7
Very nice. Thoughtful one.
I think Static Typing should be discussed separately from Strong Typing, and Dynamic Typing should be discussed separately from Weak Typing. So it will be better if you add another section for:
Strong vs. Weak Typing.
TROLL