WOW! iPad
WOW! iPad
Apple ရဲ့ နောက်ထပ် ခြေလှမ်းသစ်တစ်ခု၊ Kindle တို့နဲ့ e-book reader တွေကို အဓိက ထိုးနှက်တော့မယ့် Apple the great ရဲ့ ကြောက်စရာ ကောင်းတဲ့ စမ်းသစ်တီထွင်မှု၊ ဒါပေမယ့် iPhone ကို ဆိုက်ကြီး ထားတာပါ လို့ ပြောရင်လည်း ပြောလို့ ရနိုင်ပေမယ့်၊ အိုင်ဖုန်းလိုမျိုး သေးသေး ကွေးကွေး မကြိုက်သူတွေ အတွက် စာဖတ် လိုသူတွေ အတွက်တော့ Multi Touch နဲ့ Apple Application တွေပါ သုံးလို့ရတဲ့ iPad ကို မလွဲမသွေ ရွေးချယ်ရ တော့မယ် ထင်ပါတယ်။
နောက်တစ်ခုက စျေးနှုန်းပါ။ $499 ကနေ စပါမယ်တဲ့။ Amazing Price လို့ ပြောလို့ရမယ် ထင်ပါတယ်။ Netbook ကောင်းကောင်း တစ်လုံး စျေးနှုန်း လောက်ပဲ ရှိပါတယ်။ Netbook တွေရဲ့ စျေးကွက်တွေကိုလည်း အများကြီး အကျိုးသက်ရောက်မှု ရှိလာနိုင်ပါတယ်။
Storage အနေနဲ့ 16GB, 32GB နဲ့ 64GB ဆိုပြီး သုံးမျိုး ရှိမယ်လို့ သိရပါတယ်။ အားလုံးကတော့ flash storage တွေပါပဲ။ ကီးဘုတ်နဲ့ ချိတ်ချင်တယ် ဆိုရင်တော့ Keyboard Dock ရှိပါတယ်။ ဒါပေမယ့် Apple ရဲ့ ထုံးစံအတိုင်း Accessories တွေကို စျေးကြီးကြီးနဲ့ ရောင်းဦးမယ် ထင်ပါတယ်။ Wireless, 3G, BlueTooth ချိတ်စရာ အကုန်ချိတ်နိုင်အောင် စီစဉ်ထားပြန်ပါတယ်။ Built-in Speaker ပါပေမယ့် Web Cam တော့ ပါလာတာ မတွေ့ရပါဘူး။ နောက်ပြီး iPhone လို Camera လည်း ပါလာတာ မတွေ့ရပါဘူး။ iPod မှာတောင် Camera ထည့်သေးတာ iPad မှာ ဘာဖြစ်လို့ မပါရတာလဲ ဆိုတာတော့ စဉ်းစားစရာပဲ။ ဒါပေမယ့် e-book reader အနေနဲ့ ဆိုရင်တော့ Camera ပါစရာ မလိုဘူးလို့ စောဒက တက်လို့ရပါတယ်။
အကြိုက်ဆုံး Feature ကို ပြောပါဆိုရင်တော့ Battery သက်တမ်းပါပဲ။ ၁၀ နာရီကျော် ခံပါတယ်တဲ့။ NetBook တွေ ၉ နာရီကျော်နဲ့ ယှဉ်လို့ရနေပါတယ်။
Apple တို့၏ ထုံးစံအတိုင်း အိတ်လှလှလေးတွေ၊ ချိတ်ဆက်စရာလေးတွေ စုံနေပါတယ်။ စျေးတော့ ကြီးမှာ သေချာပါတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော် iPad ကို အရမ်းလိုချင်နေပါပြီ။
Facebook comments:


