Windows Phone 7 နောက်အပတ် ထွက်မည်
Microsoft ရဲ့ CEO ဖြစ်သူ Steve Ballmer ရဲ့ အောက်တိုဘာ (၄) ရက်နေ့က ပြောဆိုချက်အရ Windows Phone 7 Devices တွေကို အောက်တိုဘာ (၁၀) ရက်နေ့မှာ ထုတ်ဖော် ပြသတော့မယ်လို့ သိရပါတယ်။ iPhone, Android, RIM တို့နဲ့ အပြိုင် Windows Phone 7 အနေနဲ့ ဘယ်လို ပုံစံမျိုး ထွက်လာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်။
Microsoft ရဲ့ Smartphone ဆိုင်ရာ စီးပွားရေးက အားကောင်းမောင်းသန် အနေအထားမှာ ရှိမနေခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ iPhone, Android နဲ့ RIM တို့ရဲ့ နောက်မှာ ပြတ်ကျန်ခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်ပါတယ်။ Windows Phone 7 အနေနဲ့ Windows 7 တုန်းကလို အတိုင်းအတာ တစ်ခုအထိသာ လှုပ်ခါနိုင်စွမ်းရှိမလား၊ ဒါမှမဟုတ် ထူးမခြားနာ ဖြစ်လာမလား၊ နောက်ထပ် ဧရာမကြီး တစ်ခု (Next Big Thing) ဖြစ်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Samsung, LG, Dell နဲ့ HTC တို့ကတော့ Windows 7 Phone အခြေပြု Smartphone တွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Facebook comments:



