What is new on Joomla 1.6?

Joomla 1.6 beta version ကိုလွန်ခဲ့တဲ့ လအနည်းငယ်ကနေစပြီး စတင်စမ်းသပ် အသုံးပြုကြည့်နိုင်ပါပြီ။ မနေ့ကတော့ Joomla 1.6 stable ကို စတင် download ပြုလုပ်ခွင့်ရပါပြီ။ Joomla 1.6 ဟာ 1.5 ကို ပိုမိုပြီး ကောင်းမွန်အောင် ရေးပေးထားတာကြောင့် အကီနိုတို့ အသုံးပြုရမဲ့ server ဟာ PHP 5.2+ MySQL 5.0.4+ အထက်တော့ ရှိဖို့ လိုအပ်ပါတယ်။ ကိုယ် လက်ရှိ အသုံးပြုထားတဲ့ server version ကို site back end (Administrator) ကနေ တဆင့်ဝင်ပြီး Help menu ထဲက System Info မှာသွားရောက် စစ်ဆေး ကြည့်ရှုနိုင်ပါတယ်။

၁.လှပသေသပ်တဲ့ UserInterface Design

Joomla 1.6 မှတော့ 1.0 ၊ 1.5 တိုနဲ့ မတူညီတဲ့ လှပသေသပ်တဲ့ UI design လေးကို တွေ့မြင်ရမှာပါ။

၂. Save/Save and Close/Save and New/Save as Copy

Joomla 1.6 မှာပါတဲ့ New buttons လေးတွေဖြစ်တဲ့ Save ဟာ Apply ဖြစ်ပြီး Save & Close ကတော့ Joomla 1.5 က Save ဖြစ်ပြီး Save & New , Save as Copy တွေကတော့ အသစ်ပါတဲ့ buttons လေးတွေပါ။

၃. ပြည့်စုံကောင်းမွန်တဲ့ Admin Menu

Joomla 1.6 မှာရှိတဲ့ Admin Menu ဟာ Joomla 1.5 ထက် ပိုမိုလှပပြီး Logical ကျန ပြည့်စုံကောင်းမွန်ပါတယ်။

၄. No section and nested Categories

Joomla 1.6 မှာ Section Manager နဲ့ Section မပါ၀င်တော့ပဲ Categories ကို Nested level အသုံးပြုနိုင်ပါပြီ။

၅. Access Level and Group

Joomla 1.6 မှာ အသစ်ပါ၀င်လာပြီး အဓိကထားပြီး လေ့လာသင့်တဲ့ Userlevel တွေကို create/edit လုပ်နိုင်ပြီး Group တွေ user တွေ လိုက် Permission တွေခွဲဝေပြီး Access level တွေကို ထိန်းချုပ်နိုင်ပါတယ်။ ACL ကို Category/Global/Componet/Article တွေမှာပါ ထည့်သွင်း ထားလို့ ဘယ် user ကိုဘယ်လိုမျိုး access လုပ်ပိုင်ခွင့်တွေကိုပါ ထည့်သွင်း သတ်မှတ်လာနိုင်ပါပြီ။

၆. Search Engine Optimization (SEO) Improvements

Search Engine friendly ဖြစ်အောင် Meta / keywords တွေကိုသတ်မှတ်နိုင်သလို Article ကနေ Page title တွေလည်း ပြောင်းလဲ သတ်မှတ် ပေးလို့ရပါပြီ။

၇. Redirects

Joomla 1.6 ရဲ့ Components မှာအသစ်ပါ၀င်တဲ့့ Redirects ဟာ မှားယွင်းပြီး အလုပ်မလုပ်တဲ့ 404 link တွေကို ပြန်ပြီး 301 redirect လုပ်ပေးပါတယ်။

၈. Improved Extension Manager Joomla 1.6 မှာပါ၀င်တဲ့ extension manager မှာ Discover နဲ့ Warnings အသစ်ပါလာပြီး component တခုတော့ လျော့သွားပါတယ်။ Discover ကတော့ အသစ်တွေတာတွေကို ဖော်ပြပေးပြီး Warnings ကတော့ သင့်ရဲ့ Install လုပ်ရာမှာဖြစ်ပေါ်လာမဲ့ problems တွေကို ဖော်ပြပေးပါတယ်။ size အကြီးကြီးတွေကို အလွယ်တကူ install လုပ်နိုင်ပါတယ်။

၉.Core layout files are Tableless: Joomla 1.6 မှာ tabeless ရေးထားပြီး HTML5 ကို support လုပ်ပေးပါတယ်။

၁၀.Codemirror editor :HTML,CSS တွေကို လွယ်ကူစွာ edit လုပ်နိုင်မဲ့ Codemirror editor ကိုထည့်ပေးထားတယ်။Site>Global Configuration>Site> Default editor > Code Mirror

၁၁.Media Manager improvements: Flash-based media uploader ကြောင့် ပုံပေါင်းများစွာကို တပြိုင်နက် upload တင်နိုင်မဲ့ feature အသစ် ထပ်ပါလာပါတယ်။

၁၂.New core templates:Joomla 1.6 မှာ ပါ၀င်တဲ့ new core templates တွေကတော့ administrator > Bluestork နဲ့ Hathor တို့ပါရှိလာတယ်။ အကီနိုကတော့ bluestork ကို ပိုကြိုက်တယ် (ခုချိန်ထိ)နောက်ထပ် အသစ်ပါတဲ့ Templates တွေရဲ့ အလုပ်လုပ်ပုံတွေ ဘာတွေ ထူးခြားလဲ ဆိုတာတွေကိုတော့ လေ့လာနေဆဲမို့ ထပ်မံပြီး ရေးသားပါအုံးမယ်။

အသစ်တွေတိုင်းအတွက် အမြဲတမ်း လေ့လာ သင်ယူနေရဆဲဖြစ်တာမို့ Joomla 1.6 ကိုလည်းစမ်းသပ် သုံးစွဲကြည့်ရင်းနဲ့ သင်ကြားသွားပါ။

Download here>> http://joomlacode.org/gf/project/joomla/frs/?action=FrsReleaseBrowse&frs_package_id=5696

You can read feature of Designer Developer Webmaster Administrator at

http://www.joomla.org/16/

Facebook comments:

7 Responses

  1. Aung Aung says:

    Woo, that’s great joomla 1.6 is out.
    It would be great if you can share on upgrading to joomla 1.6 from joomla 1.5.
    thx in advance

  2. Buga says:

    what is joomla ?is it the same like Dream weaver adobe

  3. Lin Kyi Ko says:

    Hi ,
    I very interesting in web writing … I am end user…So how i can lean for this .

  4. ahkeno says:

    You can start with http://bit.ly/f0nHKn ..
    Enjoy you interesting Joomla.Feel free for asking me

  5. polygamist says:

    hey,how i use joomla. i am a php programmer but i never use joomla . i want to use.

  6. HTEINWIN says:

    I want to know how to put myanmar font in this site . Please tell me. php programmer and joomla not concern. joomla is joomla , php is php

Leave a comment


*