What is Joomla Day?
၂၀၀၅ နှစ်မှစပြီး Membo မျိုးဆက်သစ် Joomla ကို မွေးဖွား ဖြစ်ထွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယနေ့ ၂၀၁၀နောက်ပိုင်းမှာ Joomla ဟာ ထင်ရှား အောင်မြင်ပြီး အသုံးများတဲ့ CMS အမျိုးအစား တစ်ခု ဖြစ်လာပါတယ်။ Joomla နဲ့ ရေးဆွဲထားတဲ့ website ပေါင်း မြောက်များစွာ ရှိသလို၊ Joomla Developer၊ Joomla Designer ကနေ Joomla အသုံးပြုနေတဲ့ User level ကနေ Joomla ဟာဘာလဲလို့ သိချင် စူးစမ်းချင် မေးမြန်းချင်တဲ့ မြန်မာပြည်မှာရှိတဲ့ နည်းပညာကို ချစ်မြတ်နိုးတဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် Joomla Day နဲ့မိတ်ဆက် ပေးချင်ပါတယ်။ Joomla Day ကို ကမ္ဘာနဲ့ အဝှမ်း နိုင်ငံအလိုက် မြို့အလိုက် ကျင်းပပြုလုပ်နေကြပါတယ်။ Joomla Day ဆိုတာ Opensource Project တခုဖြစ်တဲ့ Joomla နဲ့ ပတ်သတ်ပြီး ပြုလုပ်တဲ့ ပွဲတပွဲဖြစ်ပါတယ်။
Joomla Day Manadalay အကီနိုတို့ မြန်မာနိုင်ငံမှာလည်း Joomla ကို ချစ်ခင် မြတ်နိုးတဲ့ သူတွေ စုစည်းပြီး နည်းပညာတွေ ပြန်လည်မျှဝေတဲ့ ပွဲလေးကို စတင် အကောင်အထည် ဖော်နေပါပြီ။ Joomla Day ဟာ အကျိုးအမြတ်ယူ စီးပွားဖြစ်လုပ်တဲ့ ပွဲမျိုး မဟုတ်ပါဘူး။ Joomla Day မှာ exhibition အဖြစ် ကိုယ်ရဲ့ ကိုယ်ပိုင် တီထွင်မှုဖြစ်တဲ့ Joomla ရဲ့ Extensions (components / plugin / module) Templates တွေကို ဖော်ပြ ရှင်းပြလို့ရသလို၊ workshop/seminar ပုံစံလိုမျိုး သိထားသမျှ တတ်ထားသမျှ အတွေအကြုံ ဗဟုသုတတွေကို မျှဝေပေးပြီး သိလိုသမျှကိုလည်း ပြန်လည်မေးမြန်း နိုင်ပါတယ်။ Joomla Day မှာပြောကြားမဲ့ ခေါင်းစဉ်တွေကို ပြောကြားမဲ့ Speaker တွေ စိတ်ကြိုက် ဆုံးဖြတ်နိုင်ပြီး အခြေခံ မူလအရင်းအမြစ် Joomla ပေါ်မူတည်ပြီး ပြောကြားပေးရမှာပါ။
Aim of Joomla Day
Joomla Day ရဲ့ရည်ရွယ်ချက်က Joomla ကိုချစ်မြတ်နိုးတဲ့ မြန်မာပြည်သူ ပြည်သားတွေ စုစည်းပြီး မျှဝေ သင်ကြားပေးတဲ့ပွဲပါ။ Joomla ကို မိခင်ဘာသာစကား မြန်မာဖောင့်ဖြင့် ဘာသာပြန်ပြီး အခြေခံ Enduser level အထိ သုံးစွဲနိုင်ရန်အတွက် Translation Team ဖွဲ့စည်းပြီး မြန်မာဘာသာပြန် Package ဖြစ်ပေါ်လာရန်။
Invitation
ဒီလိုကြီးမား အောင်မြင်တဲ့ ပွဲတခု ဖြစ်လာဖို့အတွက် Joomla ကို ချစ်မြတ်နိုးတဲ့ အသိပညာရှင် အတတ်ပညာရှင်များ အားလုံးနဲ့ ယနေ့မှစပြီး Joomla ကို လေ့လာချင်တဲ့ မြန်မာပြည်သူ ပြည်သားအားလုံးကို ဖိတ်ခေါ်ပါတယ်။ လိုအပ်တာ ဖြစ်သင့်တာတွေ ၀ိုင်းဝန်း အကြံဉာဏ်ပေးပြီး အောင်မြင်တဲ့ ပွဲတခုဖြစ်ဖို့ အားလုံးပဲ ကူညီပေးကြပါလို့ ပထမဦးဆုံး အဆင့်အနေနဲ့ online network ကျယ်ပြန့် စေရန်အတွက် Facebook / twitter / Joomla People တို့မှာ အဖွဲ့ဖွဲ့စည်းထားပါတယ်။ အားလုံးကို နွေးထွေးလှှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။ မျှဝေပေးပါ အကြံပေးပါ ပူးပေါင်း ပါ၀င် ဆောင်ရွက်ပေးပါ။
Facebook comments:




[...] ဆိုပါတယ်။ Joomla Day က ဘာလဲဆိုတာကိုတော့ ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်။ [...]