Tablet စျေးကွက်ထဲ ခြေစုံပစ်ဝင်တော့မယ့် ဂျပန် Sharp

ဂျပန်နိုင်ငံ အခြေစိုက် Sharp Corp. က ဒီဇင်ဘာလမှာ E-book Online Store တစ်ခုကို လွင့်တင်မှာ ဖြစ်ပြီး အဆိုပါ Website နှင့်အတူ Galapagos လို့ အမည်ရတဲ့ Tablet Readers Version နှစ်မျိုးကိုပါ တစ်ခါတည်း စျေးကွက် တင်မယ်လို့ သိရပါတယ်။ အစပိုင်းမှာတော့ e-book များကို ဖတ်ရှုရာမှာ အဓိက အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ပေမယ့် နောက်ပိုင်းမှာ အခြားဝန်ဆောင်မှုများ ဖြစ်တဲ့ Video နဲ့ Music စတာတွေကို တိုးချဲ့ ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။

ထိုကဲ့သို့သော အစဉ်မပြတ် ဝန်ဆောင်မှုပေး အဆင့်မြှင့်တင်ပေးရသော စျေးကွက်အတွင်းသို့ ကုမ္ပဏီအနေနဲ့ ပထမဦးဆုံး ဝင်ရောက်ခြင်း ဖြစ်တယ်လို့ သိရပြီး Software Update များကိုလည်း အချိန်နှင့် တစ်ပြေးညီ ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရပါတယ်။ Galapagos E-book Reader Tablet အနေနဲ့ LCD စနစ်သုံး ၅.၅ လက်မ နဲ့ ၁၀.၈ လက်မ မျက်နှာပြင် အကျယ် နှစ်မျိုး ထုတ်လုပ်မယ်လို့ သိရပါတယ်။

အရွယ်အစားသေးငယ်တဲ့ ၅.၅ လက်မကတော့ မိုဘိုင်းဖုန်း စတိုင်သုံးနိုင်ဖို့ ဖြစ်ပြီး Resolution အနေနဲ့ ၁၀၂၄ x ၆၀၀ ရှိမယ်လို့ ဆိုပါတယ်။ အရောင် အနေနဲ့ အနီရောင်နဲ့ အနက်ရောင် နှစ်မျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ စာရွက်တွေ လှန်ဖို့အတွက်တော့ Trackball ကို သုံးမယ်လို့ သိရပါတယ်။

နောက်ထပ် ၁၀.၈ လက်မ အရွယ် Galapagos ကတော့ အိမ်သုံးအတွက် ရည်ရွယ်ထုတ်လုပ်မှာ ဖြစ်ပြီး Trackball ကို မသုံးတော့ပဲ iPad မှာလို Touch Screen စနစ်နဲ့ စာရွက်တွေ လှန်နိုင်မယ်လို့ ဆိုပါတယ်။ Resolution အနေနဲ့ ၁၃၆၆ x ၈၀၀ ရှိမှာ ဖြစ်ပြီး မဂ္ဂဇင်းတွေကို ဖတ်တဲ့အခါ ကော်လံ နှစ်ခုခွဲပြီး ဖတ်နိုင်မယ်လို့ ဆိုပါတယ်။ iPad အနေနဲ့ ၉.၇ လက်မသာ မျက်နှာပြင် အရွယ်အစားရှိပြီး ၁၀၂၄ x ရ၆၈ Resolution ရှိတယ်လို့ သိရပါတယ်။

Gapapagos ရဲ့ ဗားရှင်းနှစ်ခုလုံး Wi-Fi နစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး အင်တာနက်လည်း ကြည့်လို့ရမှာ ဖြစ်ပါတယ်။ အဲဒီအပြင် PC Documents တွေ ဖြစ်တဲ့ PDF နဲ့ အခြား E-Book ပုံစံတွေကို ဖတ်လို့ရမယ်လို့ သိရပါတယ်။ အခြား ဝန်ဆောင်မှုများ အနေနဲ့ ဂိမ်းကစားခြင်း၊ လူမှုကွန်ယက် စတာတွေကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ e-book tablet ဟု ဆိုထားသော်လည်း Media Tablet ပုံစံမျိုး စွမ်းဆောင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီအပြင် ဘယ်လို OS ကိုသုံးထားတယ်၊ ဘာတွေပါတယ် စတဲ့ အချက်တွေကိုတော့ အသေးစိတ် မထုတ်ပြန်သေးဘူးလို့ သိရပါတယ်။ အများစုကတော့ Android ကိုသုံးလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ရ လက်မ အရွယ် Android Tablet တွေကိုသာ ထုတ်လုပ်နေကြတဲ့ အချိန်မှာ ၁၀.၈ လက်မအရွယ် Tablet ကို ထုတ်လုပ်မယ် ဆိုတဲ့အတွက် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အဲဒီအပြင် သူ့ရဲ့ အဓိက ပြည်တွင်း ပြိုင်ဖက်ဖြစ်တဲ့ Sony နဲ့လည်း ဘယ်လို ယှဉ်ပြိုင်မယ်ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ Tablet စျေးကွက်အပြင် e-book reader စျေးကွက်ကိုပါ နှစ်ဖက်ခွလှမ်းထားသော အဆိုပါ Sharp ရဲ့ e-book reader သည် စိတ်ဝင်စားစရာ အကောင်းဆုံး ထုတ်ကုန်တစ်ခု ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

Reference : Internet

Facebook comments:

2 Responses

  1. Aung Aung says:

    >>> Reference : Internet
    မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာ ဖတ်ရသလိုပဲ :)

    • Thiha says:

      ရက်စက်ပါ့ဗျာ … တကယ်လည်း Source တစ်ခုတည်းက ရေးတာမဟုတ်တော့ Internet လို့ တပ်လိုက်တာ :P

Leave a comment


*