Android နဲ့ iPad တို့အတွက် Google ရဲ့ Mobile Docs Editing
Google က သူရဲ့ Online Collaboration Tools တစ်ခုလည်းဖြစ် Cloud Computing ပုံစံတစ်ခုလည်း ဖြစ်တဲ့ Google Apps ကို လွင့်တင် ထားခဲ့တာ ကြာပြီ ဖြစ်ပါတယ်။ အဆိုပါ Google Apps မှာ Premier Edition၊ Standard Edition၊ Education Edition၊ for Government၊ for Non-profit၊ for ISPs စသည်ဖြင့် ဗားရှင်းမျိုးစုံ ဝန်ဆောင်မှု မျိုးစုံပါဝင်ပါတယ်။ ကိုယ်ပိုင် Domain နဲ့ Gmail ကို သုံးချင်သူတွေအတွက် Google Apps ရဲ့ Standard Edition ကို မဖြစ်မနေ သုံးဖို့ လိုပါတယ်။
အဆိုပါ Google Apps ကို Google ရဲ့ စာရင်းဇယားများအရ စီးပွားရေး လုပ်ငန်းပေါင်း သုံးသန်းက အသုံးပြုနေတယ်လို့ သိရပြီး သန်း ၃၀ ခန့်သော စီးပွားရေး လုပ်ငန်းများနဲ့ အခြားပညာရေးနဲ့ ဆက်ဆိုင်တဲ့ အသုံးပြုတွေကလည်း အဆိုပါ Google Apps နဲ့ ဆက်စပ် ပတ်သက်နေကြတယ်လို့ သိရပါတယ်။ အဆိုပါ Google Apps ထဲမှာ ပါဝင်တဲ့ Google Docs ကို Mobile Editing လုပ်နိုင်တဲ့ ဝန်ဆောင်မှုကို စတင်တော့မယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က တရားဝင် ထုတ်ဖော်ကြော်ငြာ ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ကြော်ငြာချက်အရ Android နဲ့ iPad အသုံးပြုသူတွေ အနေနဲ့ မကြာတော့တဲ့ အချိန်အတွင်းမှာ Google Docs တွေကို သူတို့ရဲ့ ကိရိယာတွေ အပေါ်မှာ တည်းဖြတ်နိုင်တော့မယ်လို့ သိရပါတယ်။ ထိုကဲ့သို့သော ဝန်ဆောင်မှုဟာ အရာရာ မိုဘိုင်းဖြစ်လာသော ယနေ့ကာလအတွက် အရေးပါသော ခြေလှမ်းဖြစ်တယ်လို့ သိရပါတယ်။
အခြား မိုဘိုင်း စာစီစာရိုက်ပြုလုပ်နိုင်တဲ့ Apps တွေ အများအပြားရှိနေပြီး ဖြစ်သော်လည်း Google Docs ကတော့ Google ရဲ့ ဝန်ဆောင်မှု ဖြစ်တာနဲ့ အညီ ထင်ရှားကျော်ကြားပြီး ဖြစ်သလို မိုဘိုင်းဝန်ဆောင်မှုကိုပါ ထည့်သွင်းတော့မယ်ဆိုတော့ ပိုပြီး ပြည့်စုံလာပြီလို့ ဆိုနိုင်ပါတယ်။ အခြား တစ်ဖက်မှာလည်း စာစီစာရိုက် ပြုနိုင်တဲ့ Apps တစ်ခုဖြစ်တဲ့ Evernote အနေနဲ့ Awesome Note နဲတွဲဖက်ပြီး Google Docs နဲ့ တွဲဖက် ချိတ်ဆက်လို့ရအောင် စီစဉ်ထားပြီး ဖြစ်တာတွေ့ရပါတယ်။ ဒါပေမယ့် အဆိုပါ Apps အနေနဲ့ တည်းဖြတ်နိုင်စွမ်း အတွက်တော့ အကန့်အသတ်တွေ ရှိနေခဲ့ပါတယ်။ Apple အနေနဲ့လည်း iWork မှာ Mobile Editing ရအောင် လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ Google နဲ့ Apple ဝန်ဆောင်မှု နှစ်ခုရဲ့ အဓိက ကွာခြားချက်ကတော့ Google Docs က အခမဲ့ အသုံးပြုနိုင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါဝန်ဆောင်မှုကို လာမယ့် ရက်သတ္တပါတ် အနည်းငယ်အတွင်း အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။
Facebook comments:



