တော်လှန်ပြောင်းလဲနိုင်စွမ်း ရှိလာသော မိုဘိုင်းကြော်ငြာ နည်းပညာ
ဟိုယခင်က မိုဘိုင်းကြော်ငြာ လုပ်ငန်းတွေမှာ တော်လှန် ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပေမယ့် ယခုအချိန်မှာတော့ ဖြစ်နိုင်တဲ့ အနေအထားကို ရောက်လာပါပြီ။ ပုံမှန် သမာရိုးကျ ကြော်ငြာပုံစံတွေက တော်လှန်ခွဲထွက်ပြီး အပြန်အလှန် သဘောဆောင်တဲ့ ကြော်ငြာ ပုံစံအသစ်တွေ ဖြစ်လာဖို့ နည်းလမ်းတွေ ရှိလာပြီလို့ သိရပါတယ်။ နောက်ထပ် ဧရာမပြောင်းလဲမှု တစ်ခုအဖြစ် ရှုမြင်သုံးသပ်လို့ ရနိုင်ပါတယ်။
BlueMAGNET လို့ အမည်ရတဲ့ Software ကို အသုံးချပြီး ကြော်ငြာတွေ ပို့လို့ပြီလို့ ဆိုပါတယ်။ ဒါများ ဘာဆန်းလို့လဲလို့ မေးစရာရှိပါတယ်။ အဆိုပါ BlueMAGNET Software က BlueTooth နည်းပညာကို အသုံးပြုပြီး ဧရိယာ တစ်ခုအတွင်းမှာ ရှိတဲ့ BlueTooth ပါတဲ့ ဖုန်းအစရှိတဲ့ ကိရိယာတွေဆီကို ကြော်ငြာတွေ ပို့ပေးမယ်လို့ သိရပါတယ်။ ထိုကဲ့သိုသော ကြော်ငြာ နည်းစနစ်ဟာ အရင်က ရှိခဲ့ဖူးသော နည်းစနစ်များနဲ့ လုံးဝမတူတဲ့ အရောင်းမြှင့်တင်ရေး နည်းစနစ် မျိုးဆက်သစ်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
BlueMAGNET ဆိုတာ BlueTooth နည်းပညာကို သုံးထာတဲ့ စျေးကွက်မြှင့်တင်ရေး စနစ် တစ်ခုဖြစ်ပြီး အကန့်အသတ်ရှိတဲ့ ဧရိယာ တစ်ခုအတွင်းမှာ ရှိတဲ့ BlueTooth နည်းပညာသုံး မိုဘိုင်းဖုန်း အစရှိသည်တို့ကို အပြန်အလှန် ချိတ်ဆက်ပေးနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ တစ်နေ့ တစ်ခြား မြန်မြန်ဆန်ဆန် တိုးတက်လာတဲ့ စမတ်ဖုန်း နည်းပညာနဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်စွမ်းကို အဓိက အသုံးချထားတဲ့ စနစ်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
လေ့လာတွေ့ရှိချက်များအရ အလားအလာရှိတဲ့ စားသုံးသူများရဲ့ ကိုင်ဆောင်နေတဲ့ မိုဘိုင်းဖုန်း ရာခိုင်းနှုန်း တော်တော်များများမှာ BlueTooth စနစ် ပါပြီး ဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းအားဖြင့် ခန့်မှန်းသော ခန့်မှန်းချက်များအရ ၈၀% ခန့်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ BlueMAGNET Software ကို www.bluemagnet.com တွင် ရယူနိုင်ပြီး မိနစ်အနည်းငယ်အတွင်း install လုပ်ပြီး သုံးနိုင်တယ် လို့လည်း သိရပါတယ်။ အဆိုပါ Software ကို သွင်းပြီးတာနဲ့ တစ်ပြိုင်တည်း BlueTooth ပါတဲ့ စားသုံးသူရဲ့ မိုဘိုင်းဖုန်းတွေနဲ့ ဆက်သွယ်လို့ ရပြီလို့ ဆိုပါတယ်။
အဆိုပါ Software ရဲ့ လုပ်ဆောင်ချက်များကို လေ့လာကြည့်မယ်ဆိုရင် မီတာ ၅၀၀ ပတ်လည်ရှိတဲ့ ဧရိယာအတွက် BlueTooth အသုံးပြုနိုင်တဲ့ မိုဘိုင်း အစရှိတဲ့ ကိရိယာတွေကို အလိုအလျှောက် ရှာဖွေပေးပြီး ကြော်ငြာတွေ ပို့ပေးမယ်လို့ သိရပါတယ်။ အဆိုပါ ပို့လွတ်လိုက်သော ကြော်ငြာများကို စားသုံးသူအနေနဲ့ လက်ခံလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ကြော်ငြာကို စားသုံးသူရဲ့ BlueTooth အသုံးပြုနိုင်တဲ့ ကိရိယာထဲ လွဲပြောင်းပေးမှာ ဖြစ်ပါတယ်။
ကြော်ငြာ နိုင်တဲ့ ပုံစံတွေကို လေ့လာကြည့်မယ် ဆိုရင်လည်း စာသား၊ ရုပ်ပုံ၊ အသံဖိုင်၊ ဗွီဒီယို အတိုအထွာများ၊ လိပ်စာကဒ် စသည်တို့ ပါဝင်နိုင်တယ်လို့ သိရပါတယ်။ ထို့ပြင် Java Application တွေ၊ ဂိမ်းတွေလည်း ပို့နိုင်မယ်လို့ သိရပြီး ရုံးစာပုံစံများ ဖြစ်တဲ့ Word, Excel နဲ့ PDF တွေကိုပါ ပို့လို့ရမယ်လို့ သိရပါတယ်။
အဲဒီ BlueMagnet ကို စျေးဝယ် စင်တာတွေ၊ ကဖေးတွေ၊ ဘဏ်တွေ၊ ကဇာတ်ရုံတွေနဲ့ အခြား လူအများစုဝေးနိုင်တဲ့ နေရာတိုင်းမှာ တပ်ဆင်နိုင်မယ် လို့ဆိုပါတယ်။ အဲဒီလိုအပြင် အဲဒီ BlueMagnet အနေဲ့ ၂၄ နာရီပတ်လုံး အလိုအလျှောက် မောင်းနှင်နိုင်စွမ်းရှိပြီး စရိတ်သက်သာတဲ့ ကြော်ငြာ ဝန်ဆောင်မှုကို လုပ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Data Transmitting အတွက် ယုံကြည်မှုကိုတော့ တည်ဆောက်ရမှာ ဖြစ်ပြီး BlueTooth Transfer ဆိုတိုင်း လက်ခံလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်လိုမျိုးတွေပါ ပါဝင်လာနိုင်တဲ့ အခြေအနေတွေကလည်း ရှိနေတဲ့အတွက် Trust Center တစ်ခုလည်း တည်ဆောက်ဖို့လိုမှာ ဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါတယ်။
Reference : Internet
Facebook comments:



