Maqette HTML5 WYSIWYG Editor

Smashing Magazine က Maqette HTML5 WYSIWYG Editor ထွက်ပြီလို့ ကြားတာနဲ့ တစ်ခါတည်း သွားကြည့်ဖြစ်ပါတယ်။ လေ့လာချင်တယ်ဆိုရင် ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ UI Interface တွေ တည်ဆောက်တဲ့ နေရာမှာ HTML5 Based WYSIWYG Editor တွေက ရှားပါးနေတဲ့ အချိန်မှာ Open Source အနေနဲ့ Preview Release ထွက်လာတဲ့အတွက် အတော်လေးကို စိတ်ဝင်စားမိပါတယ်။ ဒီလိုနဲ့ မရရအောင် ဒေါင်းပြီး  စမ်းဖြစ်ပါတယ်။

Installation လုပ်ရတာတော့ အင်မတန်လွယ်တယ်လို့ ဆိုနိုင်ပါတယ်။ Mac အတွက်ရော၊ Windows အတွက်ပါ သုံးလို့ရပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက နောက်ဆုံးပေါ် Browser တွေနဲ့မှသာ အဆင်ပြေပါတယ်။ နောက်ပြီး သုံးထားတတာက Dojo ပါ။ ကျွန်တော်က jQuery UI  ကို ပိုသဘောကျသူဆိုတော့ DOJO ကို သုံးထားတော့ စိတ်ထဲမှာ သိပ် သဘောမကျပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တော်တော်လေးကို အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော်စမ်းကြည့်တဲ့ အနေအထားအရတော့ တော်တော်လေးကို ပြည့်စုံတဲ့ Web-based WYSIWYG Editor တစ်ခုပါပဲ။ ဒါပေမယ့် တစ်ခုရှိတာက အဲဒီလို Editor တွေကို သုံးတဲ့အခါ ကိုယ်တိုင် ရေးတာလောက် အသေအချာ အသေးစိတ် သိဖို့ မဖြစ်နိုင်တော့တာပါ။ ဘာပဲ ဖြစ်ဖြစ် စမ်းကြည့်ပါ။

Facebook comments:

Leave a comment


*