IE 9 အနေနဲ့ Beta မှာကတည်းက အောင်မြင်မှု ရနေပြီလား
Microsoft ရဲ့ Internet Explorer 9 Beta အနေနဲ့ Download ချခွင့်ရပြီး နှစ်ရက်အတွင်းမှာ တကမ႓ာလုံး အတိုင်းအတာနဲ့ Download အကြိမ်ရေပေါင်း ၂ သန်းကျော်ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ Microsoft ရဲ့ IE9 နဲ့ ပတ်သက်ပြီး Group Product Manager တစ်ယောက်ဖြစ်တဲ့ ရော်ဂျာ ကက်ပရီရော့တီရဲ့ Blog မှာ ရေးသားထားတဲ့ ရေးသားချက်အရ IE8 Beta ဖြန့်ချီစဉ်က ပထဦးဆုံး ငါးရက်မှာ Download အကြိမ် အရေအတွက် ၁.၃ သန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။
IE9 ကို Download ချခွင့်ပြုပြီး ရက်သတ္တတစ်ပတ်အတွင်း IE9 Download Site မှာ လာလည်သူ အရေအတွက် ၉ သန်းခန့်ရှိခဲ့ပြီး စာမျက်နှာ ဖတ်ရှုမှု အကြိမ်အရေအတွက် ၂၆ သန်းခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ ကက်ပရီရော့တီရဲ့ အဆိုအရ IE နဲ့ ပတ်သက်တဲ့ Developer Site မှာလည်း စာမျက်နှာ ဖတ်ရှုသည့် အကြိမ်အရေအတွက် ၄ သန်းခန့် ရှိခဲ့တယ်လို့ သိရပါတယ်။
Browser တွေရဲ့ စျေးကွက် ဝေစုမှာ IE အနေနဲ့ ကြဆင်းနေခဲ့တာ ကြာပြီးလို့ သိရပြီး ၂၀၀၇ ခုနှစ်မှာ ရ၉.၁၆ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုလက်ရှိ ကာလမှာတော့ ၆၀.၄၀ ခန့်သာ ရှိတော့တယ်လို့ သိရပါတယ်။
Browser ထုတ်ကုန်တွေကို လေ့လာ သုံးသပ်နေသူတွေရဲ့ ခန့်မှန်းချက်အရ အခု ထုတ်မယ့် IE9 ဟာ Microsoft ရဲ့ နောက်ဆုံး အခွင့်အရေး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ တစ်ဖြည်းဖြည်းချင်း ကျဆင်းနေတဲ့ စျေးကွက်ဝေစု ရာခိုင်းနှုန်းတွေကို ရပ်တန့်ဖို့ နောက်ဆုံး အခွင့်အရေးပဲလို့လည်း ခန့်မှန်းထားကြပါတယ်။
InformationWeek ရဲ့ အဆိုအရ အခုထုတ်မယ့် IE9 ဟာ ကမ႓ာ့ အကျော်ကြားဆုံး ဖြစ်ခဲ့တဲ့ Internet Brower မျိုးဆက်တွေထဲမှာ အကောင်းဆုံး အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။
Download Link
- http://windows.microsoft.com/en-US/internet-explorer/products/ie-9/home?os=win7&arch=a&browser=other
Test Drive
- http://ie.microsoft.com/testdrive/
Reference : redobit
Facebook comments:




I haven’t test it yet. Still love in Firefox..Anyway Thank for sharing
IE – I’m Exploited
After installation IE9 ,I can’t not see myanmar font in my window.How should I do.Pls give me suggestion.
Right, I also had that problem but you can solve it easily, just change IE font setting to Zawgyi and reinstall Zawgyi font as well.
I hope it’s ok for us! But I like Firefox.
could i install ie 9 on windows xp ?
coz there is only for windows vista and windows 7
Thanks for sharing. Let me test.