Android Smartphone ကို ဘယ်လိုဝယ်မလဲ
Apple နဲ့ ပတ်သက်တဲ့ iPhone ကို ဝယ်မယ်ဆိုရင်တော့ ဘာမှ ထွေထွေထူးထူး စဉ်းစားနေစရာ မလိုပါဘူး။ iPhone 3Gs လား၊ iPhone 4 လား ဒီလောက်ပဲ စဉ်းစားစရာ လိုပါတယ်။ ဒါပေမယ့် Android SmartPhone တွေကို ဝယ်မယ်ဆိုရင်တော့ စဉ်းစားစရာတွေက များလာပါပြီ။ Brand တွေကလည်း များပါတယ်။ HTC, Motorola, Samsung, LG စသည်ဖြင့် အများကြီး ဖြစ်လာပါပြီ။ အဲဒီအပြင် တစ်ခြား စဉ်းစားစရာတွေ ဖြစ်တဲ့ ကွန်ယက်ချိတ်ဆက်မှုက ဘယ်လိုလဲ၊ Screen အရွယ်အစားက ဘယ်လိုလဲ၊ ဘက်ထရီသက်တမ်းကရော အများကြီး အများကြီး စဉ်းစားဖို့ လိုလာပါပြီ။ အဲဒီအတွက် အချက်အလက်တွေကို သူ့နဲ့ သက်ဆိုင်တဲ့ Website တွေမှာသွားရှာ ဥပမာ – Motorola Droid ဆိုရင် သူနဲ့ သက်ဆိုင်တဲ့ Website ကိုသွား အခြား Reviews တွေကိုကြည့် တစ်ခြားဟာတွေလည်း အဲဒီလို တစ်ခုခြင်းစီ လိုက်ကြည့် ပြီးမှ နှိုင်းယှဉ်။ တော်တော် အလုပ်ရှုပ်သွား နိုင်ပါတယ်။ ဆုံးဖြတ်ရလည်း ခက်လာမှာ အသေအချာပါပဲ။ အဲဒီအတွက် Google က နှိုင်းယှဉ်လို့ရမယ့် Android Smartphone အချက်အလက် ဘဏ်တစ်ခုကို တည်ဆောက် ပေးထားပါတယ်။
Google အနေနဲ့ သူ့ရဲ့ Android OS သုံး စမတ်ဖုန်းတွေကို ရိုးရိုးရှင်းရှင်း စုစည်းပေးထားပြီး အလွယ်တကူ နှိုင်းယှဉ်လို့ရအောင်လည်း စီစဉ် ပေးထားပါတယ်။ ကိုယ့်အနေနဲ့ နိုင်ငံအလိုက်၊ ကွန်ယက်အလိုက်၊ ထုတ်လုပ်သူအလိုက် စသည်ဖြင့် တစ်ကြိမ်နှိုင်းယှဉ်ရင် သုံးခု နှိုင်းယှဉ်လို့အောင် စီစဉ်ပေးထားပါတယ်။
အဆိုပါ စျေးကွက်ဟာ Android ချစ်သူတွေအတွက် အင်မတန်အသုံးဝင်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်လက်ရှိ အသုံးပြုနေတဲ့ Android ဖုန်းတွေကို အသစ်ထွက်တာတွေနဲ့ နှိုင်းယှဉ်ချင်တယ် ဆိုရင်လည်း အလွယ်တကူ နှိုင်းယှဉ် လို့ရစေပါတယ်။ Smartphone တွေကလည်း သိတဲ့အတိုင်း အမြဲတမ်း ပြောင်းလဲနေပါတယ်။ Processor တွေရဲ့ အပြောင်းအလဲ အခြား Touch Screen ဆိုင်ရာ အပြောင်းအလဲ တွေကလည်း ရှိနေပါတယ်။ ဒီလို အပြောင်းအလဲတွေ အားလုံးကို တစ်နေရာတည်းမှာ နှိုင်းယှဉ်နိုင်တယ်ဆိုတာ ခုမှ စဝယ်မယ့် အသစ်တွေအတွက်လဲ အဆင်ပြေစေပါတယ်။
လေ့လာချင်တယ် ဆိုရင်တော့ – www.google.com/phone မှာ လေ့လာနိုင်ပါတယ်။
Facebook comments:




Q: Android Smartphone ကို ဘယ်လိုဝယ်မလဲ?
A: Android Smartphone ကို ပိုက်ဆံပေးပြီး ဝယ်လိုက်မှာပေါ့။
2010 standards are
CPU = 1 GHz Snapdragon
RAM = 512 MB or higher
Screen = 800×480 or a little bit higher (standard 3.7 inches)
Android 2.2 with Flash Player (10.1)
2011 standards are supposed to be
dual-core Snapdragon 1.2 or 1.5 GHz or higher
RAM 1GB or higher
Screen = 1280×760 or higher (at least 4.0 inches)
Android 3.0 with Flash Player
ကျနော်အဲဒီဆိုဒ်ကို သွားတာ ဘယ်လိုမှသွားလို့မရဘူးဖြစ်နေတယ်။
ကျနော်ရောက်သွားတာက http://www.google.com/support/android/
အဲဒီ ဆိုဒ်ကိုရောက်သွားပါတယ်။ဘယ်လိုလုပ်လုပ် အဲဒီဆိုဒ်ကိုဘဲ ရောက်သွားပါတယ်။
ဘာဖြစ်တာလဲဆိုတာကြည့်ပေးပါဦး။
အခု Samsung Glaxy S ဆိုတဲ့ Android ဖုန်းထွက်လာပါတယ်။
ကျနော်သူငယ်ချင်းအသုံးပြုနေပါတယ်။
ခက်တာက အဲဒီဖုန်းထဲမှာ Google Search က Default မဟုတ်ဘဲ Bing က Default အဖြစ်နေရာယူထားတယ်။ပြီးတော့ GPS ပြသနာ
သူက Location ကို အမှန်ဘယ်တော့မှမပြဘူး။ တခြားနေရာ ကိုဘဲပြနေတယ်
အဲဒီပြသနာတွေဘယ်လိုလုပ်ရမလဲဆိုတာပြောပေးပါဦ။
ကျေးဇူးတင်လျှက်…….
ကျွန်တော့်မှာတော့ ဝင်တာ အဆင်ပြေတယ်ဗျ ဘာမှမဖြစ်ဘူး၊ တယ်လီဖုန်း ပြဿနာကတော့ ကျွန်တော် မသိဘူးခင်ဗျ သိတဲ့သူများ ဖြေပေးကြပါခင်ဗျာ …
Camera Flash မပါတာကလွဲရင် Samsung Galaxy S (most of the features) ကို တော်တော်ကြိုက်ပါတယ်
Have you checked this http://www.intomobile.com/2010/07/21/t-mobile-samsung-vibrant-galaxy-s-gps-issues-fix-tutorial/ for GPS issue?
You may also check http://www.engadget.com/2010/08/17/samsung-galaxy-s-gps-gate-two-problems-not-one-and-what-to-do/ for GPS problem.
You may also check http://www.engadget.com/2010/08/17/samsung-galaxy-s-gps-gate-two-problems-not-one-and-what-to-do/ for GPS issue.
ဟိုင်း
ကျွန်တော်လည်း Samsung Glaxy S ကို အသဲစွဲဖြစ်နေလို့ ဘယ်လို သုံးသပ် ပြီးမှ ဝယ်ရမယ်ဆိုတာ သိတဲ့သူတွေ လင်းပါဦ..
သန့်စ်
I need Myanmar Font FOR ANDROID OS
myanmar font ka install lode ya dar nal nal top shote dal.rooting a yin lode p top terminal emulator ka nay install lode lite yin ya par p.