JPEG နှင့် ယှဉ်ပြိုင်မည့် Google WebP

အနှစ်နှစ် အလလ သုံးလာခဲ့ကြသော JPEG နေရာမှာ အစားထိုးနိုင်မယ်လို့ ယူဆရတဲ့ Google ရဲ့ Image File Format အသစ်တစ်ခု ဖြစ်တဲ့ WebP ဆိုတဲ့ Format ကို Google က မိတ်ဆက်ပေးလိုက်ပါပြီ။ အဆိုပါ WebP ဟာ Image Format အသစ်တစ်ခု ဖြစ်ပြီး JPEG ထက် ၄၀% ပိုပြီး သေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရည်အသွေးပိုင်းကိုတော့ နဂိုအတိုင်း ရနိုင်မယ်လို့ ဆိုပါတယ်။

အဆိုပါ WebP ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Website တစ်ခုမှာ Loading ရဲ့ ၆၅% နှုန်းလောက်အထိ ရှိတတ်တဲ့ image loading time ကို လျော့ချဖို့ အတွက်ဖြစ်ပါတယ်။

Google က WebP နဲ့ ပတ်သက်ပြီး နှိုင်းယှဉ်ပြထားတာတွေကို ကြည့်ချင်တယ် ဆိုရင်တော့

WebP ကို ပြောင်းလဲပေးနိုင်တဲ့ Converter ကိုတော့ ဒီနေရာမှာ သွားဒေါင်းနိုင်ပါတယ်။ လောလောဆယ်တော့ Linux 64bit တစ်ခုတည်း အတွက်သာ ထွက်သေးပြီး Windows အတွက်လည်း မကြာခင် ရတော့မယ်လို့ ဆိုပါတယ်။

Facebook comments:

Leave a comment


*