Google Instant က ထင်သလောက် မဟုတ်ဘူးလား

Google က သူ့ရဲ့ Search Feature အသစ်ဖြစ်တဲ့ Google Instant ဆိုတာကို ထည့်သွင်းခဲ့ပြီး ဖြစ်ပါတယ်။ Connection နှေးတဲ့ သူတွေ အနေနဲ့ တစ်ခါတစ်ခါမှ သိသာပေမယ့် မြန်တဲ့သူတွေ အတွက်ကတော့ Search မှာ ရိုက်လိုက်တာနဲ့ Search က ထိပ်မှာ တက်ကပ်သွားပြီး ရှာတဲ့ အချက်အလက်တွေကို ချက်ချင်း လိုက်ပြောင်းပြီး ပြပေးနိုင်တာ တွေ့ပါလိမ့်မယ်။ ဒီလို Search လုပ်နိုင်တဲ့ Feature အသစ်က Search လောက တစ်ခုလုံးကို ကိုင်လှုပ်နိုင်လောက်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

SEO Tools တွေကို ထောက်ပံ့ပေးနေတဲ့ Conductor ရဲ့ လေ့လာ စမ်းစစ်ချက်တွေ အရ ဒါပေမယ့် အဲဒီလို အပြောင်းအလဲ မျိုးကတော့ အခု မဖြစ်သေး ပါဘူးတဲ့။ အသုံးပြုသူတွေဖက်က ဘယ်လိုရှာမလဲဆိုတဲ့ အပေါ်မှာတော့ ထူးထူးခြားခြား အပြောင်းအလဲ မဖြစ်သေးပါဘူးလို့ Conductor က ပြောပါတယ်။ ပြောရရင် အရင်တုန်းက ရှာနေတဲ့ ပုံစံမျိုးပဲ ရှိနေသေးပြီး ရှာပေးတဲ့ အချက်အလက်ကို ပြတဲ့နေရာမှာလည်း အရင်အတိုင်းပဲ ရှိသေးတယ်လို့ ဆိုလိုပါတယ်။ အဲဒီလို Instant Search ပုံစံကို ဟိုးအရင် ၂၀၀၅ ခုနှစ်လောက်က Yahoo က မိတ်ဆက်ခဲ့ဖူးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ Service ကို Yahoo က ရပ်တန့်ပစ်ခဲ့ပါတယ်။

Conductor အနေနဲ့ ၈၈၀ ၀၀၀ ပမာဏထက် မနည်းတဲ့ လာလည်တဲ့ အကြိမ် အရေအတွက်ပေါ်မှာ မူတည်ပြီး လေ့လာ ဆန်းစစ်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ တကယ့်ကို လူဝင်အများဆုံး ထိပ်တန်း Website ၁၀ ခုလောက် အပေါ်မှာ အခြေခံပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ Google Instant မတိုင်ခင်က အခြေအနေနဲ့ Google Instant ထည့်သွင်းပြီး နောက်ပိုင်း အခြေအနေတွေကို နှိုင်းယှဉ်ကြည်တဲ့အခါမှာ ထူးထူးခြားခြား ပြောင်းလဲမှု မရှိတာ တွေ့ရပါတယ်လို့ ဆိုပါတယ်။ စကားလုံး တစ်လုံးခြင်းစီကနေ စပြီး စကားလုံးတွေကို တိုးတိုးပြီး ရှာဖွေကြည့်တာ ဖြစ်ပြီး နှိုင်းယှဉ်မှုမှာတော့ ဘာမှ သိပ်မထူးခြားတာ တွေ့ရပါတယ်။

Conductor ရဲ့ စစ်တမ်းအရတော့ Google Instant က ထူးထူးခြားခြား ဘာမှမဟုတ်တာ တွေ့ရပါတယ်။ အသုံးပြုသူတွေရဲ့ ရှာဖွေမှုပုံစံ အမူအကျင့်ကို ထူးထူးခြားခြား ပြောင်းလဲပေးနိုင်စွမ်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် စကားလုံးတစ်လုံးတည်းကို စုပြုံပြီး ရှာတဲ့ သဘောမှာတော့ အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက်ကတော့ စစ်တမ်းထဲမှာ ထည့်သွင်းစစ်ဆေးထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

Google Instant နဲ့ ပတ်သက်ပြီး အဓိက လူပြော အများဆုံးကိစ္စကတော့ Google Instant အနေနဲ့ အဓိက သက်ရောက်မှုရှိမယ့်အပိုင်းက SEO လို့ခေါ်ခဲ့ Search Engine Optimization အပိုင်းပါ။ SEO ဆိုတာ Google လို Search Engine တွေ အနေနဲ့ ကိုယ့် Website ကို ကောင်းကောင်း သိအောင် ကောင်းကောင်း နာလည်အောင် ဖန်တီးရတဲ့ အပိုင်း ဖြစ်ပါတယ်။ အရင်တုန်းကလို Word တစ်ခုလုံး ပြီးမှ ရှာတဲ့ပုံစံမဟုတ်ပဲ Word တစ်ခုပြောင်းတိုင်း လိုက်ပြောင်းနေတဲ့အတွက် SEO ပုံစံမှာ ပြောင်းလဲမှုတွေ ရှိနို်င်တယ်လို့ ဆိုပါတယ်။ အရင်လို Word တစ်ခုခြင်းစီ ဂရုစိုက်ရုံနဲ့ မလုံလောက်တော့ပဲ Connected Word တွေအထိပါ၊ ပြောင်းလဲသွားတဲ့ စကားလုံးတွေအပေါ်မှာပါ လိုက်ပါစဉ်းစားရတော့မယ့် အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Google Instant နဲ့ ပတ်သက်ပြီး ဝေဖန်နေတာတွေကိုတော့ စောလွန်းနေသေးတယ်လို့ ဆိုကြပါတယ်။ Instant Search အနေနဲ့ အသုံးပြုသူတွေရဲ့ ရှဖွေမှုပုံစံတွေကို ပြောင်းလဲပေးနိုင်မလား၊ SEO အပေါ်မှာ သက်ရောက်မှု ပြင်းထန်မလားဆိုတာကိုတော့ အချိန်ပေး စောင့်ကြည့်ရဦးမယ်လို့ သိရပါတယ်။

Facebook comments:

2 Responses

  1. Nice Research !!! Bro
    Go on !!!

  2. away says:

    Research လေးကတော့မဆိုးပါဘူး။ ဒါပေမယ့်လက်တွေ့ဆန်ဖို့တော့လိုပါသေးတယ်။ Google Instant ဟာ အလုပ်ဖြစ်မဖြစ် ကျွန်တော်လိုက်မေးဖူးပါတယ်။ တော်တော်များများကတော့ကြိုက်ကျတာပါပဲ။ သူ့ရဲ့ကြေငြာချက်ထဲမှာတော့ ဥရောပနိုင်ငံအများစုသာ အခုလောလောဆယ်အဆင်ပြေနိုင်တဲ့အကြောင်းဖော်ပြထားပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာသိပ်ပြီး သုံးလို့မရသေးတာဟာ ထူးဆန်းတဲ့ကိစ္စလို့မဆိုနိုင်ပါဘူး။ အနည်းငယ်သုံးလို့ရတာကိုပဲ ကျေးဇူးတင်ရမှာပါ။

Leave a comment


*